နှလုံးလုပ်ဆောင်အား ကျဆင်း ခြင်း Congestive Heart Failure ဆိုသည်မှာ နှလုံးက ခန္ဓာကိုယ်နေရာ အနှံ့အပြားသို့ သွေးများပို့ဆောင်ပေး ရန် ညှစ်ထုတ်နိုင်စွမ်း မကောင်းတော့ ခြင်းဖြစ်ပါတယ်။ အဲဒီအခါ အဆုတ်နဲ့ ခန္ဓာကိုယ်တစ်သျှူးတွေထဲမှာ အရည် တွေ စုဝေးခိုအောင်းလာစေပါတယ်။ Heart Failure ရောဂါဟာ အသက် အရွယ်ကြီးလာတာနဲ့အမျှ ပိုပြီးဖြစ် တတ်ပါတယ်။ လက်ရှိအချိန်မှာ Heart Failure ကို ကုသနိုင်မှုမရှိသေး ပါဘူး။ Heart Failure ရဲ့ ရောဂါ လက္ခဏာရပ်တွေကို မှန်ကန်စွာ ကုသ မှုပေးမယ်ဆိုရင်တော့ သက်တမ်းစေ့ တက်ကြွကစွာ ရှင်သန်နိုင်ပါတယ်။ နှလုံးလုပ်ဆောင်အား ကျဆင်း ခြင်း (Heart Failure) ၏ လက္ခဏာ ရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါ နှလုံးလုပ်ဆောင်အား ကျဆင်းခြင်း၏ လက္ခဏာရပ်များ တယ်-
- အနည်းငယ်မျှပင် အမောအပန်း မခံနိုင်ခြင်း၊
- အသက်ရှူတိမ်ခြင်း၊
- ရုတ်တရက် ကိုယ်အလေးချိန် တက်လာခြင်း၊
- ခြေထောက်၊ ဝမ်းဗိုက်နှင့် အဆုတ်တွင် အရည်များစုဝေး လာခြင်း၊
- ရင်ဘတ်အောင့်ခြင်း၊
- ကြာရှည်စွာ ချောင်းဆိုးခြင်း၊
- လည်ချောင်းထဲတွင် တစ်ဆို့နေ သလို၊ ကျပ်နေသလို ခံစားရခြင်း (အထူးသဖြင့် ညဘက်များတွင်)
- အိပ်ရာပေါ်တွင် ပက်လက်လဲ လျောင်းနေလျှင် အသက်ရှူရ ခက်ခဲခြင်း။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။