Welcome to my blog :)

rss

Friday, May 13, 2011

မြန်မာနိုင်ငံတွင် မုန်တိုင်းပြရေဒါ မရှိသေးသည့် အတွက် တပ်ဆင်နိုင်ရန် လိုအပ်နေ

မြန်မာနိုင်ငံတွင်မုန်တိုင်းပြရေဒါ တပ်ဆင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။
မြန်မာ့ကမ်းရိုးတန်းသည် မိုင် ပေါင်း ၁၂၀၀ ၀န်းကျင်ရှည်လျားပြီး ကမ်းရိုးတန်းဒေသများအနက် ဧရာ ၀တီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးတို့ပါဝင်သည့် မြစ်ဝကျွန်း ပေါ်ဒေသ၊ ရခိုင်ပြည်နယ်ပါဝင်သည့် ရခိုင်ကမ်းရိုးတန်းဒေသတို့မှာမုန်တိုင်း ၀င်ရောက်ခဲ့ဖူးသော အစဉ်အလာရှိ သည့်ဒေသတို့ဖြစ်သည်။
မြန်မာနိုင်ငံသည် မုန်တိုင်းဖြစ် နိုင်ခြေကို နှစ်စဉ်သတိပြုရသော နိုင်ငံ တစ်နိုင်ငံဖြစ်လာပြီး မုန်တိုင်းခန့်မှန်း ရေးတွင် မရှိမဖြစ်လိုအပ်သော ရေဒါ မှာလည်း မြန်မာနိုင်ငံတွင်မရှိသေး ကြောင်း သိရှိရပါသည်။
“ရခိုင်ကမ်းရိုးတန်းထက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ကတော့ ဖြစ်လိုက်ရင်ပိုပြီး ဆုံးရှုံးမှုများတယ်။ ရခိုင် ကလူနေမထူထပ်ဘူး။ ကမ်းရိုးတန်း ကနက်တယ်။ ဧရာဝတီကတော့ ဒီလို မဟုတ်ဘူး။ ရေဒါကတော့ ကမ်းရိုး တန်းဒေသတွေမှာ လိုအပ်နေတယ် လို့ ပြောနိုင်ပါတယ်”ဟု MCCW မှ ဒေါက်တာထွန်းလွင်က ပြောပါ သည်။
မုန်တိုင်းကဲ့သို့သော သဘာဝ ဘေးအန္တရာယ်သည် ကြိုတင်ခန့် မှန်း ထုတ်ပြန်နိုင်သည့် သဘာဝဘေး ဖြစ်ပြီး သက်ရောက်နိုင်ခြေကို ကြိုတင်သိရှိပါက အဆင့်ဆင့်သတင်း ပေးပို့မှု၊ ပြင်ဆင်မှုများဖြင့် ဆုံးရှုံးမှု ကို လျှော့ချနိုင်ကြောင်း၊ ခန့်မှန်းမှု များတွင် ပို၍ထိရောက် အောင်မြင်ရန် ဆိုသည်မှာ နည်းပညာနှင့် ခန့်မှန်းရေး ဆိုင်ရာသုံးပစ္စည်းများ လိုအပ်ကြောင်းလည်း သိရှိရသည်။
မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုများကို ယခုနောက်ပိုင်းနှစ်များတွင် ရင်ဆိုင်လာရပြီးမုန်တိုင်း၊ ငလျင်၊ မြေပြိုမှု၊ လျှပ်တစ်ပြက် ရေကြီးမှုစသည်တို့ကို ရင်ဆိုင်ခဲ့ရကာ မုန်တိုင်းမှာ ပျက်စီးမှုအများဆုံး သဘာဝဘေးဖြစ်ခဲ့ပြီး နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀  ၀န်းကျင် သေကျေပျက်စီးခဲ့သည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သော ထိုင်းနိုင်ငံသည် ယခင်နှစ် က သဘာဝ ဘေးအန္တရာယ် ခန့်မှန်း ကြိုတင်ပြင်ဆင်ရေးအတွက် ဘတ်ဂျက်ကို ဘတ် ၁ ဒသမ ၃ ဘီလီယံ အသုံးပြုရာမှ ယခုနှစ်တွင် ဘတ် ၁ ဒသမ ၆ ဘီလီယံသို့ မကြာသေးမီ က တိုးမြှင့်သတ်မှတ်ခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ