Welcome to my blog :)

rss

Wednesday, May 4, 2011

ကပ်ဘေးကျချိန်များတွင် ဆိုရှယ်မီဒီယာများအသုံးဝင်



ဆစ်ဒ်နီ - မကြာသေးခင်က ကြုံတွေ့ခဲ့ရသည့်သဘာဝဘေးဆိုးများကို အကြောင်းပြုပြီး 'ကိုယ်ချင်းစာနာတတ်မှုဆိုသည့် စိတ်ဓာတ် ကောင်းတစ်မျိုး'ကိုအားရကျေနပ်ဖွယ် တွေ့မြင်ခဲ့ရကြောင်းနှင့် သဘာဝဘေးအန္တရာယ်များကျရောက်ခဲ့သည့် ကာလများတွင် ဆိုရှယ် မီဒီယာ အသုံးပြုမှု ပိုများလာကြောင်း ဩစတြေးလျနိုင်ငံရှိ အနောက်ဆစ်ဒ်နီ တက္ကသိုလ်မှ 'သောကြာ' သုတေသနအဖွဲ့က ထုတ်ဖော် ပြောဆိုလိုက်သည်။
သဘာဝဘေးဒဏ် ကျရောက်နေချိန် ဆိုရှယ်မီဒီယာအသုံးပြုနှုန်းကို ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ ဂွင်းနက်ဟောင် ၀ဲလ် က ပြီးခဲ့သည့် နှစ်တွင်ဖြစ်ပွားခဲ့သည့် နယူးဇီလန်နိုင်ငံ၏ဒုတိယမြို့တော် ခရိုက်စ်ချာ့ခ်ျမြေငလျင် အပြီးတွင် စတင်လေ့လာခဲ့ သည်ဟုဆိုသည်။ ယင်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိသော်လည်း သေကျေပျက်စီးမှုမရှိဟု သိရသည်။
ဩစတြေးလျနိုင်ငံမှ တက္ကသိုလ် သုတေသန အဖွဲ့တစ်ဖွဲ့သည် အဆိုပါမြေငလျင်ဘေးအန္တရာယ် အပြီးတွင်ကွင်းစလန်း ရေလွှမ်းမိုး မှုနှင့် ဆိုင်ကလုန်း မုန်တိုင်းဘေး၊ အနောက် ဩစတြေးလျမှ တောမီးလောင်မှုများ၊ အသေအပျောက်များသည့် ခရိုက်စ်ချာ့ခ်ျ ငလျင် ဒဏ်ဘေး၊ ဂျပန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့်ငလျင်နှင့် ဆူနာမီဘေးများထပ်မံကြုံတွေ့ရဦးမည်ကို မသိဘဲအဆိုပါလေ့လာမှုကို ကြိုတင် ဆောင်ရွက်ခဲ့ကြသည်ဟုဆိုသည်။
"ဖေ့စ်ဘွတ်ခ်နဲ့ ဆိုရှယ်မီဒီယာတွေ ကြောင့်သာ ကပ်ဆိုးဘေးခံရသူတွေကို အချိန်နဲ့တစ်ပြေးညီ ကူညီနိုင်တာပါ။ဒါတွေက သိပ်ကိုအား ကိုးရတဲ့ အရင်းအမြစ်တွေပေါ့ " ဟုဆိုသည်။
ဖေ့စ်ဘွတ်ခ်၊ တွစ်တာတို့ကဲ့သို့ ဆိုရှယ်မီဒီယာများကို သဘာဝဘေးဆိုး ခံနေရစဉ်အတွင်း လူအများ အသုံးပြုပုံကို ဟောင်ဝဲလ်က သုတေသနပြုနေဆဲဖြစ်ပြီးအဆိုပါ ကြားခံဆက်သွယ်ရေးကို ထိထိရောက်ရောက် အသုံးချနိုင်မည့်နည်းကိုလည်း ရှာဖွေနေသည်ဟု သိရသည်။
"လူတွေဟာ ရုပ်မြင်သံကြားက လွှင့် တဲ့သတင်းတွေကို ကြည့်ကြသလို ဖေ့စ် ဘွတ်ခ်လို ဆိုရှယ်မီဒီယာတွေကိုလည်း အပြေးအလွှား ဖွင့်ကြည့်ကြတယ်"ဟု ၎င်းကပြောကြားသည်။
ထို့ပြင် ကွင်းစလန်ွးှသသတသသာဘေ မြို့ ရေဘေးမှ လူအများ ရေထဲမျောပါ သွားပုံများကို ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြ ထားရာ မြင်လိုက်ရသူ အပေါင်းမှာရေဘေးနှင့်ပတ်သက်သည့် အတွေ့အကြုံများကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရသွားကြကြောင်းနှင့် သတင်းမီဒီယာများ မှ ယင်းအတွေ့အကြုံများကို မရနိုင်ဟု ဟောင်ဝဲလ်က ဆိုသည်။
ပြီးခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့သည့် ပြင်းအားအဆင့် ၉ ရှိ ဂျပန်ငလျင်နှင့် ဆူနာမီနှင့်ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာတို့ တွင် နောက်ဆုံးသတင်း များကို ဖော်ပြပေးထားသည့်အပြင် အကူအညီပေးရေး ၀က်ဘ်ဆိုက်များနှင့် အခြေအနေအရပ်ရပ်ကို သတင်းပေးပို့မှု ကဏ္ဍကိုလည်း ဖွင့်လှစ်ပေးထားရာ ယင်းမှာ အလွန်ကောင်းသည့် အသိစိတ်ဓာတ်ဖြစ်ပြီး ကမ္ဘာလောကအတွက် မရှိမဖြစ်လိုအပ်သည်ဟု ဟောင်ဝဲလ်က ပြောကြားသွားသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ