Welcome to my blog :)

rss

Thursday, April 21, 2011

အခြေခံ ယောဂ(သို့ ) စတုတ္တတံခါးနိုးထစေခြင်း။


ခေါင်းတခြမ်း ကိုက်ခြင်း ၊အအေးမိလွယ်ခြင်း ၊ မကြာခဏမောပန်းတတ်ခြင်းအတွက်သင့်လျော်ပါသည်။မျက်နှာပြင် ညီညာတောင့်တင်း သော မည်သည့်နေရာတွင်မဆို ပြုလုပ်နိုင်ပါသည်။
 

လေ့ကျင့်ပုံ အဆင့်ဆင့်
  

၁)  မြေပြင်ပေါ်တွင် ကျောခင်းထားပြီး လက်နှစ်ဖက်ကို ခန္ဓာကိုယ် နဘေးတွင် လက်ဖ၀ါးမှောက်လျက် အနေအထားမှစတင်ပါသည်။ဒူးခေါင်းတစ်စုံကို နဖူး အနီးသို့  ဆွဲယူပြီး ခြေတံများကို ကောင်းကင်ကို ကန်ထားသကဲ့သို့ ဆန့် တန်းပါ။လက်တစ်စုံကို တင်သားများ ၏ အောက်တွင် ပင့်တင်ထားပါ။
 
၂) ခန္ဓာကိုယ် ၏အလေးချိန်အားလုံးကို လက်မောင်း ၊ ပခုံး ၊ ဦးခေါင်းနှင့် လည်ပင်း
တို့ ဖြင့် ဟန်ချက်ညီပါစေ။ ခြေတံများကို အဖြောင့်ဖြစ်စေ၊ အနည်းငယ် ကွေးပြီးဖြစ်စေ သင့်တော်သလို ထားနိုင်ပါသည်။ ဟန်ချက်ညီ ထိန်းသိမ်းနိုင်စွမ်း ရှိလာပါက အကောင်းဆုံးမှာ ဖြောင့်တန်းအောင်ထားခြင်း ဖြစ်သည်။

၃) ၄င်းပုံစံအတိုင်း အသက် ၄ကြိမ်မှ ၁၀ ကြိမ်ထိ ရှု သွင်း/ထုတ်နေပါ။

၎) ဆန့် တန်းထားသော ဒူးခေါင်းများကို နဖူးပေါ်သို့  ကွေးလျက်ဆွဲယူ စေပြီး ခြေတံကြွက်သားများ ကို အနားပေးသာ ပုံစံဖြင့် အသက် ၂ကြိမ် မှ ၄ကြိမ်ထိ ရှူ သွင်း/ထုတ်ပြုပါ။

အကျိုးကျေးဇူး။
ပခုံးအထက်ပိုင်း အားစိုက်ထုတ်မှု များသောကြောင့် သွေးလည်ပတ်မှု ကောင်းမွန်ခြင်း၊ သိုင်းရွိက်အလုပ်လုပ်မှုကို နိုးကြားစေခြင်း၊ ကိုယ်ခံအားစနစ်များဆင့်ပွား တိုးတက်လာစေပါမည်။

သတိပြုသင့်သည်များ။

လတ်တလော
ပခုံးအထက်ပိုင်း ထိခိုက်မှူများရှိလျှင်ဒဏ်ရာသက်သာ ပျောက်ကင်း ချိန်၊ သွေးပေါင်ချိန် တိုးနေ ပါက သွေးပေါင်ပမာဏ ကောင်းမွန်ချိန် ၊ ရာသီလာသော ကာလ ကျော်လွန်ချိန်၊ ကိုယ်ဝန်ဆောင်ထားသူဖြစ်နေ ပါက မွေးဖွားပြီးချိန်များ မှ သာလေ့ကျင့် ရပါမည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ