Welcome to my blog :)

rss

Wednesday, May 4, 2011

လေကြောင်းလိုင်းများမှ ပြည်တွင်းသင်တန်းဆင်းလုပ်သားများ ပိုမိုခေါ်ယူလာ



ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများမှ ပြည်တွင်းသင်တန်းဆင်း လူငယ်များကို လေယာဉ်အမှုထမ်းအဖြစ် ခေါ်ယူမှု ပိုမိုများလာ ကြောင်း Star Resources ဟိုတယ်ဆိုင်ရာ ပုဂ္ဂလိက သင်တန်းကျောင်း အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်နေရီအောင်က ပြောသည်။
"အခု ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၁ အကူးအပြောင်းကာလ အတွင်းမှာ ပြည်တွင်းရော ပြည်ပ လေကြောင်းလိုင်းတွေက ၀န်ထမ်းတွေ ပိုခေါ်လာတာ တွေ့ရပါတယ်။ ပြည်ပလေကြောင်းလိုင်းတွေကဆိုရင် တစ်နှစ်မပြည့်ခင် အတွင်းမှာ ပုံမှန်ထက်ခေါ်ယူမှုက နှစ်ဆ နီးပါးလောက်အထိ ရှိလာတယ်။ Receptionist & Flight Attendant Course သင်တန်းအောင်ထားတဲ့ ကလေးတွေ သူတို့တတ် မြောက်တဲ့ ဘာသာစကားကျွမ်းကျင်မှုအပေါ်မှာ မူတည်ပြီး အလုပ်တွေပိုရလာကြတယ်။ စမတ်ကျမယ်။ အလုပ်အကိုင်အပေါ်ထားတဲ့ စိတ်နေသဘောထားတွေ မှန်တယ်ဆိုရင် ခန့်ကြတယ်"ဟု ဒေါ်နေရီအောင်က ပြောသည်။
၂၀၀၉ ခုနှစ်မတိုင်ခင် ပြည်ပလေကြောင်းလိုင်းများမှာ ၀န်ထမ်းခေါ်ယူမှု များသည် အင်္ဂလိပ်ဘာသာစကားအပြင် အခြားနိုင်ငံခြား ဘာသာစကား တစ်မျိုးပါ တတ်မြောက်ရန်လိုအပ်ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း ခေါ်ယူမှုများတွင် အင်္ဂလိပ်ဘာသာတစ်မျိုးတည်း တောင်းဆိုခေါ်ယူမှုများ ရှိလာသည်ဟု ၎င်းက ဆိုသည်။
"အရင်ကဆို ပြည်ပလေကြောင်းလိုင်းတွေကခေါ်ရင် အင်္ဂလိပ်စာ ကောင်းရမယ်။ ပြီးတော့ တခြားဘာသာ စကားပေါ့။ အခု ၂၀၀၉ ၊ ၂၀၁၀ မှာတော့ အင်္ဂလိပ်စကားတစ်ခုတည်း တောင်းတယ်။ အရပ်ကတော့ ၅ ပေ ၄ နဲ့အထက်၊ အသက်ကတော့ အရင်က ၂၅ နှစ် အောက် တောင်းတယ်။ နောက်တော့ အသက်ကို ၂၇ နှစ်အောက်ဆိုပြီး တောင်းတယ်။ အခု ထူးထူးခြားခြား ၃၅ နှစ်အောက်ဆိုပြီး တောင်းလာတယ်" ဟု ဒေါ်နေရီအောင်က ပြောသည်။
၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် ပြည်ပလေကြောင်းလိုင်းများမှ မြန်မာလူငယ်များကို နှစ်လ၊ သုံးလလျှင် တစ်ကြိမ်ခန့် လာရောက်ရှာဖွေ ခေါ်ယူကြပြီး ၂၀၁၁ ခုနှစ်အကူးတွင် ပိုမိုလာကာ အများစုမှာ အမျိုးသမီးများဖြစ်သော်လည်း အမျိုးသားများပါ ခေါ်ယူလာကြသည်။
နိုင်ငံတကာလေကြောင်းလိုင်းများတွင် လေယာဉ်မောင်၊ လေယာဉ်မယ်များအဖြစ် လုပ်ကိုင်ရသူများသည် တစ်လလျှင် အမေရိကန် ဒေါ်လာ ၈၅၀ မှ ၂,၀၀၀ ၀န်းကျင်အထိ ရရှိသည်။
"ကျွန်မ ကာတာအဲဝေးမှာ ၂၀၀၆ ခုနှစ် ကနေ ၂၀၀၉ ခုနှစ်အထိ လုပ်ခဲ့တယ်။ အခြေခံလစာ ၅၀၀ ကျော် ၆၀၀ နီးပါး။ လစာရတဲ့ပုံစံက Flying Hour အလိုက် ထပ်ရတာမျိုးတွေရှိတယ်။ အဲဒီမှာလည်း ကိုယ်တာဝန်ထမ်းဆောင်ရတဲ့ Class အလိုက်ရတဲ့ နှုန်းထားတွေက မတူဘူး။ Mail Allowance ရတာကျတော့လည်း ဘေ့စ်ခံတဲ့နိုင်ငံမှာဆိုရင် တစ်မျိုး၊ တခြားနိုင်ငံရောက်နေတဲ့ အချိန်ဆို အဲဒီနိုင်ငံတွေ အလိုက် သတ်မှတ်ထားတဲ့အတိုင်း ရတယ်။ "အင်တာဗျူးမှာ အင်္ဂလိပ်စာ အဓိက ကြည့်တယ်။ နောက်ခံလုပ်ကိုင်ခဲ့ဖူးတဲ့ အလုပ်အကိုင် အတွေ့အကြုံကို ကြည့်တယ်။ လူတွေနဲ့ဆက်ဆံတဲ့ အလုပ် အကိုင်အတွေ့အကြုံမျိုးတွေရှိတာမျိုး။ ဆိုက်ကိုယ်တက်စ်လိုဟာမျိုး တွေလည်း စစ်ဆေးတယ်"ဟု ကာတာအဲဝေးတွင် လုပ်ကိုင်ခဲ့ဖူးသည့် မြန်မာအမျိုးသမီး တစ်ဦးက ပြောသည်။
မြန်မာလူငယ်များကို အများဆုံး ခေါ်ယူသည့် ပြည်ပလေကြောင်းလိုင်းများမှာ ဘရူနိုင်း၊ အိုမန်၊ မလေးရှား၊ ဆစ်ခ်အဲ၊ အဲအေရှား တို့မှဖြစ်ပြီး ယခု နှစ်အတွင်း ပြည်တွင်းလေကြောင်း လိုင်းသစ်များ ထပ်မံပေါ်ထွက်လာ သည့်အတွက် ၎င်းတို့ကလည်း ခေါ်ယူ နေကြောင်း သိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ