Welcome to my blog :)

rss

Thursday, April 21, 2011

နွေရာသီ အပူရှပ် မေ့မျောသွားခြင်း (Heat Stroke) လူနာကို အသက်ကယ် ကုသခြင်း


ဒီနှစ်နွေရာသီရဲ့ အပူချိန်ဟာ အတော်လေး ပြင်းထန်လာပါတယ်။ လာနီညာကြောင့် ပူပြင်းစွတ်စိုမှုကို မချိမဆန့် ခံရတော့မလားပဲ။ ဒီလို တစ်ရက်နဲ့ တစ်ရက်တောင် မတူဘဲ အပူချိန် အရမ်းပြင်းလာတဲ့ အချိန်မှာ ခန္စာကိုယ်က အပူချိန်ထိန်းညှိပေးတဲ့ စနစ် (Thermoregulatory Mechanism) က ချက်ချင်း အလိုက်သင့် အဆင်မပြေနိုင်သေးတဲ့အချိန်မှာ အပူဒဏ်ကြောင့် Heat Stroke (အပူရှပ် မေ့မျောသွားခြင်း) ဆိုတာ ခံစားရတတ်ပါတယ်။

ဒါဟာ အရည်ဓာတ်တွေ ဆုံးရှုံးလို့ ရှော့ရခြင်း၊ နေရာအနှံ့ သွေးကြောတွင်း သွေးခဲခြင်း၊ ကြွက်သားတွေ ပျက်စီးကုန်ခြင်း၊ အသည်းနဲ့ ကျောက်ကပ် အလုပ်မလုပ်တော့ခြင်း နဲ့ ဦးနှောက် ဖောယောင်ခြင်းတွေ ဖြစ်စေနိုင်လို့ အသက်အန္တရာယ်ရှိတဲ့ အရေးပေါ် အခြေအနေတစ်ရပ်ဖြစ်လို့ အဲဒီလူရဲ့ အသက်ဟာ ဘေးနားက လူတွေဆီမှာသာ ရှိပါတယ်။

အထူးသဖြင့် အ၀လွန်သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ အရက်သေစာ အလွန်အကျွံ သောက်စားထားသူတွေ၊ ဖျားနေတဲ့ သူတွေ၊ ပင်ပန်းစွာ အလုပ်လုပ်နေသူတွေ၊ အထူးသဖြင့် နေပူထဲမှာ အ၀တ်အစား လုံခြုံစွာ မ၀တ်ထားဘဲ အလုပ်ကြမ်းလုပ်သူတွေ(ဥပမာ လယ်ယာအလုပ်သမားများ) ဟာ Heat Stroke ရဖို့ အရမ်းနီးစပ်ပါတယ်။



ဖြစ်ရတဲ့ အကြောင်းအရင်းက အရမ်းပူတဲ့ အခြေအနေမှာ ခန္စာကိုယ်ကို အကြာကြီး ထားတဲ့အတွက် ခန္စာကိုယ်က ပြင်ပကနေ အပူတွေစုပ်ယူကာ ကိုယ်အပူချိန်တက်တာ အရမ်းမြန်လွန်းစေကာ ခန္စာကိုယ်ရဲ့ အပူချိန်ထိန်းညှိပေးတဲ့ စနစ် (Thermoregulatory Mechanism) က ကိုယ်အပူချိန်ကို မြန်မြန် ပြန်မချနိုင်ခင်မှာ ကိုယ်အပူချိန်က ၄၀ ဒီဂရီ ဆဲစီးယက်ကျော်သွားပြီး အပူချိန်ထိန်းညှိပေးတဲ့ စနစ်ပါ ယာယီပျက်သွားတဲ့ အတွက် ဖြစ်ရတာ ဖြစ်ပါတယ်။ ဒီစနစ်ရဲ့ ကိုယ်အပူချိန်ကို အဓိက ချပေးတဲ့ နည်းလမ်းက ချွေးထွက်စေခြင်းနည်း ဖြစ်ပါတယ်။ ဒီစနစ် ပျက်သွားတဲ့အတွက် ဝေဒနာခံစားရသူရဲ့ လက္ခဏာတွေက ………..

ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊
အသားများတဆတ်ဆတ် တုန်ကာ ချွေးမထွက်ခြင်း၊
အသားက အလွန်ပူခြစ်နေခြင်း၊
ဒေါသထွက် စိတ်ရှုပ်ထွေး နေခြင်း၊
လုံးဝ သတိလစ် မေ့မျောသွားခြင်း တို့ကို ခံစားရတတ်ပါတယ်။

ဒီလို ဖြစ်နေတဲ့ ဝေဒနာရှင်ကိုတွေ့ရင် အသက်ကယ်ဖို့ ဘာတွေလုပ်ပေးသင့်သလဲ ဆိုတော့


(၁) လူနာဟာ နေပူကျဲတောက် ကွင်းပြင်မှာ လဲနေတာ ဖြစ်ရင် အရင် အရိပ်ထဲကို ရွှေ့ပါ။

(၂) ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ဗလာကျင်း ဖြစ်နေရင် ရေစိုဝတ်နဲ့ ပတ်ပေးထားပါ။

(၃) လူနာဟာ အမြန်ဆုံး အအေးခံဖို့ လိုအပ်နေတာမို့ ရေပတ်တိုက်ပေးပြီး ယပ်တောင်လေ သို့မဟုတ် ပန်ကာလေ ခံပေးပါ။

(၄) ပေါင်ကြားနဲ့ ချိုင်းကြားမှာ ရေဖတ်ဝတ် ထားပေးပါ။ လဲပေးပါ။ ဖြစ်နိုင်ရင် ရေခဲကို အ၀တ်နဲ့ထုပ်ပြီး ထားပေးပါ။

(၅) ရေဓာတ်တွေ အများကြီး ဆုံးရှုံးသွားပြီး သွေးပေါင်ပါ ကျသွားတဲ့ အတွက် အကြောကနေ ရေဓာတ်အမြန် ဖြည့်တင်းပေးဖို့နဲ့ အသားတွေတုန်ခြင်း၊ သွေးကြောတွေ ကျဉ်းသွားခြင်း စတာတွေကို တားဆီးဖို့ အတွက် ဖြစ်နိုင်ရင် နီးစပ်ရာ ဆေးရုံ သို့မဟုတ် ဆေးခန်းကို ပို့ပေးသင့်ပါတယ်။ (အကယ်၍ လူနာက လုံးဝ သတိမလစ်ဘဲ ရေကို သောက်နိုင်တယ်ဆိုရင်တော့ မဆိုးပါဘူး။ ဒါတောင် ဖြစ်နိုင်ရင် ဓာတ်ဆား တိုက်သင့်ပါတယ်။ မရနိုင်တော့လဲ ရရာ အရည် တစ်မျိုးမျိုးပေါ့။

တကယ်သာ ဂရုတစိုက်လုပ်ပေးရင် ၁ နာရီကနေ ၂ နာရီအတွင်း အသက်အန္တရာယ်ကနေ လွတ်ကင်းပြီး အကောင်းပကတိ ပြန်ဖြစ်နိုင်ကြောင်းပါ။


ဒီနည်းလမ်းတွေဟာ ဆေးပညာနဲ့ အညီ စနစ်တကျ နည်းလမ်းများ ဖြစ်လို့ စိတ်ချလက်ချ သုံးနိုင်ပါတယ်။ အယူသည်းပြီး ယုံမှားသံသယ ရှိရန်မလိုကြောင်း တင်ပြပေးလိုက်ပါတယ်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ