Welcome to my blog :)

rss

Friday, May 13, 2011

မြန်မာ့ တိုင်းရင်းဆေး ထုတ်လုပ်သူများနှင့် တွေ့ဆုံခြင်း

4615
မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး) မှ ကြီးမှူးကျင်းပသည့် ‘မြန်မာ့တိုင်းရင်းဆေးနှင့် ဆေးပစ္စည်းပြပွဲ ၂၀၁၁’ကို မေလ ၅ ရက်နေ့မှ ၉ရက်နေ့အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပခဲ့သည်။ ယခုပြပွဲသည် ၂၀၀၄ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်ကျင်းပသည့် ပထမဦးဆုံးပြပွဲတစ်ခုဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးများသည် နှစ်ပေါင်းများစွာကတည်း ကပင် ရှိနေခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံခြားဆေးဝါးများဖြင့် ကုသရန်မပျောက်ကင်းသည့် ဝေဒနာများကို မြန်မာ့ တိုင်းရင်းဆေးဖြင့် ကုသနိုင်ခဲ့သည်။ မြန်မာ့တိုင်းရင်းဆေးကို ပြည်သူလူထု ယုံကြည်စွာ သုံးစွဲခဲ့သည့်နည်းတူ တိုင်းရင်းဆေး ထုတ်လုပ်ရေး လုပ်ငန်းများဘက်မှလည်း အဆင့်မီဆေးဝါးများ၊ ခေတ်နှင့်လျော်ညီသည့် ထုတ်ပိုးမှုပုံစံများဖြင့် ထုတ်လုပ်ရောင်းချခဲ့ကြပြီး အိမ်နီးချင်းနိုင်ငံများသို့ပင် တင်ပို့ရောင်းချနေမှုများကို တိုင်းရင်းဆေး ထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ပြပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဖြစ်သူ ဂရိတ်ဝေါတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ ဦးမောင်မောင်ဦး
          “ကျွန်တော်တို့ဆေးတိုက်က ထုတ်လုပ်တဲ့ ဆေးအမျိုးအစားက ၁၀ မျိုးလောက်ရှိပေမယ့် ပြပွဲမှာ တော့ ‘ရွှေသည်း’ အသည်းအား ဆေးကိုပဲ အဓိကထား ပြသခဲ့ပါ တယ်။ လက်ရှိအချိန်မှာ တရုတ်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံ တွေမှာ ကျွန်တော်တို့ဆေးတွေ ရောင်းချနေကြပါပြီ။ ဆေးတွေရဲ့ အရည်အသွေးပိုင်းကို ဓာတ်ခွဲစမ်းသပ်တာမျိုးတွေ ပြုလုပ်ပြီး စမ်းသပ်စစ်ဆေးတယ်။ ဆေးတွေရဲ့ထုပ်ပိုးမှုပုံ စံတွေကိုလည်း ခေတ်နဲ့အညီ ပြောင်းလဲထုတ်လုပ်ပြီး ပြည်ပဈေးကွက် ထိုးဖောက်နိုင်အောင် ကြိုးစားနေပါတယ်။ မြန်မာ့တိုင်းရင်းဆေးဝါးတွေကို တခြားပြည်ပနိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင် ဖို့အတွက် ကျွန်တော်တို့အားလုံး ကြိုးပမ်းနေပါတယ်။ ပြပွဲက ရရှိ လာတဲ့ရန်ပုံငွေတွေကို မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)နဲ့ တခြားလူမှုရေးအဖွဲ့အစည်းများသို့ လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်” ဟု ပြောပြခဲ့သည်။
မှန်ချို တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ ဦးကျော်ကျော်ဌေး
“ကျွန်တော်တို့ တိုင်းရင်းဆေး ထုတ်လုပ်ရေးအနေနဲ့ ထုတ်တဲ့ဆေးတွေက အမျိုးပေါင်း ၃၀ ကျော် လောက်ရှိပေမယ့် ဆေးတိုက်အနေနဲ့ အရောင်းရဆုံး ဆေးဝါးတွေကို ပြပွဲမှာ အဓိကထား ပြသဖြစ်ခဲ့တယ်။ ဆေးတွေရဲ့ပုံစံကိုလည်း ခေတ်နဲ့ လျော်ညီအောင် ပြောင်းလဲပြီး ထုတ်လုပ်ခဲ့တယ်။ အရင်တုန်းက ဆေးတွေဆိုရင် အမှုန့်တို့၊ အလုံးတို့ လောက်ပဲ လုပ်ခဲ့ပေမယ့် နောက်ပိုင်း နိုင်ငံတကာအဆင့်မီ capsule တောင့် တွေ၊ Tablet  ဆေးပြားပုံစံတွေပြောင်းလဲ ထုတ်လုပ်ခဲ့တယ်။ ဆေးတွေမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေကို မြစ်ကြီးနား၊ ဗန်းမော်၊ စစ်ကိုင်းစတဲ့ နေရာတွေက အဓိကမှာယူပါတယ်။ ပြည်ပဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်တာ နည်းနေသေးပေမယ့် မြန်မာလူမျိုးတွေ အများဆုံးရှိတဲ့ နိုင်ငံတွေမှာ မြန်မာ့တိုင်းရင်းဆေးတွေ ကို ရောင်းချနေကြပါပြီ။ အခုအချိန်ကတော့ တစ်နိုင်တစ်ပိုင် ရောင်းဝယ်တာမျိုးပဲ ရှိသေးတယ်။ ပြည်ပဈေးကွက်ဆိုပေမယ့် ပြည်ပရောက် မြန်မာအများစုက သုံးစွဲကြတာပါ။ ဒီနှစ် လုပ်တဲ့ပြပွဲ အခြေအနေက ကောင်းပေမယ့် အရင် ၂၀၀၀၊ ၂၀၀၄ ၀န်းကျင်တုန်းက လုပ်ခဲ့တဲ့ပွဲတွေနဲ့ ယှဉ်ရင် ဒီနှစ်က လူဝင်နည်းတယ်။ တခြား ကုန်ပစ္စည်းပြပွဲတွေလည်း ဆက်တိုက် ဆိုသလို လုပ်ထားကြောင့်လို့ ထင်ပါတယ်”ဟု ပြောပြခဲ့သည်။
ဒေ၀ယက္ခ တိုင်းရင်းဆေးဝါးလုပ်ငန်းမှ ဦးဖြေ
“ကျွန်တော်တို့ဆေးက ရှေးဘိုးဘွားတွေ လက်ထက်ကတည်းက ဖော်စပ်ထားတဲ့ ဆေးတွေဖြစ်ပြီး ကျွန်တော်တို့လက်ထက်မှာ နိုင်ငံတကာ စံချိန်စံညွှန်းမီအောင် ပြန်လည်ထုတ်လုပ် ထားပါတယ်။ ဆေးတွေရဲ့အရည်အသွေးပိုင်းကို ထိခိုက်မသွားအောင် ကုန်ကြမ်းကအစ ထုပ်ပိုးမှုပုံစံအထိ သေသေချာချာ ဂရုစိုက် ထုတ်လုပ်ထားပါတယ်။ ကျွန်တော်တို့ ဆေးတိုက်အနေနဲ့ ပြပွဲမှာ ဆေးခြောက်မျိုး ပါဝင်ပြသခဲ့တယ်။၂၀၀၄ ခုနှစ်နောက်ပိုင်း တိုင်းရင်းဆေးပြပွဲအနေနဲ့ ကျင်းပတာမရှိခဲ့တော့ ပြည်သူတွေနဲ့ ထိတွေ့ခွင့် နည်းခဲ့တယ်။  ဒီလို တိုင်းရင်းဆေးပြပွဲတွေ ကျင်းပပေးတဲ့အတွက် အသုံးပြုတဲ့သူတွေအတွက် ကျွန်တော် တို့အနေနဲ့ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိပါတယ်။ အခုပြပွဲမှာ ဆေးတိုက်အများစုက ၀ယ်လိုအားများခဲ့ပြီး ဆေးဆိုင်တွေနဲ့ တစ်ဆင့်ပြန်လည် ရောင်းချတဲ့သူတွေ လာဝယ်တာများပါတယ်။ ပြည်ပဈေးကွက်အနေနဲ့ လက်ရှိမှာ လက်ဆောင်ပေးဖို့ ရယ်ဝယ်ပြီး ကိုယ်အစီအစဉ်နဲ့ကိုယ် သယ်သွားပြီး တစ်ဆင့်ပြန်လည် ရောင်းချတာမျိုးပဲ ရှိပါသေးတယ်။ တချို့ကျတော့ ပြည်ပမှာဖွင့်လှစ်ထားတဲ့ ဆေးဆိုင်တွေကို တစ်ဆင့် ပြန်ရောင်းကြတာပါ။ တရားဝင် တင်သွင်းဖို့က ကျွန်တော်တို့အများကြီး လုပ်ရဦးမှာပါ”ဟု ပြောပြခဲ့သည်။     

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ