Welcome to my blog :)

rss

Thursday, April 21, 2011

ရန်ကုန်ဆေးရုံကြီးတွင် ဒေါ်လာ ၁၂ သန်းကျော်တန် ကင်ဆာဓာတ်ရောင်ခြည် ကုသရေးစက်သစ်ကြီး တပ်ဆင်ပြီးစီး


ကင်ဆာဝေဒနာရှင်များ ဓာတ်ကင်ကုသမှု (Radiotherapy) ခံယူရာ ရန်ကုန်ဆေးရုံကြီး ဓာတ်ရောင်ခြည်ဌာနတွင် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် တန်ဖိုးရှိ ဓာတ်ရောင်ခြည်စက်သစ်ကို တပ်ဆင်ပြီး ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါစက်ကို IBTC ကုမ္ပဏီနှင့် ပြည်တွင်းအလှူရှင်များ စုပေါင်းကာ လှူဒါန်းခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စက်ဖြင့် စတင်ကုသမှု ပေးတော့မည် ဖြစ်ရာ ဓာတ်ရောင်ခြည်ကုသမှု ခံယူရန် စောင့်ဆိုင်းနေရသူများသည် ယခင်ကလောက် လနှင့်ချီ စောင့်ဆိုင်းစရာ မလိုတော့ကြောင်း ဆေးရုံကြီး ဓာတ်ရောင်ခြည်ဌာနမှ လက်ထောက်ဆရာဝန် တစ်ဦးက mmDailyNews သို့ ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း၌ ဓာတ်ရောင်ခြည်စက် ရှိသော ဆေးရုံများမှာ ရန်ကုန်ဆေးရုံကြီး၊ မန္တလေး ဆေးရုံကြီးနှင့် တောင်ကြီးမြို့ စ၀်စံထွန်း ဆေးရုံကြီးတို့၌သာ ရှိရာ တစ်နိုင်ငံလုံးရှိ ကင်ဆာဝေဒနာရှင်များသည် အဆိုပါ ဆေးရုံများသို့သာ လာရောက်၍ ကုသမှု ခံယူရပြီး ကာလရှည် တည်းခိုနေထိုင်ရခြင်း၊ အလှည့်ကျရန် စောင့်ဆိုင်ရခြင်း စသော အခက်အခဲများစွာ ရှိနေသေးကြောင်း၊ ရန်ကုန်ဆေးရုံကြီးတွင် ယခင်က စက်နှစ်လုံး ရှိသော်လည်း တန်းစီထားသော လူနာအရေအတွက် အများဆုံး နေရာ ဖြစ်သဖြင့် လူနာတစ်ဦးလျှင် ပျမ်းမျှ သုံးလခန့်အထိ စောင့်ရတတ်ကြောင်း၊ လွန်ခဲ့သော ကာလများကလည်း အဆိုပါ စက်နှစ်လုံးမှာ အားနည်းချို့ယွင်းခြင်းများ အနည်းငယ် ရှိနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ကြားသိရသည်။


ယခုအခါ ကင်ဆာရောဂါရှင်များအတွက် ဓာတ်ရောင်ခြည် ကုသမှု ခံယူရန် တတိယမြောက် စက်သစ်ကြီး ရန်ကုန်ဆေးရုံကြီးတွင် တပ်ဆင်ပြီး ဖြစ်ကြောင်း mmDailyNews မှ သတင်းကောင်း ပါးအပ်ပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ