Welcome to my blog :)

rss

Tuesday, May 31, 2011

ကုန်သွယ်မှုဆိုင်ရာ လျှင်မြန် ချောမွေ့စေရေး ဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များက အခက်အခဲပေါင်း ၈၀ ကျော်တင်ပြ လိုင်စင်၊ ကွန်တိန်နာ၊ သင်္ဘောလိုင်းမှအစ အခက်အခဲအားလုံးကို လုပ်ငန်းရှင်များဖြင့် ပူးပေါင်း ဖြေရှင်းသွားမည်ဟု သိရ

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၊ ကုန်စည်ဒိုင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံကာ ကုန်သွယ်မှုဆိုင်ရာ လျှင်မြန် ချော့မွေ့စေရေး အတွက် ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။
ယင်းသို့ ဆွေးနွေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များမှ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲပေါင်း ၈၀ ကျော်ကို တင်ပြခဲ့ကြောင်း သိရသည်။
ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကွန်တိန်နာ၊ သင်္ဘောလိုင်း၊ လိုင်စင် အခက်အခဲများမှအစ အဟန့်အတား ဖြစ်နေသည့် အချက်များအား ဖယ်ရှားပေးမည်ဟု ပြောကြားခဲ့ကြောင်း ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။
''Trade Facilitation ကုန်သွယ်မှု လုပ်ငန်းများ လျင်မြန်ချောမွေ့ရေး ဆွေးနွေးပွဲကို ဌာနဆိုင်ရာက ၃၇ ဦး တက်တယ်။ ၀န်ကြီးရုံးက ငါးဦး တက်တယ်။ ကျန်တာက RUMFCCI အသင်းချုပ်နဲ့ ဆက်စပ် အသင်းတွေ၊ ကုန်စည်ဒိုင်တွေ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေ တက်ရောက်တယ်။ ပို့ကုန်သွင်းကုန်မှာ လက်ရှိ ကြုံနေရတဲ့ အခက်အခဲတွေကို လုပ်ငန်းရှင်တွေက တင်ပြ ဆွေးနွေးကြတယ်။ ချက်ခြင်း ဖြေရှင်းလို့ ရတာကို ချက်ခြင်း ဖြေရှင်းတယ်။ ချက်ခြင်း ဖြေရှင်းလို့ မရတာကို နောက်ပိုင်း ဖြေရှင်းဖို့ စီစဉ်ခဲ့တယ်''ဟု ၎င်းက ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် လက်ရှိ လိုင်စင် ခွင့်ပြုပေးသည့် ပုံစံမှာ အခက်အခဲ ရှိနေသေးပြီး ပိုမို ကောင်းမွန်သည့် နည်းလမ်း ရှာဖွေနေကြောင်း၊ လုပ်ငန်းရှင်များ ဘက်မှလည်း လိုင်စင်ကို လှောင်ကစားခြင်း မပြုလုပ်ရန် လိုကြောင်း၊ ကမောက်ကမ ဖြစ်အောင် မဆောင်ရွက်ရန် အသိပေးခဲ့ကြောင်း၊ ပို့ကုန်တွင် သင်္ဘော အခက်အခဲ၊ ကွန်တိန်နာ အခက်အခဲ ပြဿနာများ ရှိနေကြောင်း၊ ပဲထဲတွင် ခဲရောနှော ရောင်းချမှုမှာ ဈေးကွက် ကမောက်ကမ ဖြစ်နိုင်ကြောင်း၊ ပဲတူခဲတူကိစ္စ ကုန်စည်ဒိုင်များမှ အရေးယူရန် လိုကြောင်း စသည်ဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု သိရသည်။
ယင်းအပြင် မသမာသည့် လုပ်ငန်းရှင်များကြောင့် အရက်၊ ဆေးဝါး၊ ဓာတ်မြေသြဇာ အတုများ ပေါ်ပေါက်လာနေပြီး တောင်သူများ၊ အလုပ်သမားများ ဒုက္ခရောက်နေရကြောင်း၊ မိမိတို့ နိုင်ငံထက် ဆင်းရဲသည့် နိုင်ငံပင်လျှင် မိမိတို့ နိုင်ငံထက် ပိုမို တိုးတက်လာသည်ကို တွေ့ရကြောင်း စသည်ဖြင့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ