Welcome to my blog :)

rss

Wednesday, May 11, 2011

2.5 Trillion to 3 Trillion





w63209
စီအင်အင်န် သတင်းဌာနမှ ရစ်ချတ်ကွတ်စ်က ဘင်လာဒင်ကြောင့် အမေရိကန်သည် စီးပွားရေးအရ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ထ ရီလျံခန့် ကုန်ကျခဲ့သည်ဟု ခန့်မှန်းထားပြီး ထို့ထက်ပင် များပြားနိုင်သည်ဟု ဆိုသည်။
စစ်ဆင်ရေး ကုန်ကျစရိတ်များ၊ စက်ပစ္စည်း ကုန်ကျစရိတ်များ၊ လက်နက်ကိရိယာများ၊ ဒုံးကျည်များနှင့် အခြား ကုန်ကျစရိတ်များ အပြင် ၉/၁၁ တိုက်ခိုက်မှုကြောင့် လေကြောင်းလိုင်းများ၏ ဆုံးရှုံးမှုများ၊ ဘဏ္ဍာရေး
အကျပ်အတည်းကြောင့် ရှယ်ယာ ကိုင်ဆောင်ထားသူများ၏ ဆုံးရှုံးမှုများ စသည်ဖြင့် ထပ်ပေါင်းလျင် အလွန် များပြားနိုင်သည်ဟု ဆိုသည်။
National Journal ကမူ ဘင်လာဒင်၏ ၉/၁၁ အကြမ်းဖက်မှု မတိုင်မီ အကြမ်းဖက်မှုများနှင့်ပါ ထည့်သွင်းတွက်ချက်ပြီး အရပ်ရပ် ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ သုံးထရီလျံ ကျော်ကြောင်း သုံးသပ်ထားသည်။
ပြည်တွင်းစီးပွားရေးကို ထိ ခိုက်စေမှု၊ စစ်ပွဲများအတွက် ကုန်ကျမှု၊ အကြမ်းဖက် တိုက်ခိုက်မှုများမှ ကာကွယ်ရန် လုံခြုံရေး မြှင့်တင်ရသောကြောင့် ကုန်ကျမှု၊ ဘင်လာဒင်ကို လိုက်လံ ရှာဖွေရာတွင် ကုန်ကျမှုများပါ ထည့်သွင်း တွက်ချက်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒုတိယကမ္ဘာစစ် အတွင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ထရီလျံအထိ ရှိခဲ့သည်ဟု ခန့်မှန်းထားသည်။
သို့ရာတွင် ယင်းစစ်ပွဲသည် ဟစ်တလာကို နှိမ်နင်းရခြင်း တစ်ခုတည်းက အဓိက မကျဘဲ ဂျာမနီနှင့် ဂျပန်ကို တိုက်ခိုက်ရခြင်း၊ ဂျက်အင်ဂျင်နှင့်နျူစွမ်းအင်ကို ရရှိခြင်း၊ စီးပွားရေး အကျပ်အတည်းမှ ရုန်းထွက်စေခြင်းများပါ
အကျိုးကျေးဇူး ရှိသောကြောင့် တစ်ဦးတစ်ယောက်တည်းနှင့် ပတ်သက်ပြီး အဓိက ကုန်ကျရသည်တွင် ဘင်လာဒင်က များသည်ဟု ဆိုနိုင်သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ