Welcome to my blog :)

rss

Wednesday, May 11, 2011

ဘင်လာဒင်၏ဇနီး ပြောပြသော ဘင်လာဒင် အကြောင်း

ဘင်လာဒင်အား စီးနင်းချေမှုန်း အပြီး ပါကစ္စတန် ထောက်လှမ်းရေး အရာရှိများသည် အမ်မာလ်အာမက် အယ်လ်ဆာဒါး အပါအ၀င် ဘင်လာဒင်၏ ဇနီးသုံးဦးကို စစ်ဆေးမေးမြန်းခဲ့ကြသည်။ ဘင်လာဒင်အား စီးနင်းစဉ် ဖမ်းဆီးမိခဲ့သော ဘင်လာဒင် ဇနီးများ၏ ထွက်ဆိုချက်အရ ဘင်လာဒင် ငါးနှစ်တာကာလ အတွင်း အခန်းနှစ်ခန်းမှလွဲ၍ အခြားနေရာများတွင် မနေခဲ့ကြောင်း သိရသည်။
အမေရိကန် အထူးတပ်ဖွဲ့ဝင်များ ဘင်လာဒင်အား စီးနင်း တိုက်ခိုက်စဉ် ခြေသလုံး၌ သေနတ်ထိမှန်ခဲ့သော အသက် ၂၉ နှစ်အရွယ် ဆာဒါးက သူမသည် ၂၀၀၆ ခုနှစ်က အဘော့တာဘက် ခြံဝင်းသို့ ပြောင်းလာကတည်းက အိမ်၏အပေါ်ထပ် တစ်ခု တွင် ရှိနေခဲ့သည်ဟု ပြောကြားခဲ့သည်။ ၎င်း၏ခင်ပွန်း အဆိုပါ နေအိမ်၌ နေထိုင်နေစဉ် အခန်းနှစ်ခန်းမှလွဲ၍ အခြား ခန်းများတွင် နေထိုင်ခြင်း မရှိကြောင်း အခန်းတစ်ခုမှာ ၎င်းသေဆုံးရာ အိပ်ခန်း ဖြစ်ကြောင်း ဆာဒါး၏ ပြောကြားချက်ကို အေဘီစီ သတင်းဌာနက ဖော်ပြခဲ့သည်။
ဇနီးများ၏ ထွက်ဆိုချက်များက ပုန်းအောင်းစဉ်ကာလအတွင်း ဘင်လာဒင် မည်ကဲ့သို့ နေထိုင်သည်ကို ရှင်းပြရာ၌ အထောက်အကူ ပြုခဲ့သည်။ ဘင်လာဒင်၏ ဇနီးများအား မေးခွန်း ၂၀ ပါဝင်သည့် မေးခွန်းလွှာ တစ်ခုကို ပေးအပ်ခဲ့ကြောင်း သုံးရက် သို့မဟုတ် လေးရက်တစ်ကြိမ် မေးခွန်းများ အစီအစဉ်ကို ပြောင်းလဲခဲ့သည်ဟု ပါကစ္စတန် ထောက်လှမ်းရေး မူနီယာက အေဘီစီသို့ ပြောကြားခဲ့သည်။
ထို့နောက် စစ်ဆေးမေးမြန်းသူများက အဖြေများတွင် ကွဲလွဲချက်များကို ရှာဖွေကြသည်။ လိမ်ညာပြောဆိုရန် အတွက် မှတ်ဉာဏ် အလွန်ကောင်းရန် လိုကြောင်း သိနိုင်သည့် နည်းလမ်းတစ်ခု ရှိကြောင်း ပထမနေ့တွင် အဖြေမှန်ကို မည်သူမျှ ပြောလိမ့်မည် မဟုတ်ကြောင်း မူနီယာက ပြောကြားခဲ့သည်။
အမေရိကန် စစ်ဆေးမေးမြန်းသူများကို ဘင်လာဒင်၏ ဇနီးများနှင့် တွေ့ခွင့် မပေးသေးကြောင်း ပါကစ္စတန် အရာရှိများက ပြောကြားခဲ့သည်။ ဘင်လာဒင်အား စီးနင်းရာတွင် အမေရိကန်က ပါကစ္စတန်ကို ကြိုတင်သတိပေးမှု မပြုလုပ်ခဲ့သည့် အတွက် ဆက်ဆံရေး တင်းမာလျက် ရှိသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ