Welcome to my blog :)

rss

Tuesday, May 31, 2011

 သင်္ဘောကုမ္ပဏီများမှ သင်္ဘောသားသစ်များအား ခေါ်ယူခြင်းမရှိ၍ သင်္ဘောသား လူသစ်များ အလုပ်ရရှိရန် အခက်အခဲများ ကြုံတွေ့နေ

သင်္ဘော ကုမ္ပဏီများမှ သင်္ဘောသားလူသစ်များ ခေါ်ယူခြင်းမရှိ၍ သင်္ဘောသားလူသစ်များ အလုပ်ရရှိ ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
သင်္ဘောသားဖြစ်လိုသူတိုင်း appointment  ကြိုတင်ဝယ်ယူရန် မလိုတော့ဘဲ သင်္ဘောသားဖြစ်ခွင့် ယခင်ကထက် အလွယ်တကူရရှိနိုင်မည့် စနစ်သစ်သို့ ၂၀၀၉ ခုနှစ်အတွင်း ကပြောင်းလဲခဲ့သည်။ ထို့ကြောင့် သင်္ဘောသားအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလိုသူ လူငယ်အများစုမှာ စနစ်သစ်၏ ပထမဆုံးခြေလှမ်း ဖြစ်သည့် Basic English Skills Test စာမေးပွဲအား ၀င်ရောက်ဖြေဆိုခဲ့ကြ သည်။ ယင်းစာမေးပွဲ အောင်မြင်သူ များမှာ Pre-Sea  သင်တန်းနှင့် 4-Tickets သင်တန်းများအား တက်ရောက်ပြီး သင်္ဘောသားလက်မှတ်(စီဒီစီ)နှင့် ပတ်စ်ပို့လျှောက်ထားခြင်း စသည့် အဆင့်များအား လုပ်ဆောင်ခဲ့ကြသည်။
ထိုသို့ စနစ်သစ်အရ သင်္ဘောသားဖြစ်ခွင့်ရရန် အဆင့်ဆင့်လုပ်ဆောင်ပြီး သင်္ဘောတက်ရန် အဆင်သင့်ဖြစ်နေကြသူ သင်္ဘောသားလူသစ်များမှာ လက်ရှိတွင် အများအပြား ရှိနေကြောင်း သိရသည်။

လက်ရှိအချိန်၌ ကုမ္ပဏီအများစုမှာ သင်္ဘောသား လူသစ်များအား သင်္ဘောတင်ပေးရန် အတွက် လိုင်းကြေးဟု ခေါ်ဆိုသည့် ငွေကြေးအားများစွာ တောင်းဆိုနေကြပြီး . . .
“ကျွန်တော့်ကုမ္ပဏီကတော့ လူသစ်လည်း ခေါ်တယ်။ လူဟောင်း လည်း ခေါ်တယ်။ အဓိကကတော့ အရည်အချင်းကိုပဲ ကြည့်ပါတယ်။ ပိုက်ဆံလည်းတစ်ပြားမှ ပေးစရာမလို ဘူး။ ဘယ်သူနဲ့မှလည်း သိစရာမလို ပါဘူး။ ဒါပေမယ့် လူသစ်ဖြစ်မယ် ဆိုရင်လည်း အင်တာဗျူးခေါ်တဲ့အခါ အလုပ်ခန့်ချင်လောက်အောင် အရည် အချင်းရှိသလား။ သူရရှိခဲ့တဲ့ လက်မှတ်တွေက တကယ်ကျွမ်းကျင် တတ်မြောက်ပြီးမှ ရခဲ့တာလားဆိုတာ သေချာစစ်ဆေးမေးမြန်းပြီးမှ ခန့်ပါတယ်။ တကယ်ကို အရည်အချင်းရှိပြီး လုပ်ငန်းကို ကျွမ်းကျွမ်းကျင် ကျင်လုပ်နိုင်မယ်ဆိုရင် လူသစ်တွေကိုလည်း ခေါ်ယူခန့်ထားပါတယ်” ဟု SB Maritime သင်္ဘောကုမ္ပဏီမှ ကပ္ပတိန်ဦးသတိုးကျော်က ဆိုသည်။
လက်ရှိအချိန်၌ ကုမ္ပဏီအများစုမှာ သင်္ဘောသား လူသစ်များအား သင်္ဘောတင်ပေးရန်အတွက် လိုင်းကြေး ဟုခေါ်ဆိုသည့် ငွေကြေးအားများစွာ တောင်းဆိုနေကြပြီး အဆိုပါလိုင်းကြေးမှာ ယင်းကုမ္ပဏီများမှ စိတ်ကြိုက် တောင်းယူနေကြသည့် အနေအထားတွင် ရှိနေကြောင်း သင်္ဘောသား အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရ သည်။ ထို့ကြောင့် စနစ်သစ်အရ သင်္ဘောတက်ရန် သင်္ဘောသားလက်မှတ်(စီဒီစီ)၊ ပတ်စ်ပို့အဆင်သင့် ကိုင်ဆောင်ထားသည့် သင်္ဘောသား လူသစ်များမှာ လိုင်းကြေးအားကုမ္ပဏီများ တောင်းသမျှပမာဏ ပေးနိုင်သည့် အနေအထားရှိမှသာ အလုပ်ရရှိမည့် အနေအထားတွင် ရှိနေသည်။
“ကျွန်တော်က စနစ်သစ်စတဲ့ အချိန်ကတည်းက သင်္ဘောသားဖြစ်ဖို့ လုပ်ရမယ့် အဆင့်တွေကို လုပ်ခဲ့ပြီးပြီ။ သင်္ဘောကုမ္ပဏီတွေကိုလည်း လျှောက်လွှာတွေ လိုက်တင်ထားပါတယ်။ ဒါ ပေမယ့် လူသစ်တွေရဲ့လျှောက်လွှာကို လုံးဝလက်မခံပါဆိုတဲ့ ကုမ္ပဏီတွေကိုတောင် တွေ့ခဲ့ရတယ်”ဟု သင်္ဘောသားဖြစ်ခွင့်ရရန် စနစ်သစ်တွင် လုပ်ဆောင်ထားသူ တစ်ဦးက ဆိုပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ