လက်ဖက် ရည်ကြမ်းတွင် ကျန်းမာရေး အတွက် အကျိုးကျေးဇူး များစွာ ရှိသည်ဖြစ်ရာ ၎င်းတို့ထဲမှ တစ်ချက်မှာ တစ်ရက်လျှင် လက်ဖက်ရည်ကြမ်း နှစ်ခွက် ပုံမှန်သောက်သုံး ပေးခြင်းဖြင့် တုပ်ကွေးကို ၇၀ ရာခိုင်နှုန်းကာကွယ် နိုင်ကြောင်း WNC သတင်း Website ကျန်းမာရေး ကဏ္ဍတွင် ဖော်ပြထားသည်။ လက်ဖက်ရည် ကြမ်းထဲတွင် Theanine နှင့် Catechin ဟူသည့် ဓာတ် နှစ်မျိုးပါဝင်ရာ အဆိုပါ ဓာတ်နှစ်မျိုးက တုပ်ကွေးဝေဒနာကို ကာကွယ်ပေးကြောင်း ဂျပန်သုတေသန ပညာရှင် ဒေါက်တာဟီရိုရှီ ယမဒါက ၎င်း၏တွေ့ ရှိချက်ကို ကိုးကား၍ ပြောကြားသည်။
လက်ဖက်ရည်ကြမ်းကို တစ်ရက်လျှင် နှစ်ခွက်ကျစီ သုတေသန၌ ပါဝင်သူများကို ငါးလတာ သောက်သုံးစေရာ ၎င်းတို့သည် တုပ်ကွေးကူးစက်နိုင်ခြေ ၇၀ ရာခိုင်နှုန်း လျော့ကျသွားကြောင်း သိရသည်။ Theanine ဓာတ်သည် ကိုယ်ခံ အားကို တိုးတက်စေပြီး Catechin က တုပ်ကွေးဗိုင်းရပ်စ်ကို တိုက်ခိုက်ပေး သည်ဟု ၎င်းကဆိုသည်။ လက်ဖက် ရည်ကြမ်းတွင် ဗီတာမင်များ အပါအဝင် သတ္တုဓာတ်များ၊ အဆီဓာတ်နှင့် အမျှင်နှင့် အက်စစ်များ ပါဝင်သည်ဟု စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဓာတုဗေဒ ဂျာနယ်က ဖော်ပြထားသည်။ နှလုံး ရောဂါရနိုင်ခြေကိုလည်း လျှော့ချပေး သည်ဟု အခြားကျန်းမာရေး သတင်း များက ဆိုထားသေးသည်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။