Welcome to my blog :)

rss

Friday, October 29, 2010

> THE PRINCE OF PEACE(ကိုတီအမ်ထွေးရဲ့ ပလဲနက်တွင်းရှင်းပြမှုများမှ)

ကိုတီအမ်ထွေးရဲ့ဘာသာခြားများအပါအဝင် အစ္စလမ်သာသနာတော်မြတ်ကိုလေ့လာသူအားလုံးသို့လိပ်မူလျှက်တင်ပြမှု
များထဲကဖြစ်ပါတယ်...တစ်စုတစ်စည်းတည်းလေ့လာနိုင်အောင် တင်ပြပေးတာပါ...


In the name of Allah, the Gracious, the Merciful. The Gracious God.
( Chapter 55: Al-Rahman 1 - 2 )


All that is on earth will pass away; And there will abide for ever only the Person of thy Lord, Master of Glory and Honour. Which, then, of the favours of your Lord will ye twain, deny? (Chapter 55: Al-Rahman 27 - 29)


ယင်းပထ၀ီမြေပေါ်၌ ရှိရှိသမျှတို့သည် (မမြဲ) ပျက်စီးဆိတ်သုဉ်းအံ့သောအရာများပင် ဖြစ်ကုန်၏။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသော၊ တန်ခိုးတော်နှင့် ပြည့်စုံတော်မူသော၊ ကျေးဇူးတော်ရှင်ဖြစ်တော်မူသော၊အရှင်မြတ်(တစ်ပါး တည်း)သာလျှင် (ထာဝရ)ကျန်ရှိတော်မူပေမည်။ သို့ပါလျက် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူ သော အရှင်မြတ်၏ မည်သည့်ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြအံ့နည်း။(Chapter 55: Al-Rahman 27 - 29)

ချီးမွမ်းထောမနာခြင်း ဟူဟူသမျှသည် စကြာဝဠာ အပေါင်းတို့ကို ပြုစုပျိုးထောင်တော်မူထသော အလ'ာဟ်အသျှင်မြတ် အဘို့သာတည်း။ (အလ်လ'ာဟ်အရှင်မြတ်သည်) မပြတ်မစဲ သနားကြင်နာညှာတာ တော်မူသော အနန္တကရုဏာတော် ရှင်ဖြစ်တော်မူ၏။ (အလ်လ'ာဟ်အသျှင်မြတ်သည် ခပ်သိမ်း ကုန်သော သတ္တ၀ါတို့ကို ရှင်ပြန်ထစေတော်မူ၍ စီရင်ဆုံးဖြတ်တော်မူမည့်နေ့တော်ကြီးကို အစိုးရတော်မူသောအသျှင်ဖြစ်သည်။ (Chapter 1: Al Fatihah 1 - 4)

(ငါအရှင်မြတ်သည်) ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော (ဤ)ကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေ ထူထောင်တော်မူသည်။ မလွဲဧကန် အသင်(မုဟမ်မဒ်)သည် ရစူလ်တမန်တော် အပေါင်းတို့တွင် အမှန်ပင် တစ်ပါး အပါအ
ဝင် ဖြစ်သည်။ဖြောင့်မတ်သော တရားလမ်းပေါ်၌ တည်ရှိ နေပေသည်။ (Chapter 36: YaSin 1 - 5)

ဤသည့်ကျမ်းတော်သည်ကား အလွန်တရာနိုင်နင်းလွှမ်းမိုးတော်မူသော၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသော (အလ်လာဟ်) အရှင်၏ ထံတော်မှ ဗျာဒိတ်တော်တည်း။
(Chapter 36: YaSin 6)

၎င်းပြင် ထိုသူတို့အဖို့ သက်သေလက္ခဏာ တစ်ရပ်မှာ ညဥ့်ပင်ဖြစ်၏။ ငါအရှင်မြတ်သည် ထိုညဥ့် မှ နေ့ကို ချွတ်ခွာ၍ယူတော်မူ၏။ ထိုအခါ ၎င်းတို့ သည် အမှောင်ထဲ၌ ရှိနေကြရကုန်၏။ ၎င်းပြင် နေသည်(လည်း သက်သေလက္ခဏာ တစ်ရပ်)ပင်။ ထိုနေသည် မိမိ(သွားလာရာ)လမ်း အတိုင်း သွား(လာ)လျက် ရှိနေလေ၏။ ဤသည်ကား အလွန်တရာ နိုင်နင်း လွှမ်းမိုးတော်မူသော အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်၏ တိုင်းတာ သတ်မှတ် ချက်ပင် ဖြစ်၏။ ထိုနည်းတူစွာ လသည်(လည်း သက်သေ လက္ခဏာတစ်ရပ်)ပင်။ ငါအရှင်မြတ်သည် ထိုလ၏ အဖို့ ခရီးစခန်းများကို သတ်မှတ်တော်မူခဲ့ရာ နောက်ဆုံး တွင်မူ ထိုလမှာ ခြောက်သွေ့လျက်ရှိသော စွန်ပလွံကိုင်း ကဲ့သို့ ပြန်၍ဖြစ်လာလေ၏။ နေသည် လကို မမီနိုင်ပေရာ ထိုနည်းတူစွာ ညဥ့်သည်လည်း နေ့ကို ကျော်လွန်နိုင်သည်မဟုတ်ပေ။ စင်စစ်မှာကား အသီးသီးတို့သည်ဂြိုဟ်နက္ခတ် သွားလာရာလမ်းကြောင်းတစ်ခုစီ၌ ကူးခတ်သွားလာ၍ နေကြကုန်သတည်း။
(Chapter 36: YaSin 38 - 41)

Which, then, of the favours of your Lord will ye twain, deny?

Which, then, of the favours of your Lord will ye twain, deny?

Which, then, of the favours of your Lord will ye twain, deny?


ယနေ့ အနောက်နိုင်ငံများရှိ အုပ်ချုပ်သူအကြီးအကဲတချို့နဲ့ သတင်းဖြန့်ချိရေးမီဒီယာများမှ ပုဂ္ဂိုလ်အချို့က မွတ်စလင်အမည် ခံအစွန်းရောက်သမားတစ်စုရဲ့ ဂျီဟဒ်ဆိုတဲ့နာမည်နဲ့ အကြမ်းဖက်မှုတွေ ၊ အပြစ်မဲ့ ပြည်သူအများအပြားကို သေကြေပျက်ဆီးအောင်ပြုမှု တွေနဲ့ လူသတ်ဗုံးများထောင်မှု၊ အသေခံဗုံးခွဲမှု အစရှိတဲ့ ဆူပူသောင်းကျန်းမှုတွေကို ဒရစပ်ပြုမူနေကြတာကြောင့် “ ငြိမ်းချမ်းရေးလမ်းစဉ် ” လို့အမည်ရတဲ့ အစ္စလာမ်ကို တည်ထောင်သူအရှင်သူမြတ်ကြီးဖြစ်တဲ့ တမန်တော်မြတ်မုဟမ္မဒ်(sa)သခင်ကို မဟုတ်မတရားလုပ်ကြံမှုတွေ ပြုလုပ်လာကြပြီး မုဟမ္မဒ်ဟာ အစ္စလာမ်ဝါဒကို ဓားမိုးပြီး ဖြန့်ချိခဲ့တယ်၊ အစ္စလာမ်ဆိုတာ ဓားမိုးဝါဒဖြစ်တယ် ၊ မုဟမ္မဒ်ဟာ အကြမ်းဖက်သမား၊ လက်တစ်ဖက်မှာ ကိုအာန်ကျမ်းကိုကိုင်ပြီး ကျန်တဲ့လက်တစ်ဖက်မှာ ဓားကိုကိုင်လျက် အစ္စလာမ်ကို ဖြန့်ချိခဲ့တယ်စသဖြင့် အနောက်နိုင်ငံလောကမှ အကြီးအကျယ် ၀ါဒဖြန့်ချိလျက်ရှိပါတယ်။

အခုလို အစ္စလာမ်သာသနာတော်နဲ့ သာသနာတော်ကို လက်မွန်မဆွ အုတ်မြစ်ချတည်ထောင်ခဲ့သူ အရှင်သူမြတ်(sa)ကိုပါ အတိုင်းထက်အလွန် မဟုတ်မတရားစွပ်စွဲခဲ့ကြရုံ မည်ကာမတ္တမျှမဟုတ်ဘဲ သာသနာတော်ကို တည်ထောင်သူ အရှင်သူမြတ်ကြီးဖြစ်တဲ့ တမန်တော်မြတ် မုဟမ္မဒ်(sa)ကို ရုပ်ပြောင်များ ၊ ကာတွန်းများရေးဆွဲပြီး အန္တရာယ်အရှိဆုံးသူတစ် ယောက်အဖြစ် ဖော်ပြခြင်းများကို ပြုလုပ်ကြပါတယ်။

ဒါကို “ ငြိမ်းချမ်းရေးလမ်းစဉ် ” လို့ အဓိပ္ပာယ်ရတဲ့ “ အစ္စလာမ် ” သာသနာတော်ရဲ့ အုပ်ထိန်းသူများဖြစ်ကြသော သာသနာ့ပညာရှင် အမည်ခံပုဂ္ဂိုလ်အချို့သည် ထိရောက်တဲ့အဖြေကို ပေးကြရမယ့်အစား မိမိတို့ရဲ့ ယုံကြည်ချက်ကို ထိပါးလာရင် စော်ကားလာရင် စပ်စပ်ထိမခံကြဘဲ ခေါင်းဆောင်လုပ်သူများရဲ့ မျက်ရိပ်ကလေးတစ်ချက်မျှနဲ့ဘဲ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ ဂုဏ်သိက္ခာအားလုံးကို စွန့်လွှတ်လိုက်ကြဖို့ အသင့်ရှိနေကြတဲ့ ရိုးသားဖြူစင်လှစွာသော အစ္စလာမ်သာသနာဝင်များဟာ မိမိတို့နိုင်ငံများအတွင်းမှနေပြီး အနောက်နိုင်ငံအလံတွေကို မီးရှို့ဖျက်ဆီးခြင်း၊ အနောက်နိုင်ငံခေါင်းဆောင်များ၊ မဟုတ်မတရားပုတ်ခတ်စွပ်စွဲအမနာပစကားတင်းဆိုလာကြသူ များ၏ ရုပ်ပုံများ၊ ရုပ်တုများကို မီးရှို့နင်းချေခြင်းတွေနဲ့ မိမိတို့တိုင်းပြည်များအတွင်း ဆူပူသောင်းကျန်းအုံကြွမှုတွေလုပ်ကြကာ မိမိတို့သာသနာကို တည်ထောင်သူကို မဟုတ်မတရား လုပ်ကြံစွပ်စွဲဖော်ပြမှုတွေအတွက် မိမိတို့ရင်ထဲမှ မခံချင်စိတ်များဖြစ်ပေါ်ပြီး တောက်လောင်လာခဲ့ရတဲ့ စိတ်ဓာတ်အားမာန်တွေကို တလွဲအသုံးချကာ စိတ်ကျေနပ်မှုကို ရယူလိုက်ကြပါတယ်။

ဒါတွေကို အခွင့်ကောင်းစောင့်နေတဲ့ အနောက်နိုင်ငံမီဒီယာများက ရုပ်မြင်သံကြားအစီအစဉ်များနဲ့ စာနယ်ဇင်းများမှာ တခမ်းတနားဖော်ပြကြပြီး မွတ်စလင်ဆိုတဲ့ သူတွေဟာ တကယ့်လူဆိုးတွေ လူရမ်းကားတွေ အစွန်းရောက်အကြမ်းဖက်သမားတွေပါလားဆိုပြီး ကမ္ဘာ့လူထုကြီးက အထင်အမြင်မှားရလေအောင် အကွက်ကျကျ ကစားသွားကြပါတယ်။

မသိနားမလည်ကြတဲ့ ရိုးသားလှသော မွတ်စလင်လူထုကြီးခမြာ တစ်ဖက်က မိမိတို့သာသနာနဲ့ သာသနာတည်ထောင်သူ အရှင်သူမြတ်ကို အစော်ကားခံရတယ်၊ ပြီးတော့ မိမိတို့ကို စော်ကားကြလို့ တုန့်ပြန်လုပ်ရပ်တွေကို ရုပ်ရှင်များရိုက်ကူးပြီး ကမ္ဘာ့ပရိသတ်ကြီး ရှေ့မှောက်ကို တကယ့်လူရိုင်းတွေ အစွန်းရောက်သမားတွေ ဆူပူသောင်းကျန်းခိုက်ရန်ပွားလိုသူ တွေအဖြစ်နဲ့ တခမ်းတနားပြသခြင်းကို ခံခဲ့ကြရပြန်ပါတယ်။ မွတ်စလင်များဟာ မြွေ ပါလည်းဆုံး သားလည်းဆုံးဘ၀ကို ရင်ဆိုင်ကြရပါတော့တယ်။

လက်သည်တရားခံ

ဒီလိုလုပ်ရပ်တွေက ခုကာလမှာမှ မဟုတ်ပါဘူး။ ဗြိတိသျှနယ်ချဲ့တွေ နိုင်ငံအရပ်ရပ်ကို သိမ်းပိုက်နယ်ချဲ့ပြီး အမ်သုံးလုံးစီမံကိန်းနဲ့ ကမ္ဘာအရပ်ရပ်ကို မိမိတို့လက်အောက်ကျရောက်အောင်ပြုလုပ်ခဲ့စဉ်ကာလကတည်းက လုပ်မြဲလုပ်လာခဲ့ကြတဲ့ မိမိတို့ ဘိုးစဉ်ဘောင်ဆက်ကတည်းက ရေလဲသုံးစွဲခဲ့ကြတဲ့ ဆေးမြီးတိုပဲဖြစ်ပါတယ်။ ခုလို အမြစ်လှန်တင်ပြရမယ်ဆိုရင်တော့ တနွယ်ငင်တစ်စင်ပါတဲ့ ဇတ်လမ်းရှည်ကြီး တင်ပြရတော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဓမ္မမိတ်ဆွေ ညီရင်းအစ်ကို မောင်ရင်းနှမများအနေနဲ့ မိမိတို့ဖာသာ လေ့လာနိုင်ကြစေရန်အတွက် အချက်ပြမီးကို ထွန်းပြလိုက်သလို အဓိကအရေးပါတဲ့ အချက်အချို့ကို တင်ပြသွားပါ့မယ်။

ဗြိတိသျှနန်းရင်းဝန် ၀ီလျံအက်ဒွပ်ဂလက်စတုန်း(၁၈၀၉ - ၁၈၉၈) ဆိုသူက မိမိရဲ့ ပါလီမန်တစ်ရပ်မှာ မွတ်စလင်တို့အပေါ်တွင် ထာဝစဉ်အောင်နိုင်ရေး သုတေသန စာတမ်းတစ်စောင်ဖတ်ကြားတင်သွင်းပြီး ၁၈၈၂ ခုနှစ်မှ စတင်၍ ဗြိတိသျှပါလီမန်မှ ပြဌာန်းချက်ထုတ်ပြန်ထားတဲ့အညီ မွတ်စလင်တွေကို ရောက်လေရာအရပ်တိုင်း အထူးသဖြင့် အရှေ့အလယ်ပိုင်း အာဖရိကတိုက် အိန္ဒိယတိုက်ငယ်နဲ့ မြန်မာပြည်တို့မှာ စနစ်တကျ ဟောပြောစည်းရုံးခြင်းများ စာပေပရိယတ္တိများဖြန့်ဝေခြင်းများ စသဖြင့် ထိုးစစ်ဆင်လာခဲ့ကြပါတယ်။ အိန္ဒိယတိုက်ငယ်မှာ ဆိုရင် အစ္စလာမ်နဲ့ အစ္စလာမ့်တမန်တော်ကို ယုတ်ရင်းကြမ်းတမ်းစွာစော်ကားတဲ့ စာအုပ်စာပေများဟာ အဲ’ဒီကာလတုန်းက အိန္ဒိယတိုက်ငယ်တ၀ှမ်းလုံးမှာ မှီတင်းနေထိုင် လျက်ရှိခဲ့ကြတဲ့ မွတ်စလင်ဦးရေနဲ့အညီ စာအုပ်စာတမ်းပေါင်း ၆ ကုဋေကျော်မျှ ထုတ်ဝေလျက် အခမဲ့ဖြန့်ချိခဲ့ပါတယ်။ တစ်နည်းပြောရရင် လူတစ်ယောက်ကို တစ်အုပ်နှုန်းနဲ့ ထုတ်ဝေထားခဲ့ခြင်းဖြစ်ပါတယ်။

၁၈၃၅ ခုနှစ်၊ Basel (ဘေဆယ်လ်) သာသနာပြုအဖွဲ့မှ နာမည်ကြီး သာသနာပြုပုဂ္ဂိုလ် Rev. C.G P.Fander ဆိုသူက ရုရှနိုင်ငံတောင်ပိုင်းမှ ပြည်နှင်ဏ်ပေးခြင်းကို ခံရပြီး အိန္ဒိယနိုင်ငံ အာဂရာ မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ ဒ‘ီမြို့ကို မရောက်သေးမီကာလ ထိုခရစ်ယာန်အမည်ခံသာသနာပြုပုဂ္ဂိုလ်ဟာ အီရန်နိုင်ငံ ကရာမန်ရှားဆိုတဲ့အရပ်မှာ အစ္စလာမ်သာသနာနဲ့ ဆန့်ကျင်တဲ့ “ မီဇာနွလ်ဟတ်က် “ ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့ပြီး ဘာသာစကားစာပေပေါင်းများစွာဖြင့် ပြန်ဆိုဖြန့်ချိခဲ့ပါတယ်။
(www.eruditor.com/books/name/revcg_pfander.1325088.html.en - 26k -)

Sir William Muir ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ဘင်္ဂလားမှာ Civil Service ဖြင့်ရှိနေစဉ် ၁၈၆၁ ခုနှစ်မှာ Life of Mohamet ဆိုတဲ့ကျမ်းကို အင်္ဂလိပ်ဘာသာ(စာပေ)နဲ့ ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲဒ’ီကျမ်းမှာ တမန်တော်မြတ်ကြီး (sa) ဆန့်ကျင်ပြီး ဆင့်ပြန်ထားတဲ့ “ ၀ါကဒ’ီ ” ဆိုသူရဲ့ ဆင့်ပြန်ချက် လုတ်ဇတ်သမိုင်းများကို ဖော်ပြလျက် မဟုတ်တမ်းတရားတွေ ရေးသားဖော်ပြထားခဲ့ပါတယ်။ ဒ‘ီကျမ်းကို ခရစ်ယာန်ရဟန်း Fander ဆိုသူရဲ့ ဖိအားပေးမှုနဲ့ဘဲ ရေးသားခဲ့ခြင်းဖြစ်ပါတယ်။
(www.answering-islam.de/Main/Books/Muir/index.htm - 2k -)


ခုလိုပဲ ခရစ်ယာန်ဂိုဏ်းများ အသင်းအဖွဲ့များနဲ့ ခရစ်ယာန်ရဟန်းအများအပြားတို့ဟာ မွတ်စလင်တွေကို တိုက်ခိုက်စော်ကားရေးသားထားတဲ့ စာအုပ်စာပေအမြောက်အမြားကို အူရဒူ(ပါကစ္စတန်ဘာသာစကား၊ အိန္ဒိယနှင့် ကမ္ဘာအ၀န်းမွတ်စလင်ရာခိုင်နှုန်း တော်တော်များများ ပြောဆိုသုံးစွဲသည့် ဘာသာစကား )၊ ဖာရစီ(အီရန်ဘာသာစကား)၊ အာရဗီနဲ့ အင်္ဂလိပ်ဘာသာစကားများဖြင့် အရေအတွက် ကိန်းဂဏန်းများအားဖြင့် ဖော်ပြလို့ မရလောက်အောင် ထုတ်ဝေဖြန့်ချိခဲ့ကြပါတယ်။

ခေတ်သစ်ထုတ်ဝေဖြန့်ချိမှုအနေနဲ့တော့ ဒီခရစ်ယာန်အမည်ခံ ကန့်လန့်ကာအကွယ်က အကြမ်းဖက်သမားများဟာ မွတ်စလင်သာသနာဝင်များထဲမှ အတွင်းစိတ်သဘောမကောင်းသူများ၊ု မိမိတို့၏ စိတ်တွင်း မိမိတို့ကိုယ်ပိုင် ယုံကြည်ချက်ကိုမျှ ထဲထဲဝင်ဝင်နားမလည်ကြ၊ သဘောမပေါက်ကြသေးသဖြင့် ငွေကြေးရမက်လောကီစည်းစိမ်ကို ငမ်းငမ်းတက် လိုချင်သူ အမည်ခံ မွတ်စလင်များကို ခုတုံးလုပ် အသုံးချကာ ကမ္ဘာ့စာဖတ်ပရိသတ်ကြီးအား လှည့်ဖျားကြပြန်ပါတယ်။

အနီးစပ်ဆုံး ဥပမာပြစရာ စာအုပ်ကတော့ ဆလ်မာန်ရပ်ရှ်ဒီရဲ့ မတရားပုတ်ခတ်ထားတဲ့ ၀တ္ထု အမည်ခံထားတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ တကယ်လို့ သူဟာ ရိုးသားသူတစ်ယောက်ဖြစ်တယ်ဆိုရင် ၊ စာဖတ်ပရိသတ်ကြီးကို လှည့်စားဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူးဆိုရင် သူ့ရဲ့အမနာပစာအုပ်ကို Fiction Series ထဲ ထည့်မပြစ်ဘဲ “ ကျုပ်ရေးတာ အမှန်အကန်တွေဗျ၊ ဘာကြောင့် Fiction လို့ပြောရမှာလဲ ” လို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် သူက အင်တာဗျူးတစ်ခုမှာ အင်တာဗျူးပုဂ္ဂိုလ်တစ်ဦးရဲ့ “ ခင်ဗျားဟာ မွတ်စလင်ကမ္ဘာကို ဒီစာအုပ်နဲ့ အုံကြွစေခဲ့သူလို့ ဖော်ပြရင် ခင်ဗျားဘယ်လိုတုန့်ပြန်မလဲ“ လို့မေးမြန်းခဲ့စဉ် သူက ကျွန်တော်ရဲ့ စာအုပ်က Fiction တစ်ခုပါ၊ သူတို့ဘာကြောင့် ကျွန်တော့်ကို ဒီလိုတုန့်ပြန်ခဲ့သလဲဆိုတာ ကျွန်တော်နားမလည်ပါလို့ ဖြေဆိုခဲ့ပါတယ်။ ယုတ်ညံ့သိမ်ဖျင်းတဲ့ စိတ်ဓာတ်ပိုင်ရှင် ရပ်ရှ်ဒီဟာ လူကောင်းယောင်ဆောင်ကာ လှည့်ထွက်သွားပြီး သူကတရားခံမဟုတ်ပါလို့ ဖြေကြားခဲ့ပါတယ်။

ရပ်ရှ်ဒီရဲ့ စေတန်နစ်ဗားစက်ထွက်ပေါ်လာခဲ့အပြီးမှာ အီရန်နိုင်ငံအကြီးအကဲ အယာတိုလာခိုမေနီရဲ့ ရပ်ရှ်ဒီအပေါ်ဓမ္မသတ်ဆုံးဖြတ်ချက်ကြောင့် အနောက်တိုင်းတစ်ခုလုံးနီးပါး တုန်လှုပ်သွားခဲ့ကြပါတယ်။ ဒီဓမ္မသတ်ကိစ္စကတော့ ရှီးယိုက်လောကရဲ့ ဂရက်ရိုက်မှုကနေ ထွက်ပေါ်လာတာကြောင့် ဘယ်လိုမှသုံးသပ်ပြစရာ အကြောင်းမရှိပါဘူး။

ရပ်ရှ်ဒီစခဲ့တဲ့ ဒီပြဿနာကတော့ မွတ်စလင်ကမ္ဘာကို တိုက်ခိုက်စော်ကားရှုံချမှုအဖြစ်ကနေ
`` လွတ်လပ်စွာရေးသားဖော်ပြပိုင်ခွင့် ´´ ဆိုတဲ့ ဒီမိုကရေစီ အလွဲသုံးမှုဆီသို့ ရိုးရှင်းစွာ အသွင်ပြောင်းလဲခဲ့ပါတယ်။ အနောက်တိုင်းမီဒီယာတွေကတော့ အခွင့်အရေးကို ချောင်းမြောင်းနေတဲ့နည်းတူ ဒီကိစ္စကိုပဲ ပုံကြီးချဲ့ကားခဲ့ကြကာ အဟောင်းကို အသစ်ဖြစ်စေခဲ့ကြပြန်ပါတယ်။ ခေတ္တမြုပ်ကွယ်နေတဲ့ အန္တီအစ္စလာမ်မီးတောက်ကြီးကို ပြန်ထွန်းညှိကြကာ အစ္စလာမ်နဲ့ အနောက်တိုင်းနိုင်ငံများအကြား အအက်အကွဲကြီးတစ်ခု ဖြစ်လာမယ့် သေနင်္ဂဗျူဟာအဖြစ် ဆွဲငင်ယူကာ အရံသင့် အသုံးတော်ခံခဲ့ကြပါတော့တယ်။

ရပ်ရှ်ဒီရဲ့ ဖော်ပြပါစာအုပ်ကပဲ မေးခွန်းအမြောက်အမြားကို ဖြစ်စေခဲ့ပါတယ်။

- ကမ္ဘာလောကကြီးတစ်ခုလုံးအား ငြိမ်းချမ်းခြင်းအလံအောက်ဆွဲယူသွားနိုင်မယ့် အကွက်အကွင်းကို ခြိမ်းခြောက်ခြင်းကြောင့် ဘယ်သူတွေကို အပြစ်တင်မှာလဲ၊ ဘယ်သူတွေက အဲသလိုလုပ်နေကြတာလဲ၊ ဘယ်သူတွေက လက်သည်တရားခံများဖြစ်ကြပါသလဲ။

- ရိုသားဖြူစင်လှတဲ့ သန်းပေါင်းများစွာသော အပြစ်မဲ့ပြည်သူတွေကို ထိခိုက်နာကြင်ခံစားစေဖို့အတွက် လွတ်လပ်စွာရေးသားဖော်ပြပိုင်ခွင့်ဆိုတဲ့ ဒီမိုကရေစီအလွဲသုံးမှုကြီးကို လိုင်စင်အဖြစ် အကွက်ကျကျအချိန်ကိုက်ထုတ်ပေးလိုက်ခြင်းက သင့်တော်မှန်ကန်မှုတစ်ခုဖြစ်ပါသလား။

- လျော်ကန်သင့်တော်ခြင်းဘောင်အပြင်ဘက်ကနေ စေ့စေ့စပ်စပ်ခြေထိုးခြင်းကို ``Fiction´´ ဆိုတဲ့ခေါင်းစဉ်အောက်ကနေ လှုပ်ရှားသွားခဲ့ခြင်းအား ဒီမိုကရေစီလို့ ကင်ပွန်းတပ်ကြအုန်းမှာလား။

- ရပ်ရှ်ဒီတတ်ကျွမ်းတဲ့ အစ္စလာမ်ဆိုင်ရာ ပညာအရေအချင်းက ဘာလဲ၊ အစ္စလာမ်လောကအတွက် သူအမှန်တကယ်ခံစားသိမြင်ခဲ့တာကဘာလဲ၊ သူက ဒီလိုစာအုပ်မျိုးကို ရေးသားလိုက်တာကြောင့် နောင်နှစ်ပေါင်းများစွာအတွက် ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာနိုင်ပါ့မလဲ။ မွတ်စလင်လောကအတွင်း မွတ်စလင်ဘယ်နှစ်ဦးလောက်က သူ့စာအုပ်ကိုဖတ်ပြီး မိမိတို့သာသနာအပြင်ဘက်ကို ရောက်ရှိသွားခဲ့ပါသလဲ။

- ရပ်ရှ်ဒီစာအုပ်က ဘာသာရေးဆိုင်ရာ ပဋိပက္ခရဲ့ တရားခံလား၊ ဒါမှမဟုတ် မွတ်စလင်လောကအတွင်းသို့ ပြစ်သွင်းလိုက်တဲ့နိုင်ငံရေးဆိုင်ရာ ချိန်ကိုက်ဗုံးတစ်လုံးရဲ့ အစပျိုးပေါက်ကွဲမှုလား။

ဒါပေမယ့် ဒီလိုအခြေအနေမျိုးမှာ သူ့စာအုပ်ကို အရေးပေးဆွေးနွေးဖို့ လုံးဝမလိုအပ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုက ထွက်ပေါ်လာတဲ့ စာအုပ်တစ်အုပ်ကို နိုင်ငံတကာက ၀ိုင်းဖွနေတဲ့အချိန်မှာ ကိုယ်တိုင်က ဘာမှမသိခဲ့ဘဲ၊ အခုမှ ဟိုဟိုဒီဒီကနေ ကြားဖူးနားဝနဲ့ သိလာခဲ့တဲ့ စေတန်နစ်ဗားစက်ကို ဟုတ်လှပြီ၊ ပိုင်ပြီဆိုပြီး ကော်ပီကူးချတင်ပြကြတာကြောင့်လည်းကောင်း၊ အစ္စလာမ်အရင်းခံတရားများနဲ့ယှဉ်ကြည့်ရင် အလွဲကြီးလွဲနေတာကို ကွက်ကွက်ကွင်းကွင်းတွေ့နိုင်နေတာကြောင့်လည်းကောင်း၊ အစ္စလာမ်အရင်းခံတရားများကို အတွင်းကျကျသိချင်သူများက တိုက်ရိုက်လေ့လာပြီး အကျိုးခံစားသိရှိနေကြသောကြောင့်လည်းကောင်း လိုအပ်သည်ဟု ယူဆသည့် အကြောင်းးအချက်အချို့ကိုသာ တင်ပြသွားပါမည်။

ရပ်ရှ်ဒီ၏ ပုံမှားရိုက်မှုကြီး

ရပ်ရှ်ဒီရဲ့ ပုံမှားရိုက်အမြတ် ထုတ်မှုကိုတော့ ဖော်ပြဖို့ထိုက်တန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မွတ်စလင်များအနေနဲ့ ကိုယ့်ရဲ့ လောကီလောကုတ် တိုးတက်မှုလမ်းကြောင်းကို တစိုက်မတ်မတ်သွားနေကြတဲ့အထဲမှာ အရုးတွေကို ကရုစိုက်စရာမလိုပေမယ့် အရူးအရူးနဲ့ အိမ်ဦးတက် မစင်စွန့်မည့်အရေးရှိနေသဖြင့်ကြောင့် ဖြစ်ပါတယ်။

ရပ်ရှ်ဒီဟာ စေတန်နစ်ဗားစက်ကို မရေးမီ Grimus, Midnights Children, Shame စတဲ့ စာအုပ်တွေကိုရေးပြီး လုပ်စားနေခဲ့ပါတယ်။ ဒီလိုပြုမူနေတာတွေကို နောက်ကွယ်ကြိုးဆွဲ တရားခံများဖြစ်တဲ့ အနောက်တိုင်း အစိုးရများ၊ ခရစ်ယာန်ဘုန်းကြီးများက သူ့ကို ဆုတွေအမျိုးမျိုးချီးမြင့်ခြင်း၊ သို့ချီးမြင့်ဖို့ ထောက်ခံပေးကြခြင်းတွေလုပ်ပြီး ထုံးစံအတိုင်း အစ္စလာမ်မုန်းတီးရေးအရင်းခံအကြောင်းကို ပြန်လည်ဖော်ထုတ်လုပ်ဆောင်လာကြပါတယ်။ မောင်မောင်ခေါ်လေလေ ဘ၀င်ခိုက်ပြီး ထီးရိုးကို ရှည်ရှည်လုပ်ဆောင်းတဲ့ ရပ်ရှ်ဒီတစ်ယောက် ခရစ်ယာန်စာရေးဆရာတွေရဲ့ မုန်းတီးမှုအခြေခံစာအုပ်များကို လိုသလိုဖြတ်ယူကူးချကာ အဆုံးမှာတော့ ဖော်ပြပါ အမနာပ ``Fiction´´ အမည်ခံစာအုပ် ထွက်ပေါ်လာပါတယ်။ ကျောထောက်နောက်ခံ အနောက်တိုင်းခရစ်ယာန်ဘုန်းကြီးများကတော့ သူ့ကို လိုသလို အကူအညီပေးကာ အခွင့်ထူးစေခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်ရဲ့ အရေးအသားက လိုတာထက်ပိုတယ်လို့ ထင်ကြရင်တော့ ဗာတီကန်မှာ သတင်းသုံးနေတဲ့ ပုပ်ဘနဒစ်ရဲ့ လွန်ခဲ့တစ်နှစ်ခန့်က ဟောပြောခဲ့တဲ့ အစ္စလာမ်ပုတ်ခတ်ရေးတရားအကြောင်းက သက်သေအဖြစ်တင်ပြဖို့ လုံလောက်ပါတယ်လို့ ကျွန်တော့်ဘက်က ဆိုချင်ပါတယ်။

ရပ်ရှ်ဒီရဲ့ ဖော်ပြပါစာအုပ်မှာ ခိုးချထားပုံတွေက ယခင်ဘယ်သူတွေရေးထားပြီး ပြောထားပြီးဖြစ်တယ်ဆိုတာကို တင်ပြပေးရင်လည်း သက်သေအထောက်အပံ့တစ်ခုဖြစ်စေမှာပါ။ Maximan Rodinson လို့ခေါ်တဲ့ ခရစ်ယာန်အမည်ခံဆရာကြီးက ``Mohammed´´ လို့အမည်ပေးထားတဲ့ စာအုပ်တစ်အုပ်ရေးပြီး မွတ်စလင်အများစု ကြားဖူးရုံမျှမရှိသော Tabari ရေးသမိုင်းများကို အခြေခံကာ စာအုပ်ရဲ့ စာမျက်နှာ ၁၀၆ မှာ အစ္စလာမ်သာသနာဝင်များကိုးကွယ်ရာ ထာဝရဘုရားရှင်တော်အား မဟုတ်မတရားပုတ်ခတ်ခဲ့ပါတယ်။ ဒါကို ထပ်တူညီစွာ ကူးချတာက မစ္စတာရပ်ရှ်ဒီပဲဖြစ်ပြီး သူကလည်း သူ့စာအုပ်ရှေ့ပိုင်းစာမျက်နှာများမှာပဲ အဲဒီအကြောင်းကို ဖော်ပြထားပါတယ်။

ဒေါက်တာနဇီးရ်အလီဆိုတဲ့ ခရစ်ယာန်ဘုန်းကြီးဆီကနေ ရပ်ရှ်ဒီဘာတွေရခဲ့ပါသလဲဆိုတာလည်း ဆက်လက်ဆန်းစစ်ရမှာပါ။ အစ္စလာမ်ပတ်သက်လာရင် နကန်းတစ်လုံးတောင်သူမသိပါလို့ အင်တာဗျူးတစ်ခုမှာဝန်ခံဖူးတဲ့ ရပ်ရှ်ဒီခမြာ မစင်တွင်းထဲကျတဲ့ ခွေးတစ်ကောင်လို မြိန်ရှက်စွာ အသုံးတော်ခံရင်း လောကီစည်းစိမ်တိုးပွားအောင်ပြုလုပ်လိုက်ပုံက နဇီးရ်အလီရဲ့ စာအုပ် ``Islam: A Christian Perspective´´ စာမျက်နှာ ၂၄ - ၂၅ ပါအကြောင်းအရာများကို တိုက်ရိုက်မဟုတ်ယုံတမယ် ကူးယူခဲ့ပါတယ်။

အခြားထင်ရှားတဲ့ အမည်ခံခရစ်ယာန်စာရေးဆရာ Montgomery Watt ၊ ခရစ်ယာန် သီလရှင် Karen Armstrong တို့ဆီကလည်း same to same ပုံတူကူးယူကာ သူ(ရပ်ရှ်ဒီ)ကပဲ အသေးစိတ်လေ့လာထားလေဟန် တင်ပြထားပါတယ်။

မောင်ဂိုမာရီဝပ်ရဲ့ ``Mohammed at Medina ´´ စာအုပ်၊ စာမျက်နှာ ၃၂၆မှလည်းကောင်း၊ ``Islamic Fundamentalism and Modernity´´ စာအုပ် စာမျက်နှာ ၁၇ - ၁၈ - ၁၁၄ - ၁၁၅ များမှလည်းကောင်း တိုက်ရိုက်ခိုးချထားပါတယ်။

ဒါ့အပြင် Karen Armstrong ရဲ့ ``Muhammad A Western Attempt to Understand Islam´´ ဆိုတဲ့စာအုပ် စာမျက်နှာ ၁၀၉ - ၁၁၃ ဖော်ပြချက်များကို ကူးယူပြီး ပုံကြီးချဲ့ပြသွားခဲ့ပါတယ်။

ရပ်ရှ်ဒီက အဲဒါတွေကို အရင်းတည်ပြီး ပုံကြီးချဲ့လုပ်စားသွားကြောင်းကို ပေါ်လွင်စေတာက သူ့စာအုပ် စာ ၃၇၃ - ၃၆၇ - ၉၃ - ၁၁၁ - ၁၂၄ - ၂၃၉ - ၃၆၅ စတဲ့ စာမျက်နှာတွေမှာ သူကပဲ အသေးစိတ်လေ့လာထားသလိုလိုနဲ့ ကူးယူကော်ပီလုပ်မှုတွေကို ရာစုနှစ်ပေါင်းများစွာကတည်းက အမုန်းတီးခံပြစ်မှတ်ဖြစ်နေတဲ့ မွတ်စလင်တွေအပေါ် ခေါင်းတုံးပေါ်ထိပ်ကွက်သလို အမြတ်ထုတ်သွားခဲ့ပါတော့တယ်။ (ရပ်ရှ်ဒီစာအုပ်ထဲမှ ဖော်ပြပါစာမျက်နှာများမှာ အနည်းငယ်မျှဖြစ်ပြီး စာရှုသူအနေဖြင့် အသေးစိတ်ကို ဖတ်ရှုလေ့လာချင်ပါသော် -
http://www.alislam.org/books/rushdie/RUSHDIE_Haunted_by_his_unholy_ghosts.pdf တွင်လေ့လာနိုင်ပါသည်။)

ဒါ့ကြောင့် ရပ်ရှ်ဒီစာအုပ်ရဲ့ အဓိကတရားခံတွေကတော့ အမည်ခံခရစ်ယာန် အနောက်တိုင်းသားများနဲ့ အမည်ခံခရစ်ယာန်ဘုန်းကြီးနဲ့ သီလရှင်များသာဖြစ်တယ်လို့ ဖော်ပြရင် လွဲမှားမှုတစ်စုံတစ်ရာမရှိနိုင်ပါဘူး။

ကရူးဆိတ်

မွတ်စလင်တွေရဲ့ ဥရောပနယ်မြေတိုးတက်ဖြစ်ထွန်းလာတာနဲပအမျှ ဥရောပသားတွေဟာ အာရပ်တွေရဲ့ ဓလေ့စရိုက်၊ ဒဿန၊ သိပ္ပံနဲ့ ဆေးပညာတွေရဲ့ ထူးကဲသာလွန်မှုတွေ၊ စီးပွားရေးနဲ့ စစ်အင်အားရဲ့ ထူးကဲသာလွန်မှုတွေကို အံ့သြမင်သက်ခြင်းမက အံ့သြခဲ့ အထင်ကြီးခဲ့ကြပါတယ်။ ဒါကျွန်တော်ပြောတာမဟုတ်ပါ။ ဂျာမန်လူမျိုး ဘာသာဗေဒပညာရှင် ``Hans Kung´´ ပြောခဲ့ခြင်းဖြစ်ပါတယ်။ အင်္ဂလိပ်မူကို တိုက်ရိုက်တင်ပြပေးပါ့မယ်။

Muslims had begun to make territorial progress throughout Europe and it is true to say that the ‘Europeans had felt great admiration for the superior state of Arab culture, philosophy, science, and medicine, as well as for the economic and military power of Islam.’ ( Hans Kung, Christianity and the World Religions, p. 20 ).

(http://books.google.com/books?id=z9U9JgAACAAJ&dq=Hans+Kung,+Christianity+and+the+World+Religions,)

အထက်ဖော်ပြပါ အကြောင်းချင်းရာကပဲ ကရူးဆိတ်ရဲ့ ဖြစ်ပွားရခြင်းအရင်းခံဖြစ်ပါတယ်။ ဒါကို သက်သေခံနေတာက ကရူးဆိတ်နောက်ပိုင်း ဥရောပနိုင်ငံကြီးများတိုးတက်ဖြစ်ထွန်းလာမှုပဲဖြစ်ပါတယ်။ ဒီကရူးဆိတ်ကို ခရစ်ယာန်ဂျီဟဒ်လို့ အချို့သော ခရစ်ယာန်သမိုင်းဆရာများကပဲ ကင်ပွန်းတပ်ကြပါတယ်။



၁၈ ရာစုရဲ့ ထင်ရှားတဲ့ သမိုင်းဆရာ David Hume ကတော့ ခရစ်ယာန်တွေရဲ့ ကရူးဆိတ်ကျူးကျော်စစ်ကို `` Universal Frenzy ´´ ၊ ကမ္ဘာလုံးဆိုင်ရာ ဒေါသပုန်ထမှုကြီးအဖြစ် ကင်ပွန်းတပ်ခဲ့ပါတယ်။
(THE RISE OF CHRISTIAN EUROPE, Hugh Trevor-Roper,Thames and Hudson, London 1965., page 28) (http://books.google.com/books?q=the+rise+of+christian+europe&btnG=Search+Books)

အမေရိကန်နိုင်ငံ ၊ Claremont Colleges ရဲ့ လူ့အခွင့်အရေးပါမောက္ခ Leonard W. Levy က သူ့ရဲ့ကျော်ကြားလှတဲ့
`` Treason Against God ´´ စာအုပ်မှာလည်း ခရစ်ယာန်ကရူးဆိတ်စစ်သားတွေက ဂျူးတွေ၊ မွတ်စလင်တွေကို အရောရောအထွေးထွေးသတ်ဖြတ်ပြစ်ခဲ့ကြောင်း၊ သူတို့တွေဟာ အဲဒီလိုသတ်ဖြတ်မှုတွေကို မြင့်မြတ်သော နယ်မြေပေါ်မှာတင်ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ သူတို့တွေဟာ ကလေးတွေ မိန်းမတွေကိုပါမကျန် သုတ်သင်ပြစ်ခဲ့ကြတယ်လို့ စာမျက်နှာ ၁၁၅ - ၁၁၆ မှာ ဖော်ပြခဲ့ပါတယ်။

`` The Crusades indiscriminately massacred Moslems and Jews in the Holy Land, not sparing women and children. ´´ (TREASON AGAINST GOD, Leonard W Levy, SchockenBooks, London 1981., page 115 - 116)
(http://books.google.com/books?q=TREASON+AGAINST+GOD&btnG=Search+Books)

ဒါနဲ့ဆန့်ကျင်ပြီး ပြင်သစ်နာမည်ကြီးစာရေးဆရာ Voltaire က မွတ်စလင်ဗိုလ်ချုပ်ကြီး ဆလာဒင်ကို အောက်ပါအတိုင်းမှတ် ချက်ပြုခဲ့ပါတယ်။

``The great enemy of the crusades, Saladin, who having beaten the Christians in battle, bequeathed his wealth impartially to the Moslem, Jewish and Christian poor.´´ (The Rise of Christian Europe, Page 104)

`` ကရူးဆိတ်စစ်သားတွေရဲ့ မဟာရန်သူကြီး ဆလာဒင်က ခရစ်ယာန်တွေကို စစ်ပွဲမှာတင်ချေမှုန်းနိုင်ခဲ့တာမဟုတ်ဘူး။ သူက သူ့ရဲ့ချမ်းသာမှုအမွေတွေကို မွတ်စလင်တွေ၊ ဂျူးတွေနဲ့ ခရစ်ယာန်သူဆင်းရဲတွေကို အညီအမျှဝေပေးသွားခဲ့ပါ သေးတယ်။ ´´ (THE RISE OF CHRISTIAN EUROPE, Hugh Trevor-Roper,Thames and Hudson, London 1965., Page 104)(http://books.google.com/books?q=the+rise+of+christian+europe&btnG=Search+Books)



အစ္စလာမ်အတွက် မုန်းတီးခြင်းတရား

ဒီမုန်းတီးခြင်းဟာ ဘာကို အခြေခံပြီး ပေါ်ပေါက်လာခဲ့ပါသလဲ။ နှစ်ရာနဲ့ချီပြီး စပိန်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ မွတ်စလင်တွေနဲ့ ပတ်သက်ပြီး ဘယ်ခရစ်ယာန်စာရေးဆရာကမှ မကောင်းတင်ပြတာမျိုးမရှိခဲ့သလို၊ မွတ်စလင်တွေက လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့် နဲ့ people of the Book အဖြစ် တပြေးညီဆက်ဆံမှုတွေပဲရှိခဲ့တာကြောင့် တင်ပြနိုင်ဖို့ အကြောင်းလည်းမရှိခဲ့ပါဘူး။ သို့ပေမယ့် ခရစ်ယာန်တွေရဲ့ မနာလိုဝန်တိုမှုကိုတော့ စပိန်ကို သူတို့သိမ်းပိုက်နိုင်အပြီးမှာ ကြေညာခဲ့တဲ့ ကြေညာချက် ကြောင့် ပေါ်လွင်စွာတွေ့ရှိရမှာဖြစ်ပါတယ်။ သူတို့က စပိန်နိုင်ငံအတွင်းရှိမွတ်စလင်တွေဟာ နိုင်ငံတွင်းမှာပဲဆက်လက်နေထိုင် လိုကြ တယ် ဆိုရင် တော့ အစ္စလာမ်သာသနာဝင်မဟုတ်ကြောင်း ကြေညာရမယ်၊ ဒါမှမဟုတ်ရင်တော့ စပိန်နိုင်ငံတွင်းက ချက်ချင်းထွက်သွားရမယ်၊ ဒီနည်းလမ်းနှစ်ခုထဲက တစ်ခုမှမလုပ်နိုင်ကြရင်တော့ အဆုံးစီရင်ခံရမယ်လို့ ခြိမ်းခြောက်ခဲ့ကြ ပါတယ်။ ဒီအကြောင်းအရာတွေကိုတော့ ဘယ်ခရစ်ယာန်စာရေးဆရာကမှ ကျယ်ကျယ်ပြန့်ပြန့်မဖော်ပြကြပေမယ့် တချို့ ပင်ကိုယ်ရိုးသားမှုရှိတဲ့သူတွေကတော့ ပေါ်ပေါ်လွင်လွင် ရေးသားဖော်ပြကြပါ တယ်။ ဒါကလည်းလိမ်လည်လို့မရတဲ့ သမိုင်းကြောင်းဖြစ်လို့ ကျွန်တော်တို့အနေနဲ့ အသေအချာလေ့လာစူးစမ်းလေလေ ပိုမိုထင်ရှားစွာ သိရှိရလေလေဖြစ်ပါတယ်။

အမည်ခံခရစ်ယာန်စာရေးဆရာတွေကိုယ်တိုင် သူတို့အနေနဲ့ မွတ်စလင်တွေအပေါ် ဘာကြောင့်မုန်းတီးမနာလိုကြသလဲဆို တာနဲ့ စပ်လျဉ်းပြီး ၀န်ခံခဲ့ကြတာကို အနည်းငယ်တင်ပြဖို့ ထိုက်တန်ကြောင်း ယူဆမိပါတယ်။

`` မုဟမ္မဒ်သည် အာရေဗျတွင်နှစ်ပေါင်းများစွာတည်ရှိနေသည့် အယူဝါဒအမှားများကိုရှင်းလင်းခဲ့ပြီး မိမိပတ်ဝန်းကျင်တစ်ခုလုံးကို စိမ်းလန်းစိုပြေသာယာအောင် သူ၏သာသနာက လုပ်ဆောင်နိုင်ရုံမက တခြားမည်သည့်သာသနာတွင်မှာမှမရှိသော ရှောင်ကြဉ်ခြင်းတရားကို သူ၏သာသနာတွင်ရှိနေသည်ဖြစ်သဖြင့် သူ၏သာသနာသည် ဂုဏ်ယူဖွယ်ပင်။ ´´ (The Life of Muhammad by Sir William Muir, Vol IV, Page 534, Kessinger Publishing - First published 1878, this edition 2003)

``မွတ်စလင်များအတွင်း ကုသိုလ်ကောင်းမှုပြုခြင်း ချစ်ခင်မှုစိတ်ဓာတ်ပေါက်ပွားစေနိုင်ခဲ့ကာ အချင်းချင်းအကျိုးပြုရိုင်းပင်းကြ ဖို့ လမ်းညွှန်ခဲ့ကြောင်း၊ လက်တုန့်ပြန်လိုတဲ့စိတ်၊ မုဆိုးမများနဲ့ မိဘမဲ့များအပေါ် အနိုင်အထက်ပြုခြင်းများကို မုဟမ္မဒ်က မိမိရဲ့ဆုံးမသြ၀ါဒများဖြင့် အပြတ်ပင်နှိမ်နင်းခဲ့ကြောင်း.... သူ(မုဟမ္မဒ်)သာအလိုရှိလျှင် အဲဒီနိုင်ငံများမှာရှိတဲ့ ရုပ်တုဆင်းတုကိုးကွယ်သူများကို အမြောက်အမြားချေမှုန်းသုတ်သင်နိုင်မှာဖြစ်ကြောင်း၊ သို့သော်သူသည် တရားမျှတမှုကို ကျင့်သုံးခဲ့ပြီး အမြော်အမြင်ကြီးစွာဖြင့် စီမံခန့်ခွဲခဲ့ကြောင်း....´´(The History of the Decline and Fall of the Roman Empire, Vol V, page 231 - 315, Penguins Classics, First publised 1788, this edition 1996)
(http://books.google.com/books?q=The+History+of+the+Decline+and+Fall+of+the+Roman+Empire&btnG
=Search+Books)

ခရစ်ယာန်စာရေးဆရာတွေက ဒီလိုရေးလေလေ မလိုမုန်းထားစိတ်အရင်းခံရှိကြတဲ့ ခရစ်ယာန်သာသနာပိုင်တွေ အစိုးရတွေက မနာလိုဝန်တိုလေလေပါပဲ။

အစ္စလာမ့်သွန်သင်ချက်များက လက်တွေ့မကျင့်သုံးနိုင်သော အံ့သြမင်သက်ဖွယ်သက်သက် ကျမ်းစာထဲမှာသာ ဖော်ပြနိုင်တဲ့ သွန်သင်ချက်မျိုးမဟုတ်ပါဘူး။ ပါးတစ်ဖက်အရိုက်ခံရရင် အခြားတစ်ဖက်ထိုးပေးလိုက်ပါလို့ သွန်သင်ချက်ရှိတဲ့သာသနာက အဲဒါကို စောင့်ထိန်းလိုက်နာသူအရေအတွက် လက်ချိုးရေလို့ရလောက်အောင်တောင် ရှိပါသေးရဲ့လား။ အဲဒီသွန်သင်ချက်ကို ခပ်ကြွားကြွားကလေးဖော်ထုတ်ပြခဲ့တဲ့ ပေါလုတောင် မလိုက်နာနိုင်ပါဘူး။

၆ယုဒလူတို့သည် ငြင်းခုံဆဲရေးခြင်းကို ပြုသည်ရှိသော်း ပေါလုသည် မိမိအ၀တ်ကိုခါလိုက်လျက် သင်တို့၏အသွေးသည် သင်တို့၏ခေါင်းပေါ်၌တည်စေ၊ ငါမူကားကင်းလွတ်၏၊ ယခုမှစ၍ တပါးအမျိုး သားတို့ဆီသို့ သွားမည်ဟုဆိုပြီးလျှင် ၇ထိုအရပ်မှထွက်၍ ဘုရားသခင်ကိုကိုးကွယ်သော ယုတ္တုအမည်ရှိသော သူ၏အိမ်သို့သွား၏(တ ၁၈း၆ - ၇)

Monotheism တစ်ပါးတည်းဝါဒစစ်စစ်ကို ကျစ်လစ်ခိုင်မာစွာတင်ပြတဲ့ အစ္စလာမ်ကြောင့်လည်းကောင်း ၊ လောကီကို မပယ်ဘဲ လောကုတ္တရာအကျိုးကို ညွှန်ပြပြီး အဟုတ်အမှန်လက်တွေ့ကျင့်သုံးနိုင်သော ဥပဒေသွန်သင်ချက်မျိုးကို တင်ပြတဲ့ အစ္စလာမ်ကြောင့်လည်းကောင်း၊ တစ်သွေးတစ်သံတစ်မိန့်တည်းဟူသော စနစ်ကို အခိုင်အမာတင်ပြသော ကမ္ဘာပေါ်ရှိတစ်ခုတည်းသော သာသနာ အစ္စလာမ်ကြောင့်လည်းကောင်း ထိုသူတို့၏ မိစ္ဆရိယစိတ်များ တိုးပွားလာခြင်းမှာ အံ့သြစရာ မရှိပေ။

စာပေရေးရာ ထိုးနှက်တိုက်ခိုက်မှုများ

ခရစ်ယာန်တွေဟာ စာပေရေးရာအားဖြင့် တိုက်ခိုက်ခြင်းမှာလည်း လုံလဥသဟများခဲ့ကြပါသေးတယ်။ အထက်မှာလည်း အကြောင်းအရာအချို့ကို တင်ပြပေးထားပြီး ရပ်ရှ်ဒီရဲ့ ရှက်ဖွယ်လုပ်ရပ်ကိုလည်း တင်ပြပေးထားပါတယ်။

အမ်သုံးလုံးနယ်ချဲ့စီမံကိန်းအကြောင်း ပြန်ဆက်ရရင်ဖြင့် ခရစ်ယာန်ဘုန်းကြီး Fander ရဲ့ `` မီဇာနွလ်ဟတ်က် ´´ စာအုပ်မှ ခနဲ့တဲ့တဲ့ ဖော်ပြချက်ကို တင်ပြခြင်းဖြင့် ၄င်းတို့၏ စတင်မှုများကို သိရှိသွားနိုင်စေလိုပါတယ်။

ဖာသာဖန်ဒါတင်ပြခဲ့တာက -
`` ယခုတွင် တမန်တော်မိုဟာမက်ဟာ ၁၃ နှစ်တိုင်အောင် မေတ္တာကရုဏာကိုပြသသည့်အသွင်ဖြင့် မိမိသာသနာကို ဖြန့်ချိမှု၌ ကြိုးပမ်းအားထုတ်ခဲ့ပေပြီ။ .... သို့ဖြစ်ရာ ယခုအချိန်မှအစပြုပြီး မိုဟာမက်သည် ` အန်နဗီယာ ဘိစ်ဆိုက်ဖ် ´ ၊ ဆိုလိုသည်မှာ ဓားခုတ်သမားတမန်တော်ဖြစ်လာခဲ့ပေတော့သည်။ ထို့ပြင် ဤသည့်အချိန်မှစ၍ အစ္စလာမ်၏ အခိုင်မာဆုံးနှင့် အထိရောက်ဆုံးသော အားကိုးစရာအမှီအထောက်သည်ကား ဓားလက်နက်သာဖြစ်သည်ဟု သတ်မှတ်ရပေတော့သည်။ ´´ (မီဇာနွလ်ဟတ်က် ၊ စာ - ၄၆၈)

ဒိုဇီဆိုသူကလည်း -

``မိုဟာမက်၏ ဗိုလ်ချုပ်များမှာ လက်တစ်ဖက်တွင် ဓားလွတ်ကို ဆွဲကိုင်ထားပြီး အခြားတစ်ဖက်တွင် ကိုရာန်ကို ကိုင်၍ တရားပြသဟောပြောခဲ့ကြ၏။´´ လို့ တစ်မျိုး -

စမစ်သ် ဆိုသူကတစ်ဖန် -

`` ဗိုလ်ချုပ်ကြီးများကို မဆိုထားနဲ့ မိုဟာမက်ကိုယ်တိုင်သည်ပင် လက်တစ်ဖက်တွင် ဓား၊ အခြားတစ်ဖက်တွင် ကိုရာန်ကို ကိုင်လျက် လူမျိုးအသီးအသီးတို့ထံသို့ ၀င်ရောက်ခဲ့လေသည်။ ´´ လို့ ဖော်ပြရေးသားခဲ့ပါတယ်။

ထို့အတူ ဂျော့ဂ်ျဆေးလ် ဆိုသူကလည်း -

``သူ(တမန်တော်မိုဟမဒ်)၏ အဖွဲ့အစည်းတောင့်တင်းခိုင်မာလာခဲ့သောအခါ သူက ကျွန်ုပ်သည် ယင်းတို့အား တိုက်ခိုက်ရန်နှင့် ရုပ်တုကိုးကွယ်ခြင်းကို ဓားလက်နက်ဖြင့် ချိုးဖျက်ပြီး မှန်ကန်သောသာသနာကိုတည်ထောင်ရန် အခွင့်ကို အလ်လာဟ်အရှင်မြတ်ထံတော်မှ ရရှိပြီဟု ကြေညာလေတော့သည်။´´ လို့ဖော်ပြခဲ့ပြန်ပါတယ်။

ဒါတွေကို အထောက်အထားနဲ့ တိုက်ရိုက်ဖော်ပြနေရတာကတော့ ယနေ့ပလဲနက်ဖိုရမ်အတွင်းဖြစ်ပျက်လျက်ရှိနေခဲ့သော အစ္စလာမ်ဆန့်ကျင်ရေး မုန်းတီးမှုအရင်းခံအကြောင်းများမှာ ဤသို့ဤပုံ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းနဲ့ ပလဲနက်ရှိ ခရစ်ယာန်မှလွဲ၍ အခြားသာသနာအမည်ခံ ၊ အစ္စလာမ်ဆန့်ကျင်ရေး အဓမ္မ၀ါဒီများမှာ ထိုခရစ်ယာန်များ၏ ကျောင်းတော်ကရန်စ ဒဿနများကို လုံးဝအခြေခံကာလည်းကောင်း၊ ထိုသူများမှတဆင့် သူတို့၏ ဘိုးစဉ်ဘောင်ဆက်လက်ဆင့်ကမ်းလာခဲ့ကြတဲ့ အစ္စလာမ်အတွက် မုန်းတီးခြင်းစာပေများ၊ ၀က်ဘ်ဆိုဒ်များကိုလည်း ကူးယူဖော်ပြကြခြင်းဖြင့်လည်းကောင်း မြန်မာနိုင်ငံနှင့် ပြင်ပနိုင်ငံများရှိ မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူများကို အမြင်မှားအထင်မှားစေရန် ပြုလုပ်ခြင်းမျှဖြစ်ကြောင်း ဖြော်ပလို၍သာ ဖြစ်ပါတယ်။

ဒါ့အပြင် ကုရ်အာန်ကျမ်းတော်မြတ်နှင့် အစ္စလာမ်သွန်သင်ချက်အစစ်အမှန်များကို တိုက်ရိုက်လေ့လာခြင်းလုံးဝမရှိသော ခရစ်ယာန်ဝါဒီတစ်ဦးကလည်း မုဟမ္မဒ်(sa) သည် ယေရှုလုပ်ရပ်များ၏ ခြေဖျားမျှပင်မမှီကြောင်းကို ကျောင်းတော်ဒဿနအတိုင်း ၊ နာယူရရှိထားရသည့် မုန်းတီးရေးအခြေခံအ

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ