Welcome to my blog :)

rss

Wednesday, May 11, 2011

ဓာတ်ပုံတစ်ပုံက ပြောသောသမိုင်း

w63211
Flicker ဓာတ်ပုံဝက်ဘ်ဆိုက်တွင် လူကြည့်အများဆုံး ဖြစ်ခဲ့သော ဤဓာတ်ပုံသည် သမိုင်းဝင်သွားခဲ့ပြီ ဖြစ်သည်။ စစ်ဆင်ရေးကို တိုက်ရိုက် ကြည့်ရှုနေကြသော အမေရိကန်သမ္မတနှင့် တာဝန်ရှိသူများ၏ ဓာတ်ပုံသည် လူမျိုးရေးအခန်းကဏ္ဍ၊ အမျိုး သမီးများ၏ အခန်းကဏ္ဍနှင့် အမေရိကန်သမ္မတ ဆိုသော ပြယုဂ်တို့နှင့် ပတ်သက်သော နိုင်ငံ၏ သဘောထား ၂၁ ရာစုတွင် မည်သို့ ရှိနေပြီကို ဖော်ပြသည်ဟု သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသိပ္ပံပညာရှင်များက သုံးသပ်သည်။
လူမည်းတစ်ယောက်က ကာကွယ်စောင့်ရှောက်သူ အကြီးအမှူး ဖြစ်လာခြင်း
အမေရိကန်သမိုင်းတွင် တစ်ခေတ်တစ်ခါက လူမည်းတို့သည် ဒေါသကြီးသော ပြဿနာတို့ကို ဖန်တီးသော အကြမ်းဖက်မှုတို့ကို ဖြစ်စေသော သူများအဖြစ် သရုပ်ဖော် ခံခဲ့ရသည်။ ယခု Situation Room အတွင်းမှပုံတွင်မူ လူမည်းတစ်ဦးသည် နိုင်ငံကို ကာကွယ်စောင့်ရှောက်သူ အကြီးအမှူးအဖြစ် ရှိနေသည်ဟု ခံစားမိစေပြီး လူဖြူအမေရိကန်တို့၏ လူမည်းတို့အပေါ် ထားရှိသည့် သဘောထားကိုပါ အကောင်းဘက်သို့ ပိုရောက်လာစေခဲ့သည်ဟု သုံးသပ်ကြသည်။
အာဏာ၏ဗဟိုချက်မှ အမျိုးသမီး
အမြင့်ဆုံးအာဏာ ရှိကြသော စစ်ဘက်နှင့် အရပ်ဘက်ခေါင်းဆောင် အမျိုးသားများ အလယ်တွင် ထီးထီးကြီး ရှိနေသော ဟီလာရီသည် အနောက်ကမ္ဘာတွင် အမျိုးသမီးတို့၏ အခန်းကဏ္ဍကို ဖော်ပြနေသည်။ ယင်းပုံကို နော်မန်ဒီ ကမ်းတပ်တိုက်ပွဲ အောင်ပွဲပုံ (သို့မဟုတ်) အီဝိုဂျီးမား ကမ်းတက်တိုက်ပွဲ အောင်ပွဲပုံတို့နှင့် နှိုင်းယှဉ်နိုင်သည်။ အမေရိက၏ စစ်ဘက် အောင်ပွဲပုံများတွင် အမျိုးသမီးတို့၏ပုံ မပါရှိခဲ့။ သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ကျူးဘား ဒုံးပျံအရေးအခင်းကာလ ဓာတ်ပုံတွင်လည်း အိမ်ဖြူတော်တွင် ယူနီဖောင်းဝတ်များနှင့် မေးရိုးကားကား အမျိုးသားများ ၀န်းရံနေပုံကိုသာ တွေ့ခဲ့ရသည်။
ယခုပုံတွင် မူဟီလာရီနှင့်အတူ အကြမ်းဖက်မှု တိုက်ဖျက်ရေးညွှန်မှူး အော်ဒရေတိုမာဆင်ကိုပါ မြင်တွေ့ရပြီး အမျိုးသမီးနှစ်ဦးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပြီ ဆိုခြင်းကို ဖော်ပြနိုင်ခဲ့သည်။
သမ္မတ၏ ဂုဏ်မာန်ကြီးဟန်
အမေရိကန်သမ္မတ အစဉ်အဆက်သည် ကိုယ့်ပုံစံနှင့်ကိုယ် မိမိတို့၏ ဂုဏ်မာန်ကြီးဟန်ကို ဖန်တီးလေ့ရှိသည်။ သီအိုဒိုရုစဗဲ့လ်က အမဲလိုက်ထွက်သည့်ဟန်ကို ယူသည်။ရော်နယ်ရေဂင်က ကောင်းဘွိုင်ဦးထုပ်နှင့် စတိုင်ရှိသလို ဂျော့ဒဗလျူဘုရှ်က လည်း လေယာဉ်တင် သင်္ဘောပေါ် သွားသောအခါ လေယာဉ်မှူးဝတ်စုံနှင့် ဖြစ်သည်။ သမ္မတတို့၏ ဂုဏ်မာန်သည် လူပုံအလယ်တွင် ထင်ရှားစေလေ့ ရှိသည်။ ဖရန်ကလင်ရုစဗဲ့လ်တွင် ပိုလီယိုရှိသလို ကနေဒီသည်လည်း နှစ်နာရီထက် ပိုမရပ်နိုင်။ သို့ပေမဲ့ သမ္မတတို့သည် ဂုဏ်မာန်ပျောက်နေသောပုံကို ထုတ်ပြန်ပေးလေ့ မရှိခဲ့ကြ။ ယခုပုံတွင်မူ အိုဘားမားကို မသိသူသည် သမ္မတဟုပင် ထင်စရာ မရှိ။ အမြင့်ဆုံးခုံတွင် ထိုင်မနေသလို၊ ဗဟိုချက်တွင် ရှိမနေ။  မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် ခေါင်းဆောင်မှု အတွက် မည်သည့်နေရာတွင် ရပ်နေ၊ ထိုင်နေသည်က အရေးမကြီးတော့သည် ဆိုခြင်းကိုလည်း ဖော်ပြနေသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ