Welcome to my blog :)

rss

Wednesday, May 11, 2011

ဘင်လာဒင် ရုပ်အလောင်း ဓာတ်ပုံကို ထုတ်ပြန်မည် မဟုတ်ဟု အိုဘားမား ပြောကြား

w63210
မေလ ၆ ရက်နေ့က ကင်းဘဲလ်စစ်စခန်းတွင် မိန့်ခွန်းပြောနေသည့် ဘာရက်အိုဘားမား
အယ်လ်ကေးဒါး ခေါင်းဆောင် ဘင်လာဒင် ရုပ်အလောင်း ဓာတ်ပုံကို ထုတ်ပြန်ပေးမည် မဟုတ်ဟု အိုဘားမားက မေ ၅ ရက်တွင် အတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။
ခေါင်းတွင် သေနတ်မှန်ခဲ့သူ တစ်ဦး၏ ရုပ်အလောင်းဓာတ်ပုံများကို ထုတ်ပြန်ခြင်းဖြင့် အကြမ်းဖက်မှု ထပ်မံဖြစ်ပေါ်စေရေး အတွက် အားပေးသလို ဖြစ်မည်ကို မလိုလားကြောင်း၊ ယင်းအောင်ပွဲကို ၀ါဒဖြန့်ကိရိယာ တစ်ခုအဖြစ် အသုံးမချလိုကြောင်း အိုဘားမားက CBS ရုပ်သံအစီအစဉ် 60 Minutes သို့ ပြောကြားခဲ့သည်။
ဘင်လာဒင် တကယ် သေ၊ မသေကို ဓာတ်ပုံထုတ်ပေးခြင်း မရှိသောကြောင့် မယုံကြည်လိုသူများ ရှိခဲ့သော်လည်း ဘင်လာဒင်၏ အယ်လ်ကေးဒါး အဖွဲ့နှင့် အနီးစပ်ဆုံး မဟာမိတ် တာလီဘန်တို့ကပါ အတည်ပြုလိုက်ပြီ ဖြစ်သည်။
ဓာတ်ပုံ ထုတ်ပြန်ပေးလျှင်ပင် မယုံသူက ပုံအတုဟု ပြောနိုင်ရာ လူတစ်ယောက် သေဆုံးခြင်းအတွက် ဓာတ်ပုံတစ်ပုံတည်းဖြင့် အတည်မပြုနိုင်ခြင်းကြောင့် မထုတ်ပြန်ခြင်းကို ထောက်ခံသူများ ရှိနေသလို ပုံကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုသူများလည်း ရှိနေသည်။
အယ်လ်ကေးဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကို အသေဖမ်းမိပြီး လေးရက်အကြာ မေ ၅ ရက်တွင် အမေရိကန်သမ္မတ အိုဘားမားသည် မန်ဟက်တန်ရှိ မီးသတ်ဌာနသို့ သွားရောက်ကာ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။
''ကျွန်တော်တို့ ဘယ်တော့မှ မမေ့ဘူးလို့ ပြောတယ်ဆိုရင် ပြောတဲ့ အတိုင်းပဲ မေ့မှာမဟုတ်ဘူး''ဟု အိုဘားမားက အမေရိက၏ ရန်သူများကို ရည်ညွှန်းပြီး မီးသတ်ဌာနတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦ ညီနောင်မျှော်စင် ပြိုကျမှုတွင် မန်ဟက်တန်ရှိ Engine company 54 မီးသတ်ဌာနမှ မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့သည်။ အိုဘားမားသည် ယင်းညီနောင်မျှော်စင်နေရာတွင် အသစ် ပြန်ဆောက်နေသည့် Ground Zero သို့ သွားရောက်ကာ သေဆုံးခဲ့သူများအတွက် အောက်မေ့ဖွယ် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သေဆုံးခဲ့သူများ၏ မိသားစုဝင်များနှင့်လည်း သီးခြားစီ တွေ့ဆုံခဲ့သည်။
မေလ ၆ ရက်နေ့တွင် အိုဘားမားသည် အာဖဂန်မှ မကြာသေးမီက ပြန်လာသော တပ်ဖွဲ့ဝင် ၂၃၀၀ နှင့်လည်း ကင်တက်ကီပြည်နယ်ရှိ ကမ့်ဘဲလ်စစ်စခန်းတွင် တွေ့ဆုံခဲ့သည်။ ကမ့်ဘဲလ်စခန်းတွင် ဘင်လာဒင်ခိုအောင်းရာ ခြံဝင်းကို ၀င်ရောက်စီးနင်း ခဲ့သည့် Navy Seal အထူးတပ်ဖွဲ့ အမှတ်(၆)မှ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။
Operation Neptune Spear ဟု အမည်ပေးထားသော စစ်ဆင်ရေးတွင် ပါဝင်ခဲ့ကြသူများက အိုဘားမား က သမ္မတ၏ Presidential Unit Citations ဆုတံဆိပ် ချီးမြှင့်ခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ