Welcome to my blog :)

rss

Wednesday, May 4, 2011

ကင်ဆာရောဂါကြောင့် ဆံပင်မွေးကျွတ်ြခင်းမှ ကာကွယ်ပေးသော ဦးထုပ်

နယူးယောက်မြို့ ၂၆-၁-၂၀၁၁ ရက်နေ့ သတင်း ဖော်ပြချက်တွင် ဥရောပ ဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုက ကင်ဆာ ရောဂါကြောင့် ဆံပင်မွေးကျွတ်ခြင်းမှ ကာကွယ်ပေးသော ဦးခေါင်း အရေပြား အေးမြစေသည့် ဦးထုပ် (ကျန်းမာရေး ဦးထုပ်) တစ်မျိုးကို တီထွင် ထုတ်လုပ် လိုက်သည်ဟု ဆိုသည်။ ယင်းဦးထုပ်ကို ဆောင်းထားလျှင် ကင်ဆာရောဂါ ဝေဒနာရှင်များအဖို့ ကုထုံးများ၏ နောက်ဆက်တွဲ ရလဒ် ဖြစ်သော ဆံပင်မွေးကျွတ်ခြင်းမှ သက်သာ စေသည်ဟု သိရသည်။ အဆိုပါ ကျန်းမာရေး ဦးထုပ်မှာ သာမန် ခန္ဓာကိုယ်အပူချိန် ထက် ၅ ဒီဂရီစင်တီဂရိတ်အထိ လျော့နည်းနေပြီး ကင်ဆာရောဂါ ဝေဒနာ ရှင်များအတွက် ဆောင်းရန် အလွန် သင့်လျော်သော ကျန်းမာရေး ဦးထုပ်တစ်မျိုးပင် ဖြစ်ပေသည်။ ယခုအခါ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ကင်ဆာရောဂါ ဝေဒနာရှင်ဦးရေ ၂၀ ခန့်သည် ၎င်းဦးထုပ်ကို စမ်းသပ် အသုံးပြုလျက် ရှိသည်ဟု ဆိုသည်။
ယခုအခါ အမေရိကန်နိုင်ငံတွင် ရင်သားကင်ဆာ ရောဂါစွဲကပ်ဖြစ်ပွား သူဦးရေ ၅၄၀ဝ၀ ခန့်ရှိပြီး ဆေးဝါး ကုသခြင်းခံယူမှုကြောင့် ၆၀ ရာခိုင် နှုန်းမှာ ဆံပင်မွေးကျွတ်ခြင်းများ ခံစား နေရသည်ဟုဆိုသည်။ လွန်ခဲ့သော ၂၀၁၀ ပြည့်နှစ်က ကင်ဆာဆေးဝါး ကုသမှုခံယူသူ ဦးရေမှာ ၉၀ဝ၀ဝ၀ ခန့်ရှိသည်ဟု သိရသည်။ ကေတီအောင်သိန်း(ရန်ကုန်တက္ကသိုလ်)
Ref: C.S.T (Singapore)(27.1.2011

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ