Welcome to my blog :)

rss

Wednesday, May 11, 2011

 ဘင်လာဒင်ခြံဝင်းရှိ အိမ်ထဲမှ သိမ်းဆည်းရမိသော ဗီဒီယိုအခွေ ငါးခွေကို အမေရိကန် ထုတ်ပြန်

w63223
ဘင်လာဒင် ဗီဒီယိုအခွေများ ထုတ်ပြန်သည့် သတင်းကို အဘော့တာဘတ်မြို့တွင် ကြည့်ရှုနေကြစဉ်
မေ ၁ ရက်က အမေရိကန် အထူး တပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးတစ်ခု အတွင်း အယ်လ်ကေးဒါး ခေါင်းဆောင် အိုစမာဘင်လာဒင် သေဆုံးခဲ့ပြီးနောက် ၎င်းပုန်းနေသော ခြံဝင်းရှိ အိမ်ထဲမှ သိမ်းဆည်းရမိသော ပစ္စည်းများအနက် ဗီဒီယိုအခွေ ငါးခွေကို ပင်တဂွန်စစ်ဌာနချုပ်က မေ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နေ့စွဲ မတပ်ထားသော ယင်းဗီဒီယိုခွေများကို ကြည့်ခြင်းအားဖြင့် ဘင်လာဒင်သည် မြင်ကွင်းမှ ပျောက်ကွယ်နေသည် ဆိုသော်လည်း ဒေသတွင်း ပြန့်ကျဲရောက်ရှိနေသော အယ်လ်ကေးဒါးအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး နည်းပေးလမ်းညွှန် ပြုလုပ်ရာတွင် တက်တက်ကြွကြွ လှုပ်ရှားနေဆဲ ဖြစ်ကြောင်း၊ အထူးသဖြင့် ၎င်း၏ပုံရိပ်ကို ပုံဖော်မှုမှာ ရှင်းရှင်းလင်းလင်း ပြသနေကြောင်း အမည်မဖော်လိုသော အမေရိကန် ထောက်လှမ်းရေး အကြီးတန်းတာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။ ယင်းဗီဒီယိုများကို ဘင်လာဒင် လူယုံတစ်ဦးက ရိုက်ကူးပေးထားခြင်း ဖြစ်ပြီး ဗီဒီယိုတစ်ခုကို ဘင်လာဒင် ကိုယ်တိုင် ရိုက်ကူးထားဖွယ် ရှိသည်ဟု ယင်းတာဝန်ရှိသူက ပြောကြားသည်။
အခြား ဗီဒီယိုလေးခုတွင်မူ ဘင်လာဒင်သည် ပိုမိုသေသပ်သော ၀တ်စုံများ ၀တ်ဆင်ထားသည်ဟု သိရသည်။ သို့သော် အကြမ်းဖက်မှု အားပေးသည့် စကားလုံးများ၊ ၀ါဒဖြန့် စကားများ ပျံ့နှံ့သွားမည် စိုးသဖြင့် ဗီဒီယိုထဲရှိ အသံများ၊ အထူးသဖြင့် ဘင်လာဒင်၏ ပြောစကားသံများကို ဖျောက်ထားကြောင်း၊ အသံဖယ်ရှားထားသည်မှ လွဲ၍ ဗီဒီယိုကို ပြုပြင်ထားခြင်း မရှိကြောင်း အမေရိကန် တာဝန်ရှိသူက ပြောကြားသည်။ ဗီဒီယိုများတွင် အမေရိကန်သမ္မတ အိုဘားမားပုံ၊ AK-47 ရိုင်ဖယ် ကိုင်ဆောင်ထားသော ဘင်လာဒင်ပုံ၊ စစ်သားပုံနှင့် အခြားပုံများ ပါဝင်သည်ဟု သိရသည်။
အမေရိကန်ပြည်သူများသို့ ရည်ညွှန်းသည့် ဗီဒီယိုတစ်ခုလည်း ပါဝင်ပြီး အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာတွင် ရိုက်ကူးထားဖွယ် ရှိကာ ယင်းဗီဒီယိုမှာ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ အခြား ဗီဒီယိုသုံးခုတွင် ကမ္ဘာသို့ ထုတ်လွှင့်ရန် ဘင်လာဒင်က ပြင်ဆင် လုပ်ဆောင်နေမှုကို ရိုက်ကူးထားသည်။ ယင်းဗီဒီယိုသုံးခု အနက် တစ်ခုတွင် ဘင်လာဒင်သည် ဗီရိုတစ်ခုရှေ့၌ ရပ်နေသည်ကို ရိုက်ကူးထားရာ ယင်းဗီရိုမှာ ခြံဝင်းအတွင်း အိမ်ထဲရှိ ဗီရိုတစ်ခုနှင့် ဆင်တူကြောင်း လေ့လာသုံးသပ်သူများက သုံးသပ်ခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ