Welcome to my blog :)

rss

Wednesday, May 4, 2011

ဂျီအက်စ်အမ်ဖုန်းလိုင်း သန်း ၃၀ တိုးချဲ့မည်



မြန်မာနိုင်ငံတွင် ဂျီအက်စ်အမ်မိုဘိုင်း ဖုန်းလိုင်းသန်း ၃၀ တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ ငါးနှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။
အဆိုပါ စီမံကိန်း၏ ပထမနှစ်တွင် လိုင်းလေးသန်းကို စတင်တပ်ဆင်သွားမည်ဖြစ်ပြီး ငါးနှစ်စီမံကိန်း ပြီးမြောက်သည့် အချိန်ကာလ တွင် နိုင်ငံတွင်း တယ်လီဖုန်း သိပ်သည်းဆမှာ ၅၀ ဒသမ ၆ ရာခိုင်နှုန်း အထိရှိလာမည် ဖြစ်သည်ဟု ဧပြီလ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် အထူးစီမံကိန်းများအကောင်အထည် ဖော်ရေးအဖွဲ့၏ (၁/၂၀၁၁) ညှိနှိုင်း အစည်းအဝေးတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောကြားခဲ့သည်။
နှစ်စဉ် တယ်လီဖုန်းဆက်သွယ်မှု လုပ်ငန်းများကို တိုးချဲ့တပ်ဆင်ခဲ့ရာ ယခုအချိန်တွင် တစ်နိုင်ငံလုံး တယ်လီ ဖုန်းသိပ်သည်းဆမှာ ငါးရာခိုင်နှုန်း အထိတိုးတက်လာပြီဟု ၀န်ကြီးက ပြော ကြားသည်။
တရားဝင်စာရင်းများအရ လက်ရှိ မြန်မာနိုင်ငံတွင် အော်တိုတယ်လီဖုန်းလိုင်း တစ်သန်းကျော်နှင့် မိုဘိုင်းဖုန်းလိုင်း နှစ်သန်းကျော် ရှိသည်။ "ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာပါ။ ငါးနှစ်အတွင်းမှာ တခြားနိုင်ငံတွေလို မိုဘိုင်းဖုန်းတွေကို အလွယ်တကူ အသုံးပြုနိုင်တော့မှာပါ"ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ