Welcome to my blog :)

rss

Friday, May 13, 2011

 နယ်စပ်ကုန်သွယ်ရေး စခန်းသစ်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား သဘောတူညီမှုရရှိ

462
မြ၀တီကုန်သွယ်ရေးဇုန်တစ်နေရာမြင်ကွင်း
မြန်မာ-ထိုင်း နှစ်နိုင်ငံတွေ့ဆုံပွဲကို အာဆီယံထိပ်သီး ဆွေးနွေးပွဲ၌ မေလ ၇ ရက်နေ့ က သီးခြားပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် အဘ်ဟီးဆစ်တို့ တက်ရောက်ခဲ့ကြသည်။
ယင်းကဲ့သို့တွေ့ဆုံမှု၌ နယ်စပ်ကုန်သွယ်ရေး စခန်းသစ်ဖွင့်လှစ်ရေးနှင့် ပတ်သက် ၍ မြန်မာ-ထိုင်း နှစ်နိုင်ငံခေါင်းဆောင်များ အကြား သဘောတူညီမှု ရရှိခဲ့ကြောင်း ထိုင်း အစိုးရ၏ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဆူပါချိုင်းချိုင်ဆမွတ်က ပြောကြားခဲ့ပါသည်။
ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ အရေး၊ လုံခြုံရေး၊ လမ်းဖောက်လုပ်ရေး ကိစ္စရပ်များကို လည်း ဆွေးနွေးခဲ့ကြောင်း ထိုင်းအစိုးရ၏လက်ထောက် ပြောရေးဆိုခွင့် ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
ထိုကဲ့သို့ ပြောကြားမှုကို  အာဆီယံထိပ်သီး ဆွေးနွေးပွဲများ ကျင်းပရာ ဂျကာတာ ကွန်ဗင်းရှင်းစင်တာ၌ မေလ ၈ ရက်နေ့နံနက်ပိုင်းက ထိုင်းအစိုးရ၏လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဆူပါချိုင်းချိုင်ဆမွတ်နှင့် Biweekly Eleven News ဂျာနယ်တို့ သီးခြား တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ထိုင်းနိုင်ငံ ၀န်ကြီးချုပ်က မြန်မာသမ္မတဦးသိန်းစိန်ကို မြန်မာ -ထိုင်းနယ်စပ်ဖြစ်တဲ့ ကချနာဘူရီနဲ့ ပရာချပ်ကီရီခန်တို့မှာ နယ်စပ်ကုန် သွယ်ကုန်သွယ်ရေးစခန်းသစ်ဖွင့်လှစ်ဖို့ ပြောကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက် လို့ မြန်မာသမ္မတက သဘောတူခဲ့ ပါတယ်။ နောက်ပြီး အဲဒီဒေသက လုံခြုံရေးပြဿနာကို ကူညီဖြေရှင်း ပေးဖို့ကိုလည်း မြန်မာသမ္မတက ပြောကြားခဲ့ပါတယ်”ဟု ဆူပါချိုင်း ချိုင်ဆမွတ်က ငြတနနုပ နူနလနည နြတျ ဂျာနယ်သို့ပြောကြားခဲ့သည်။
“ထိုင်းကနေ ထားဝယ်ကို ကြားခံပြီး အိန္ဒိယထိ သွားလာနိုင်မယ့် လမ်းဖောက်လုပ်ရေးကို ထိုင်းနိုင်ငံဘက်က စီစဉ်နေပါတယ်။ ဒီအကြောင်းကိုလည်း နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံရာမှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့  မြန်မာဘက်က ပူးပေါင်း ဆောင်ရွက်ဖို့ ပြောကြားတဲ့အခါမှာ မြန်မာသမ္မတက သဘောတူညီခဲ့ပါ တယ်”ဟု ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။
ထို့ပြင် ထိုင်းဝန်ကြီးချုပ်က မြန်မာရွှေ့ပြောင်း လုပ်သားများအား ယခုနှစ်တွင် မှတ်ပုံတင်ခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်နိုင်ရန်အတွက် မြန်မာဘက်က ကူညီပေးရန်လည်း မြန်မာသမ္မတ ဦးသိန်းစိန်ကို ပြောကြားခဲ့ကြောင်း ဆူပါချိုင်းချိုင်ဆမွတ်၏ ပြောကြားချက်အရ သိရသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ရုံသာမက မြန်မာနိုင်ငံ ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားသည့် နိုင်ငံများထဲတွင် အပါအ၀င် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ဖွင့်လှစ်ထားသော နယ်စပ်ကုန်သွယ်ရေးစခန်းများ
စဉ်     အမည်  ဖွင့်လှစ်သည့်နေ့ နယ်စပ်
မူဆယ် (၁၀၅ မိုင်)      ၁၂-၁-၁၉၉၈    မြန်မာ-တရုတ်
လွယ်ဂျယ်       ၂၃-၈-၁၉၉၈    မြန်မာ-တရုတ်
ချင်းရွှေဟော်    ၁၉-၁၀-၂၀၀၃ မြန်မာ-တရုတ်
လိုင်ဇာ   ၂၅-၁၂-၂၀၀၃ မြန်မာ-တရုတ်
တာချီလိတ်     ၁၆-၃-၁၉၉၆    မြန်မာ-ထိုင်း
မြ၀တီ  ၁၆-၉-၁၉၉၈ မြန်မာ-ထိုင်း
ကော့သောင်း   ၁-၆-၁၉၉၆ မြန်မာ-ထိုင်း
မြိတ်   ၁-၇-၁၉၉၇ မြန်မာ-ထိုင်း
တမူး   ၁၂-၄-၁၉၉၆    မြန်မာ-အိန္ဒိယ
၁၀ ရိဒ်      ၁၀-၁၂-၂၀၀၃ မြန်မာ-အိန္ဒိယ
၁၁ စစ်တွေ ၁၀-၁၂-၁၉၉၈  မြန်မာ-ဘင်္ဂလားဒေ့ရှ်
၁၂ မောင်တော     ၅-၉-၁၉၉၅ မြန်မာ-ဘင်္ဂလားဒေ့ရှ်

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ