Welcome to my blog :)

rss

Friday, May 13, 2011

လေဆိပ်ခွန် (Airport Tax) နှုန်းထားအား တိုးမြှင့်၍ လေယာဉ်လက်မှတ်များတွင် တစ်ပါတည်း ကောက်ခံမည့် စနစ်ကို DCA မှ အဆင်သင့်ဖြစ်ပြီဆိုပါက စတင်ကျင့်သုံးမည် ဖြစ်ကြောင်းသိရ

လေဆိပ်ခွန် (Airport Tax) နှုန်းထားအား မူလထက်တိုးမြှင့်၍ လေယာဉ်လက်မှတ်များတွင် တစ်ပါတည်း ကောက်ခံမည့်စနစ်ကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DCA) မှ အဆင်သင့်ဖြစ် ပြီဆိုပါက စတင်ကျင့်သုံးမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံသားပတ်စ်ပို့ ကိုင်ဆောင်၍ ပြည်ပနိုင်ငံသို့ သွားရောက်မည့်သူများအား ကောက်ခံသည့်Airport Tax  အား လေယာဉ်လက်မှတ် ၀ယ်ယူသည်နှင့် တစ်ပြိုင်နက် လက်မှတ်အတွင်း ထည့်သွင်းကောက်ခံမည် ဖြစ်ကာ အဆိုပါစနစ်ကို စတင်သည်နှင့် အမေရိကန်ဒေါ်လာ ၁၀ သို့ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း သိရှိရသည်။ လေဆိပ်အခွန်အား လက်ရှိတွင်ငွေကျပ် ၃၀၀၀ ကောက်ခံနေပြီး ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံသားများ၏ Airport Tax နှုန်းထားကို ငွေကျပ် ၅၀၀ မှ ကျပ် ၃၀၀၀ သို့ တိုးမြှင့်ခဲ့ပြီးနောက် စနစ်သစ်စတင် မည်ဆိုပါက မူလထက် သုံးဆ၀န်းကျင်ခန့် မြင့်တက်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါစနစ်အာီးဃဗ မှ အဆင်သင့်ဖြစ်ပြီဆိုပါက စတင် ကျင့်သုံးမည်ဖြစ်ကြောင်း သိရပါသည်။
“Airport Tax ကို လေယာဉ် လက်မှတ်ထဲမှာ တစ်ခါတည်းထည့် ကောက်ဖို့အတွက် အချိန်ယူရပါတယ်။ အပြည်ပြည်ဆိုင်ရာ လေကြောင်းအဖွဲ့ချုပ်ကို တင်ပြရတာတို့၊ ဘဏ်စာရင်း ဖွင့်လှစ်မှုစနစ် စသဖြင့် အများကြီး ပြင်ဆင်ရပါ မယ်။ လုပ်ငန်းအဆင့်ဆင့် ပြီးစီးမှု အနေအထားပေါ် မူတည်ပြီး အဆင်သင့် ဖြစ်တဲ့အချိန်မှာ ကျင့်သုံးသွားမှာပါ”ဟု DCA  မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
MAI  မှ Marketing မန်နေဂျာ ဒေါ်အေးမရသာကလည်း “MAI အနေနဲ့ Airport Tax ကို လေယာဉ် လက်မှတ်ထဲမှာ တစ်ပါတည်းကောက်ဖို system ပိုင်းတွေ ပြင်ဆင်နေပါတယ်” ဟု ပြောပြခဲ့သည်။
“Airport Tax  ကို လေယာဉ် လက်မှတ်ထဲမှာ တစ်ခါတည်းထည့် ကောက်တဲ့စနစ်ကို နိုင်ငံတကာမှာ ကျင့်သုံးနေတာ ကြာပါပြီ။ ဒီစနစ် စတင်ရင် လေဆိပ်အခွန်တိုးတာကို မဝေဖန်ချင်ပေမယ့် ခရီးသည်များရင် အခွန်ဆောင်ဖို့ တန်းစီစောင့်ရတာ မရှိနိုင်တော့လို့ အဆင်ပြေမှု ရှိနိုင်တယ်လို့ ပြောလို့ရပါတယ်” ဟု ပြည်ပသို့ မကြာခဏသွားရောက် နေသူတစ်ဦးက ဆိုသည်။
အဆိုပါစနစ်အား ၂၀၁၁ ခုနှစ် မေလကုန်ခန့်တွင် ကျင့်သုံးနိုင်ဖွယ် ရှိကြောင်း ထပ်မံသိရှိရပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ