Welcome to my blog :)

rss

Wednesday, May 4, 2011

လေသွင်းလက်နက်ပုံတူများ ရုရှားက တီထွင်ထုတ်လုပ်နေ




မော်စကိုမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၆၀ အကွာတွင် ခေါက်ကိုဗိုမြို့ရွာရှိ ရပ်စ်ဘဲလ်ကုမ္ပဏီ အလုပ်ရုံတွင် လေမှုတ် တင့်ကားတစ်စီးနှင့် ၀န်ထမ်းတစ်ဦးကို တွေ့မြင်ရစဉ်။ ၎င်းကုမ္ပဏီက နဂိုမူလအရွယ်အစားရှိသည့် လေယာဉ်၊ တင့်ကား နှင့် ဒုံးကျည်များကို ရန်သူ မျက်စိလည်အောင် စစ်ပွဲတွင်အသုံးပြု ရန်တီထွင်ထားသည်။ ဓာတ်ပုံ - အေအက်ဖ်ပီ
အယ်လ်လိစ်မီနန်
ခေါ့ကိုဗို(ရုရှား) - သူတို့ကို ကြည့်လိုက်ရင် တကယ့်တင့်ကားတွေ၊ ဒုံးပျံ တွေ အတိုင်းပဲ။ ဒါပေမယ့် ရုရှားလက်နက် တိုက်မှ လက်နက်တချို့ဟာ သူတို့ကို မြင်ရသလိုမဟုတ်ဘူး။
ကြည်းတပ်အတွက် လေသွင်းထားတဲ့ပုံတူတွေတိုးပြီး လုပ်ပေးနေရ တယ်။ အလားအလာရှိတဲ့ ရန်သူတွေကို လှည့်ဖြားဖို့အတွက် ဉာဏ်နီ ဉာဏ်နက်သုံးပြီး၊တည်ကြက်တွေကိုချထားပြတယ်။
မော်စကိုမြို့ ဆင်ခြေဖုံးမှာရှိတဲ့ ခေါ့ကိုဗိုအရပ်က အလုပ်ရုံတစ်ရုံဟာ လေသွင်းပစ္စည်းတွေထုတ်လုပ်တဲ့ ရပ်စ်ဘောကုမ္ပဏီဖြစ်တယ်။ သူတို့ရဲ့ အဓိကဖောက်သည်ဖြစ်တဲ့ ရုရှားတပ်မတော်အတွက် လက်နက်အတု တွေကို ချုပ်လုပ်ဖန်တီးပေးနေကြရတယ်။
စစ်ပစ္စည်းပုံတူတွေထုတ်လုပ်ပေးနေ တဲ့ ရပ်စ်ဘောကုမ္ပဏီကို ၁၉၉၃ ခုနှစ်ကထူထောင်ခဲ့ပါတယ်။တီ-၈၀ တင့်ကား တွေ၊ အက်စ်-၃၀၀ ဒုံးပျံ တွေ၊ ဂျက်တိုက်လေယာဉ်တွေလို ပစ္စည်းမျိုးကို ချုပ်လုပ်ပေးရတယ်။ ဈေးနှုန်းကတော့ ဖော်ပြခြင်းမရှိပါဘူး။ ဒါပေမယ့် လေသွင်းရဲတိုက်ကြီး တွေနဲ့ တခြားကလေးကစားစရာပစ္စည်းတွေကိုလည်းထုတ်လုပ်ပါတယ်။
"ဒီစက်တွေဟာ ရန်သူကို လှည့်စား တဲ့နေရာမှာ ထိရောက်တယ်။ သူတို့ဟာတကယ့်အစစ်အမှန်ပစ္စည်းတွေကို ကာကွယ်ပေးတယ်"လို့ ရပ်စ်ဘောစက်ရုံညွှန်ကြားရေးမှူး ဗစ်တာ တာလာနော့ဗ်ကအေအက်ဖ်ပီ ကို ပြောပါတယ်။
"ဒီလိုနည်းပညာမျိုးဟာ စစ်တပ်မှာ ရှိနေတာကြာပါပြီ။ ဒုတိယကမ္ဘာစစ်ကတည်းကပါ"လို့လည်း သူကပြောပါတယ်။
မကြာခင်က ဥပမာတစ်ခုပေးရမယ် ဆိုရင် ဆားဘီးယားတပ်မတော်ဟာ ၁၉၉၉ ခုနှစ်က နေတိုးတပ်ဖွဲ့တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ခံနေရစဉ်တုန်းက အလားတူ တည်ကြက်တွေကို အသုံးပြုခဲ့ပါတယ်။
မဟာမိတ်တပ်ဖွဲ့တွေဟာ သူတို့ထင်သလောက် ပစ်မှတ် အစစ်အမှန်တွေကို မဖျက်ဆီးနိုင်ခဲ့ကြဘူး။ တာလာနော့ဗ်က စစ်တပ်အတွက် အခုလို လုပ်ပေးရတာဟာ သူ့အဖေ ကြောင့်လို့လည်း ဆိုပါတယ်။ ရပ်စ်ဘောအမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ သူ့အဖေ ဟာ ဆိုဗီယက် ခေတ်က စစ်တပ် စက်မှုလုပ်ငန်းမှာ လုပ်ကိုင်ခဲ့ပါတယ်။ နောက်တော့ ရုရှားတပ်မတော်နဲ့ အဆက် အသွယ်ရခဲ့ပါတယ်။
"ဒီလိုနည်းပညာတွေနဲ့ စစ်မြေပြင် ပြဿနာတွေကို ကျွန်တော်တို့ ဖြေရှင်း နိုင်လိမ့်မယ်လို့ သူသတိထားမိလာတယ်"တင့်ကားအစစ်နဲ့ အတုကို ခွဲခြားဖို့ သိပ်ခက်တယ်လို့ ရပ်စ်ဘောကုမ္ပဏီမှ ၀န်ထမ်းတွေက ဂုဏ်ယူဝင့်ကြွားစွာ ပြောပါတယ်။ ဥပမာအနေနဲ့ သူတို့ ထုတ် လုပ်လိုက်တဲ့ပစ္စည်းတွေဟာ လက်နက်တွေထုတ်လုပ်တဲ့ အပူချိန် အတိုင်းရှိတယ်။
"၁၀ ထပ်အမြင့်ရှိတဲ့ တိုက်ပေါ်က ကြည့်ရင် တင့်ကားအစစ်နဲ့အတု ယှဉ်ရပ်ထားရင် ခွဲခြားလို့မရဘူး။ ကျွန်တော်တို့စက်တွေကလည်း တူညီတဲ့ အငွေ့တွေကိုပဲလွှတ်တယ်။ ရေဒီယို လှိုင်းတွေဟာလည်း တင့်ကားအစစ်က ရေဒီယိုလှိုင်းတွေနဲ့ အတူတူပဲ"လို့ ရပ်စ်ဘောက
နည်းပညာကျွမ်းကျင်သူ လီယူမီလာစတတ်ပါနိုဗာက ပြောပါတယ်။
နောက်ထပ် အားသာချက်တစ်ခုက အဲဒီအတုတွေကို ချထားရ လွယ်ကူ တယ်။ တင့်ကားတစ်စီးကို မိနစ်ပိုင်း အတွင်း လေသွင်းလို့ရ တယ်။ ရပ်စ်ဘောအဆိုအရ ရုရှားနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ လက်နက်အတု တွေဟာ တရုတ်၊ ကနေဒါစတဲ့နိုင်ငံတွေထက် ပိုမိုတီထွင်မှုရှိတယ်။ ဖွံ့ဖြိုးတိုး တက်မှုပိုရှိတယ်လို့သိရတယ်။
ရုရှားတို့ တီထွင်ထုတ်လုပ်တဲ့ တင့်ကားအတုဟာ ကီလို ၉၀ သာ အလေးချိန်ရှိပြီး ဥရောပကထုတ်လုပ်တဲ့တင့်ကားအတုဟာ ကီလို ၃၀၀ အလေးချိန်ရှိတယ်။
"ပုံစံတစ်ခုကို ကျွန်တော်တို့ လေမဖြည့်မီ ဖျာတစ်ချပ်လို ခေါက်ထားလို့ရတယ်။အခုတော့ တင့်ကားအတုထဲ လေကိုအဆက်မပြတ် သွင်းလို့ရပြီ။ ဒါကြောင့်မို့ ပိုမိုပေါ့ပါးတဲ့ ပစ္စည်းတွေကိုကျွန်တော်တို့သုံးနိုင်တယ်။ အဲဒီပစ္စည်း တွေကို မြန်မြန်လေထိုးသွင်းနိုင်တယ်။ ထိခိုက်ရှမှုကိုလည်း ပိုမိုခံနိုင်ရည်ရှိတယ်"လို့ တာလာနော့ဗ်ကပြောတယ်။
စစ်တပ်တင့်ကားအတုတွေကို ဘယ် နေရာမှာ ဘယ်လို သုံးတယ်ဆိုတာ သူမသိပါဘူးဟုလည်း ၀န်ခံတယ်။ ပဋိပက္ခဖြစ်နေတဲ့ အခြေအနေမှာ ဒါတွေကိုသုံးတယ်လို့ သူယုံကြည်ကြောင်းလည်း ပြောတယ်။
သက်တမ်းလွန်နေပြီဖြစ်တဲ့ ခေတ်မမီတော့တဲ့ ပစ္စည်းတွေနဲ့ တပ်ဆင်ထားတဲ့ယိုယွင်းနေတဲ့စစ်တပ်ကို ခေတ်မီအောင်ပြုလုပ်မယ်လို့ ကရင်မလင်က ထပ်ခါ တလဲလဲ သန္နိဋ္ဌာန်ပြုထားတယ်။
ရုရှားနိုင်ငံဟာ အနောက်တိုင်းက စစ်ရေးအရကြီးစိုးမှုကို တုံ့ပြန်တဲ့အနေနဲ့ဒေါ်လာ ၆၅၀ ဘီလျံဖိုး လက်နက် တပ်ဆင်ရေးအစီအစဉ်ကို ဖေဖော်ဝါရီ လက စတင်ခဲ့တယ်။ နျူကလီးယား ရေငုပ်သင်္ဘောရှစ်စင်းနဲ့ စစ်လေယာဉ်ရာပေါင်းများစွာ ၀ယ်ယူဖြည့်တင်းသွား မှာဖြစ် တယ်။
ရုရှားနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်က ကာကွယ်ရေးအသုံးစရိတ်ကို သုံးဆတိုးကာ ရူဘယ် ၁၉ ထရီလျံ(ဒေါ်လာ ၆၁၃ဘီလျံ)ကိုလာမယ့်ဆယ် စုနှစ်အတွက် သုံးစွဲမယ်လို့ ကြေညာခဲ့တယ်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ