Welcome to my blog :)

rss

Friday, October 29, 2010

> အစ္စလာမ့်ဖတ်စရာမှတ်စရာစာစုများ

Sulaiman 75 days ago
ActivityRank: 16
ကဇွာရိုဇာဟ်နှင့် ကဖာရဟ်ရိုဇာဟ် Qazawah and Kaffarah

ကဇွာရိုဇာဟ်နှင့် ကဖာရဟ်ရိုဇာဟ်များအကြောင်း

(၁) ရမ်ဇာမ်လမြတ်တွင် ဖရဇ်အဖြစ်စောင့်ထိန်းသင့်သည့် ရိုဇာဟ်များကို အကြောင်း အမျိုးမျိုးကြောင့် မထားနိုင်လျှင်၎င်း၊
(၂) ရက်လသတ်မှတ်ပြီး ကိုးထားသော ရိုဇာဟ် များကို သတ်မှန်အချိန်အတွင်း မထားနိုင်ခဲ့သော်၎င်း၊
(၃) နဖိလ်ရိုဇာကို စောင့်ထိန်း နေပြီးမှ ဖျက်လိုက်လျှင်၎င်း၊
ထိုရိုဇာဟ်များကို ပြန်လည်ဖြည့်စွက်ရမည်။ ကဇွာဖြည့် စွက်ခြင်းကို မြန်နိုင်သမျှမြန်အောင် ပြုလုပ်သင့်သည်။ ၄င်းရိုဇာဟ်များကို ရက်ဆက်၍ ၄င်း၊ ရက်ခြား၍၄င်းဖြည့်စွက်နိုင်သည်။

၎င်းကဇွာရိုဇာဟ်များကို မစောင့်ထိန်းနိုင်လောက်အောင်ဖြစ်နေလျှင်၎င်း၊ အိုမင်းယင့် ယော်လွန်းနေလျှင်၎င်း၊ ကျန်းမာလာလိမ့်မည်ဟု မမျှော်လင့်နိုင်တော့လျှင်၎င်း၊ ၄င်း တို့၏ ဆွေမျိုးသားချင်းများက ဖိဒ်ယာပေးရမည်ဖြစ်သည်။ ဖိဒ်ယာပေးရမည့် အခြေ အနေသည် ဂျုံဖြစ်လျှင် ၁ ပိသာ ၁ဝ ကျပ်သား မုယောဆန်ဖြစ်လျှင် ၃ ပိသာ ၂၀ ကျပ်သား၊ (သို့) ၄င်းတို့၏ တန်ဖိုးနှင့် ညီမျှသော ငွေကို၎င်း၊ သို့ ၄င်းတို့နှင့် တန်ဖိုးညီမျှ သော ဆီ၊ ဆန်၊ ဆား တို့ကိုလည်းပေးနိုင်သည်။ အကယ်၍ ရိုဇာဟ်ကဇွာစောင့်ထိန်း ရန်တာဝန်ရှိသူသည် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားလျှင် ၄င်း၏ ဆွေမျိုး သားချင်းများအနေဖြင့် ၄င်းအတွက် ဖိဒ်ယာ ပေးပေးရမည်။

ဖရဇ်ရိုဇာဟ်များကို တမင်ဖျက်ပစ်လျှင် ကဖာရဟ်ထိုက်၏။ ကဖာရဟ်ဆောင်ရွက် နည်းနှစ်မျိုးရှိ၏။ တစ်မျိုးမှာ ရက်ပေါင်း ၆၀ ဆက်တိုက် ရိုဇာဟ်စောင့်ထိန်းရမည်။ အကယ်၍ ရက်ပျက်ဖြစ်ခဲ့လျှင် အစမှပြန်၍ ထားရမည်ဖြစ်သည်။ အခြားတစ်မျိုးမှာ ဆင်းရဲသား ၆၀ ဦးအား ထမင်း ၂ နှပ် အ၀ ကျွေး၇မည်။ ထမင်းမကြွေးနိုင်ဖြစ်လျှင် ဆင်းရဲသားတစ်ဦးအား ဂျုံဖြစ်လျှင် ၁ ပိသာ ၁ဝ ကျပ်သား မုယောဆန်ဖြစ်လျှင် ၃ ပိသာ ၂၀ ကျပ်သား (သို့) ၄င်းတို့၏ တန်ဖိုးနှင့် ညီမျှသော ငွေကို၎င်း၊ သို့ ၄င်းတို့နှင့် တန်ဖိုးညီမျှ သော ဆီ၊ ဆန်၊ ဆား တို့ကိုလည်းပေးနိုင်သည်။ ပေးနိုင်သည်။ ဆင်းရဲ သားတစ်ဦးတည်းကို ၆၀ ဦးအတွက်ပေးရမည့် ဂျုံနှင့် ၄င်း၏တန်ဖိုးညီသော ငွေများ အားလုံးကို တစ်ချိန်တည်း မပေးအပ်ရပါ။ သို့သော် ၄င်းဆင်းရဲသားတစ်ဦးကို တစ်ရက်လျှင် ထမင်း ၂ နပ် ရက်ပေါင်း ၆၀ ကျွေးလျှင်လည်း ပိုင်ပါသည်။ ဆင်းရဲသား တစ်ဦးကို တစ်ရက်အတွက် ထိုက်သော ကဖာရဟ်ထက် ပိုပေးခဲ့လျှင်လည်း ပိုသမျှ သည် အကျုံးမ၀င်ဘဲ တစ်ရက်အတွက်သာ ကဖာရဟ်ဖြစ်ပေမည်။ ကဖာရဟ် သတ် မှတ်ထားသည့် တန်ဖိုး (သို့) အလေးချိန်ထက် ရော့နည်းကာ ပေးအပ်လျှင်လည်း ကဖာရဟ်မပိုင်ပါ။ ရမ်ဇာမ်လ၏ ရိုဇာဟ်အချို့ပျက်ခဲ့လျှင်လည်း ကဖာရဟ်တစ်ခုသာ တာဝန်ရှိပါသည်။
 

Sulaiman 75 days ago
ActivityRank: 16
ဒီနှစ်မှ အရွယ်ရောက်တဲ့လူတွေ သို့ အကြောင်းအမျိုးမျိုးကြောင့် ရိုဇာမထားနိုင်တာ ကြာပြီဖြစ်တဲ့ လူတွေအတွက် အထောက်အကူ ပြုနိုင်မယ့် အချက်အလက်တွေပါ။

မူရင်းဆောင်းပါး >> http://www.iagd.net/LearnIslam/EidulFitrRamadan/Ramadantipsforfirst...

၁) ရက် ၃၀ ဆက်တိုက် ရိုဇာထားတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အလ္လာဟ်အရှင်မြတ်ရဲ့အကူအညီနဲ့ ဒီ ရက်၃၀ ဟာ သင့်အတွက် အဓိပ္ပာယ်အရှိဆုံး အကောင်းဆုံးရက်တွေ ဖြစ်လာမှာပါ။

၂) ရမ်ဇာန်လဟာ နေထွက်ချိန်မှ နေဝင်ချိန်အထိ အစားအသောက်ရှောင်ပြီး ဆင်းရဲသားများအတွက် ကိုယ်ချင်းစာတတ်စေရုံသာမကပဲ မိမိ၏ နှလုံးသားကို အပြစ်ရှိတဲ့ အတွေး အလုပ်များ အားလုံးမှ ရှောင်ကြဉ်ပြီး ဘဝရဲ့ အဓိပ္ပာယ် ကိုရှာဖွေရမယ့် အချိန်တစ်ခုပါ။ ရမ်ဇာန်လကို သင့်အတွက် အစားအသောက် ငတ်မွတ်ခြင်းများအတွက်ပဲ ကန့်သတ်မထားပါနဲ့။

၃) ဥပုသ်စောင့်ရင်းနဲ့ သင့်၏ အားနည်းချက် အားသာချက် တွေကိုမြင်သာလာအောင်လုပ်ပါ။ ရမ်ဇာန်လမှာ အလ္လာဟ်အရှင်မြတ်က ရှိုင်သွန် အားလုံးကို ထိန်းသိမ်းထားမှာဖြစ်တဲ့အတွက် မိမိရဲ့အပြစ်တွေဘယ်လောက်များနေလဲဆိုတာကို ဆန်းစစ်လို့ရပါတယ်။ ဒီအချိန်မှာတော့ ရှိုင်သွန်ကို ပုံချလို့မရတော့ဘူးလေ။ အကယ်၍ အပြစ်ရှိတဲ့အလုပ်တစ်ခုကို လုပ်ဖို့ စိတ်ထဲမှာပြင်းပြနေရင် တရားထိုင်သလိုမျိုး စိတ်ကိုငြိမ်အောင်ထားပြီး အဲဒီအလုပ်ကိုမလုပ်နိုင်အောင် ကြိုးစားပါ။

၎) လူတိုင်းကို ကောင်းကောင်းဆက်ဆံပါ။ သင့်အပေါ်အပြစ်လုပ်ခဲ့တဲ့လူတွေကိုလည်း ခွင့်လွှတ်ပေးပါ။ သူတို့ကို အဆက်အသွယ်လုပ်ပြီးတော့ သင်သူ့ကိုခွင့်လွှတ်ကြောင်း နဲ့ ကောင်းမွန်တဲ့ ရမ်ဇာန်လဖြစ်အောင် ဆုတောင်းပေးပါ။

၅) ဝါဖြေချိန်အတွက် အတတ်နိုင်ဆုံး သင်ရင်းနှီးတဲ့လူတွေအားလုံးနဲ့ အတူတူစားသောက်နိုင်အောင်စီစဉ်ပါ။ ဒါဟာ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ နဲ့ အဆက်အသွယ်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။

၆) နေ့စဉ်စားသောက်တဲ့ အစီအစဉ်ထဲမှာ ဆင်းရဲသားများ မတတ်နိုင်သူများ အတွက် တတ်နိုင်သလောက် ပါဝင်ပါစေ။

၇) မိမိရဲ့ မိသားစု၊ သူငယ်ချင်းများကို သရဝီ ဖတ်ဖြစ်အောင် ခေါ်ဆောင်ပါ၊ တိုက်တွန်းပါ။

၈) ရမ်ဇာန်လမှာ သူတစ်ပါးအတွက် အကျိုးပြုနိုင်မယ့် အလုပ်များကို တတ်နိုင်သလောက်လုပ်ပါ။

၉) နောက်ဆုံးအချက်ကတော့ ရမ်ဇာန်လဟာ သင့်အတွက် မကောင်းမှုအားလုံးကိုဆင်ခြင်၊ ကောင်းမှုကုသိုလ်များများလုပ်ကာ အလ္လာဟ်အရှင်မြတ်နဲ့ အနှောက်အယှက်မရှိပဲ ဆက်သွယ်နိုင်မယ့် လတစ်ပါ။ ဤ ရမ်ဇာန်လကိုကောင်းမွန်စွာအသုံးချပါ။ အားလုံးအတွက် အကျိုးရှိတဲ့ လတစ်လဖြစ်ပါစေ။
Sulaiman 75 days ago
ActivityRank: 16

"အလ္လာဟ်အရှင်မြတ်၏ထံတော်ပါး၌ ရိုဇာဟ် ဥပုသ်စောင့်ထိန်းသူ၏ ဂုဏ်အဆင့်သည် အလွန်တရာပင် မြင့်မားလှပေသည်.. "

"အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ နှစ်မြို့မှုသက်သက်ကိုရှေးရှု၍ အကျိုး ဆဝါဗ် ကိုမျှော်ကိုးလျက် ရမသွာန် ၏ ရိုဇာဟ်ကိုစောင့်ထိန်း၏။ ထိုသူ၏ အတိတ်က အပြစ်များကို ခွင့်လွှတ်တော်မှုမည် ဖြစ်၏ .. "

"ရိုဇာဟ်စောင့်ထိန်းသူ၏ ပါးစပ်မှထွက်သော အနံ့အသက်သည် အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ ကတိုးအနံ့ထက်ပို၍ မြတ်နိုးဖွယ်ရာ ဖြစ်ပေသည် .. "

"ကိယာမတ် နေ့တွင် ရိုဇာစောင့်ထိန်းသူတို့သည် ရိုဇဟ် ၏ ကြီးမားလှစွာသော အကျိုးဆုလာဘ်တော်များကိုရရှိကြမည် ဖြစ်သည်.. "

ရမသွာန် လ၏ပညတ်ချက်များ

၁) လမြတ် ရမသွာန် ၏ ရိုဇဟ် သည် ရူးသွပ်သူ နှင့် အရွယ်မရောက်သေးသူမှအပ အခြား မူစလင် တိုင်းအပေါ်၌ ဖရ်သွ် မလုပ်မနေရ တာဝန်ဖြစ်သည်။

၂) ဖဂ်ျရ် ဝင်ရောက်လာပြီး အချိန်မှစ၍ နေဝင်သည်အချိန်အထိ ရိုဇဟ် ၏ နီယတ်ဖြင့်စားခြင်း၊ သောက်ခြင်း နှင့် ကာမစပ်ယှက်မှု စွန့်လွှတ်ခြင်း ကို ယှရီအတ် တွင် ရိုဇာ ကိုခေါ်သည်။

၃) နှုတ်ဖြင့် နီယတ် ပြုခြင်း၊ တစ်စုံတစ်ရာကို မြွက်ဆိုခြင်းစသည်တို့ပြုလုပ်ရန်မလိုအပ်ချေ။ စိတ်အတွင်း၌ "ယနေ့ငါသည် ရိုဇာဟ် နှင့်ဖြစ်သည် " ဟု ရည်စူးလျက် တစ်နေ့လုံး တစ်စုံတစ်ရာ မစားမသောက် မေထုံမှု မပြုပဲ နေလိုက်လျှင် ရိုဇာဟ် အထမြောက်လေသည်။

၎) အကယ်၍ တစ်ဦးတစ်ယောက်သည် နံနက်မှ မိုးချုပ် သည်အထိ တစ်နေကုန် မစားမသောက်ပဲ နေခဲ့သည်။ စိတ်ထဲ၌ ရိုဇဟ် ကို ရည်စူးခြင်းမရှိ။ မဆာသဖြင့် သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် မစားမသောက်ခြင်းဖြစ်သည်။ ထိုအခါ ထိုသူ၏ ရိုဇဟ် သည် အထမမြောက်ချေ။ အကယ်၍ စိတ်ထဲ၌ ရိုဇာဟ် ၏ နီယတ် ပြုလိုက်လျှင် သူ၏ ရိုဇဟ် သည် အထမြောက်လေသည်။

၅) ယှရီအတ် တရားတော်အရ ရိုဇဟ် ၏ အချိန်သည် နံနက်အရုဏ်တက်ချိန်မှ စတင်လေသည်။ ထို့ကြောင့် အရုဏ်တက်ချိန် မရောက်မချင်း စားခြင်း သောက်ခြင်းစသည်တို့ပိုင်လေသည်။

၆) လမြတ်ရမသွာန်တွင် ညဥ့်အချိန်၌ ရိုဇဟ် ၏ နီယတ် ပြုလျှင်လည်း ဖရ်သွ် တာဝန်ကျေသွားလေသည်။ အကယ်၍ ညဥ့်အချိန် ရိုဇဟ် ထားရန်မရည်ရွယ် နံနက်မိုးလင်းသောအခါလည်း ယနေ့ရိုဇဟ် မထားတော့ဘူးဟုကြံရွယ်ခဲ့၏။ နေအတော်ကလေးမြင့်လာသော အခါ (နေမွန်းမတည့်ခင် တစ်နာရီအလိုအထိ) ဖရ်သွ် ရိုဇဟ် လွတ်ခြင်းမကောင်းဟု စဉ်းစားကာ နီယတ် ချည်လိုက်လျှင် ရိုဇဟ်အထမြောက်လေသည်။ သို့ရာတွင် နံနက်အချိန်၌ တစ်စုံတစ်ရာစားသောက်မိလျှင် နီယတ် မပြုအပ်၊ ရိုဇဟ် မပိုင်တော့ချေ။

စဲဟ်ရီစားခြင်းနှင့် အိဖ့်တွာရ်ပြုခြင်း (ဝါဝင် ဝါထွက် အစား စားသောက်ခြင်း)

၁) စဲဟ်ရီ စားသောက်ခြင်းသည် စုန္နတ်ဖြစ်လေသည်။ အကယ်၍ စွံပလွံသီး ၂ လုံး ၃ လုံးခန့်ဖြစ်စေ၊ သို့မဟုတ် အခြားအစားအစာ တစ်ခုခု အနည်းငယ်ဖြစ်စေ၊ သို့မဟုတ် ဘာတစ်ခုမျှ မစားသောက်ချင်လျှင်လည်း ရေအနည်းငယ်ဖြစ်စေ စားသောက်ရမည်။

၂) စဲဟ်ရီ စားသောက်ရာတွင် အတတ်နိုင်ဆုံး အချိန်ဆွဲဆိုင်းငံ့၍ စားလျှင် ကောင်း၏ .. ။ သို့ရာတွင် အရုဏ် တက်လာပြီး ရိုဇဟ် ပိုင်မည် မပိုင်မည် ဟု သံသယဖြစ်လာသည်အထိ နောက်ကျမခံရ။

၃) အကယ်၍ ညဥ့်အချိန်တွင် စဲဟ်ရီ စားရန် အိပ်ရာမှမနိုးပဲ အားလုံးအိပ်ပျော်နေကြသဖြင့် စဲဟ်ရီမစားဖြစ်သော်ငြားလည်း နံနက်တွင် ရိုဇဟ် ထားလိုက်ရပေမည်။ စဲဟ်ရီ လွတ်သွားသည့်အတွက် ရိုဇဟ် ကိုလွှတ်လိုက်ခြင်းသည် ကြီးလေးသော ဂုနာဟ် ထိုက်လေသည်။

၎) မိုးလင်းလေပြီဟု သံသယဝင်ဖွယ်ရှိသည်ခန့်မျှ အချိန်နောက်ကျသွားလျှင် စားသောက်ခြင်းမပိုင်တော့ချေ။ မက်ရူးဟ် ဖြစ်သည်။ ထိုသို့သောအချိန်၌ တစ်စုံတစ်ရာစားသောက်မိလျှင် ဂိုနာဟ် ဖြစ်လေသည်။ တစ်ဖန်မိုးလင်းနေပြီ ဖြစ်သောကြောင့် ထိုရိုဇဟ် ၏ ကသွာ ကိုထားရမည်။

၅) နေလုံးသည် လုံးဝဝင်သွားလေပြီဟု အတိအကျသိလျှင် သိချင်း ဝါဖြေလိုက်ခြင်း သည် မုစ့်တဟဗ် ဖြစ်လေသည်။ နေဝင်ပြီးနောက် ဝါဖြေရာတွင် အချိန်နောက်ကျခံခြင်းသည် မက်ရူးဟ် ဖြစ်လေသည်။

၆) စွံပလွံသီးဖြင့် ဝါဖြေခြင်းသည် မွန်မြတ်လှပေသည်။ သို့မဟုတ် အခြား ချိုမြသော ပစ္စည်းတစ်ခုခုဖြင့် ဝါဖြေရမည်။ အကယ်၍မလွယ်က ရေနှင့်ဖြေရမည်။ အချို့ယောက်ျား မိန်းမတို့သည် ဆားခဲဖြင့် ဝါဖြေလေ့ရှိကြသည်။ ထိုသို့ဝါဖြေရာတွင် အကျိုးဆဝါဗ် ရှိသည် ဟု ထင်မှတ်ယုံကြည်ကြသည်။ ဤကဲ့သို့အယူထားခြင်းသည် လုံးဝမှားယွင်းသည်။

၇) နေဝင်ရာတွင် သံသယရှိသမျှကာလပတ်လုံး ဝါဖြေခြင်း မပိုင်ချေ။
Sulaiman 75 days ago
ActivityRank: 16
ဇကာသ
ဇကာသ် ဟူသည် မိမိတွင်ရှိသော ပစ္စည်းဥစ္စာများအနက်မှ ရှရီအသ်တရားတော်က သတ်မှတ် ထားသော အစိတ်အပိုင်းကို အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညာတ်တော်အတိုင်း ဆင်းရဲသား များအား အပိုင်ပေးအပ်လှုဒါန်းခြင်းဖြစ်သည်။ ဆွလာသ်နှင့် ရိုဇာသည် ကိုယ်ကာယအားဖြင့် လုပ်ကိုင်ရသော အိဗါဒသ်ဖြစ်ပြီး ဇကာသ်သည် ဥစ္စာပစ္စည်းဖြင့် ပြုလုပ်အပ်သော အိဗါဒသ်ဖြစ် သည်။ ဇကာသ်ပေးခြင်းနှင့်ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် ( ၂း၂၇၇၊ ၆း၁၄၁၊ ၉း၅၊ ၄၁း၇၊ ၇၀း၂၄-၂၅၊ ၇၃း၂၀၊ ၉၈း၅) တွင်လာရှိပါသည်။ ဇကာသ်ပေးခြင်းသည် အစ္စလာမ်မဏ္ဍိုင်ကြီး ၅ ခုတွင်တစ်ခုအပါအ၀င်ဖြစ်ပြီး နိဆာဗ် ရှိသူတို့အဖို့ မဖြစ်မနေလုပ်ရမည် ဖရဖ် တာဝန်ဖြစ် သည်။ ဇကာသ်ပေးခြင်းကို ငြင်းဆန်သူသည် ကာဖိရ်ဖြစ်သည်။ ဇကာသ်ပေးဆောင်ရန်တာဝန် ရှိသောသူတို့မှာ- (၁) မွတ်စ်လင်မ်ဖြစ်ခြင်း၊ (၂) လွတ်လပ်သူဖြစ်ခြင်း (၃) အသိဥါဏ်ရှိသူဖြစ်ခြင်း၊ (၄) အရွယ်ရောက်သူဖြစ်ခြင်း၊ (၅) နိဆာဗ်ပစ္စည်းထက် ပိုမိုသော ပစ္စည်းဥစ္စာကိုပိုင်ဆိုင်ပြီး ကြွေးမြီကင်းသူဖြစ်ခြင်း၊ (၆) နိဆာဗ်ထက် ပိုသော ငွေကြေးများကို တနှစ်အနည်းဆုံး ပိုင်ဆိုင်သူဖြစ်ခြင်း။ လူတစ်ဦး တွင် ရွှေ ၇ ကျပ်သားခွဲခန့်ရှိလျှင် ထိုသူတွင် နိဆာဗ်ပမာဏ ရှိနေပြီဟု သတ်မှတ်ရမည်။ နိဆာဗ် နိဆာဗ်ဆိုသည်မှာ ရှရီအသ်တရားတော်က သတ်မှတ်ထားသည့် ဇကာသ်ပေးသင့်သည့် လူတစ်ဦးပိုင်ဆိုင်သော ငွေကြေးပစ္စည်း၏ ပိုင်ဆိုင်မှုသတ်မှတ်ချက်ဖြစ်သည်။ ဥပမာ လူတစ်ဦး ထံတွင် ချောင်လည်စွာ စားသောက် ၀တ်စား နေထိုင်နိုင်သည့် အနေအထားသည် နိဆာဗ် ပမာဏ ပင်ဖြစ်သည်။ လူတစ်ဦးတွင် ၄င်းပမာဏထက် ပိုသောငွေရှိပြီး အကြွေးလည်းကင်းသူ ဖြစ်က ထိုသူသည် ဇကာသ်ပေးဆောင်ရမည်။ ငွေကြေးပမာဏအနေဖြင့် လူတစ်ဦးတွင် ငွေသား ၅၄ ကျပ်ခွဲသားခန့် သို့ ရွှေ ၇ ကျပ်ခွဲသားခန့် သည်နိဆာဗ်၏ ပမာဏပင်ဖြစ်သည်။ သို့ဖြစ်၍ ထိုလူသည် ၄င်းငွေသား သို့ ရွှေသား၏ တန်ဖိုးကို တွက်ချက်ယူပြီး စုစုပေါင်းငွေသား ၏ ၄၀ ပုံ တစ်ပုံကို ဇကာသ်အဖြစ်ပေးရမည်။ တနည်းအားဖြင့် ၁၀၀ ကျပ်လျှင် ၂ကျပ် ၅၀ ပြား ပေးရမည်ကို ဆိုလိုသည်။ ဇကာသ်ပေးရန်မလိုသည့် ပစ္စည်းများ နိဆာဗ် အထက်ရှိသော မိမိပိုင်ဆိုင်သည့် ပစ္စည်းများတွင် မိမိနေထိုင်သည့် အိမ်၊ အသုံးအ ဆောင်ပစ္စည်းများ မပါဝင်ပါ။ ဥပမာ (၁) မိမိနေသည့်အိမ်၊ (၂) မိမိ ငှားရမ်းထားသည့်အိမ်များ၊ (၃) အိမ်အသုံးအဆောင်ပစ္စည်းများ မည်မျှ များသည်ဖြစ်စေ၊ (အ၀တ်အစား၊ အိုး၊ခွက်ယောက်၊ ပုကန်၊ ဆိုင်၊ ကား၊ စက်ဘီး၊ ဆိုင်ကယ်) (၄) အရောင်းအ၀ယ်အတွက်မဟုတ်သည့် ကျောက်မျက်ရတနာများ၊ (၅) လူတစ်ဦးထံတွင် ရွှေ ၃ (သို့) ၄ (သို့) ၅ (သို့) ၆ ကျပ်သားခန့်သာရှိလျှင် နိဆာဗ် ပမာဏဖြစ်သည့် ၇ ကျပ်ခွဲ သားခန့် မရှိသဖြင့် ဇကာသ်ပေးရန်မလိုပါ။ (၆) လူတစ်ဦးတွင် ရွှေ နှင့် ငွေသား ပမာဏ နှစ်ခုပေါင်းလျှင် ရွှေ ၇ ကျပ်ခွဲသား တန်ဖိုးနှင့် ညီမျှသွားလျှင်မူ ဇကာသ်ပေးရမည်။ ဇကာသ်ပေးအပ်ရမည့် ပစ္စည်းများ (၁) မိမိထံရှိ နိဆာဗ် ပမာဏ ပြည့်နေပြီဖြစ်သော ရွှေနှင့် ငွေများ၊ ရွှေခွက် ငွေခွက်များ၊ (၂) ရောင်းဝယ်ရန် ရည်ရွယ်ချက်ဖြင့် ၀ယ်ထားသောပစ္စည်းများ၊ · အသီးအနှံ၊ ကောက်ပဲသီးနှံများ၊ ပဲ၊ ပြောင်း၊ စပါး၊ မုယော၊ ဂျုံ၊ · အ၀တ်အထည်၊ · စားသောက်ဖွယ်ရာများ၊ · အိမ်သုံးပစ္စည်းများ၊ · အိမ်ထောင်ပရိဘောဂများ၊ · အိမ်၊ · ဆိုင်၊ · ကား၊ · ဆိုင်ကယ်၊ · တိရိစ္ဆာန်များ၊ · နွား၊ · ကျွဲ၊ · ကုလားအုပ်၊ · ဆိတ်၊ · သိုးနှင့် အခြားပစ္စည်းများ။ ဇကာသ်ပေးနည်း · ဇကာသ်ပေးဆောင်ရန် တာဝန်ရှိသူသည် ဇကာသ်စားထိုင်သူတစ်ဦးကို အလ္လာဟ် အရှင်မြတ် အဖို့ ရည်စူးလျှက် အပိုင်ပေး အပ်လိုက်ရမည်။ဇကာသ်ရသူသည် ၄င်းပစ္စည်း (သို့) ငွေကြေးကို မိမိနှစ်သက်သလို အသုံးပြု နိုင်သည်။ · ဇကာသ်ငွေကို လုပ်ခအဖြစ်၎င်း၊ အလုပ်တစ်ခုခု ခိုင်းသည့် အတွက် အသုံးမပြုနိုင်ပါ။ · သို့သော် ဇကာသ်ငွေမှ ပစ္စည်းဝယ်ပြီး ဆင်းရဲသားတို့အား ဝေငှခြင်းသည် ပြုပိုင်ခွင့် ရှိသည်။ · နိဆာဗ်ပစ္စည်းပိုင်ဆိုင်ခြင်း တစ်နှစ်ပြည့်လျှင် ပေးသင့်သောဇကာသ်ပစ္စည်းကို ချက်ချင်းပေးသင့်သည်။ · ဇကာသ်ကို ကြိုတင်ပေးထားခြင်းသည်လည်းပြုပိုင်သည်။ · ရမ်ဇာမ်လမရောက် ခင် ရှာဘာန်လကတည်းက ကြိုတင်ပေးကကောင်းသည်။အကြောင်းအမျိုးမျိုးကြောင့် လူတစ်ဦး အား (အလှုငွေဖြစ်စေ) ငွေပေးပြီးနောက် ၄င်းငွေကို ဇကာသ် အဖြစ် ပြောင်းလဲပိုင်ခွင့်မရှိပေ။ · မိမိသိသူတစ်ဦးအား ဇကာသ်ပေးချိန်တွင် ဇကာသ်ဟု မပြောဘဲ ချီးမြှင့်ငွေအဖြစ်၎င်း၊ အီဒ် လက်ဆောင်အဖြစ်ပြောပေးပိုင်ခွင့်ရှိသည်။ · မသိသူများကိုမူ ဇကာသ်အဖြစ်ပြောရမည်။ · နိဆာဗ်ပစ္စည်းပိုင်ဆင်ပြီး တစ်နှစ်ပြည့်ပြီးနောက် ဇကာသ်မပေးမီ ၄င်းပစ္စများ မီးလောင် ပျက်ဆီးဆုံးရှုံးသွားလျှင် ထိုသူအပေါ် ဇကာသ်တာဝန်မရှိတော့ပါ။ · တစ်နှစ်ပြည့်သည့်အချိန် မိမိပစ္စည်းများအားလုံးကို အလ္လာဟ်လမ်းတွင် ပေးလှူလိုက် လျှင် ဇကာသ်အတွက် ခွင့်လွှတ်ချက်ရရှိသွားပြီဖြစ်သည်။ ဇကာသ်မယူထိုင်သူများ နိဆာဗ် ပမာဏပစ္စည်းပိုင်ဆိုင်သူ။ ဆိုင်ယဒ်နှင့် ဗနီဟာရှင်အမျိုးအနွယ်များ။ ဇကာသ်ပေးသူ၏ အမိ၊ အဖ၊ အဖိုး၊ အဖွား၊ အထက်နှင့် အောက် အဆက် အနွယ်များ။ သားသမီး မြေး မြစ် နှင့် ၄င်းတို့မှ ဆင်းသက်လာသောသူများ။ ဇနိး (သို့) ခင်ပွန်း ကာဖိရ် ကြွယ်ဝချမ်းသာသူတို့၏ အရွယ်မရောက်သေးသော သားသမီးများ။ ဇကာသ်ယူထိုက်သူများ နိဆာဗ် ပမာဏမျှ ပစ္စည်းမရှိသူများ။ သူဆင်းရဲများ။ ပစ္စည်းရှိသော်လည်း အကြွေးပေးလိုက်လျှင် နိဆာဗ်ပမာဏမျှ တန်ဖိုပင် မရှိတော့သူများ။ လမ်းခရီးတွင် ငွေကြေးပြတ်လတ်နေသော ခရီးသည်များ။ ဆင်းရဲသော ဆွေမျိုးသားချင်းများ။ ဆင်းရဲသော အိမ်နီးနာချင်း၊ မြို့ရွာရှိ လူများ။ မိဘမဲ့များ၊ အစောင့်အရှောက်ကင်းသော အဖိုးအိုများ ဆေးကုသခံနေရသည့် သူဆင်းရဲများ။ ဇကာသ်ငွေမသုံးစွဲသင့်သည့်အခြေအနေ ဗလီတည်ဆောက်ခြင်း။ ဗလီအသုံးအဆောင်ပစ္စည်များ ၀ယ်ပေးခြင်း။ သေသူအတွက် ကဖန်ပိတ်ဝယ်ပေးခြင်း။ နာရေးအတွက်သုံးခြင်း။ သေသူ၏အကြွေးကို ပေးဆပ်ခြင်း။ ဗလီအတွက်ရေ၀ယ်ပေးခြင်း။ ဇကာသ်မပေးထိုက်သူတစ်ဦးကို ဇကာသ်ပေးအပ်ပြီးမှ ထိုသူမယူ ထိုက်မှန်းသိရလျှင်လည်း မိမိဇကာသ် အထမြောက် သွားပါမည်။ မြေထွက်သီးနှံများ၏ဇကာသ် · မြေထွက်သီးနှံများနှင့် ပတ်သက်လျှင် သီးနှံထွက်သည့်နေ့တွင်ပေးရမည်။ · ရေသွင်းခြင်းမပြုရဘဲ အလေ့ကြပေါက်သော သီးနှံများအတွက် ၁၀ ပုံ ၁ ပုံ။ · ရေသွင်းခြင်းဖြစ်ပေါက်သော သီးနှံများအတွက် ၂၀ ပုံ ၁ ပုံ။ · လယ်ယာတစ်ခုတွင် တစ်နှစ် ၂ ကြိမ်၊ (သို့) ၃ ကြိမ်သီးလျှင် သီးတိုင်း ဇကာသ်ပေးရမည်။ · လယ်ယာတစ်ကွက်ကို လူတစ်ဦးက ငှားရမ်းသီးနှံစိုက်ပျိုး၏။ ငှားသူကသာ ဇကာသ်ပေးရမည်။ လယ်ရှင်ပေးရန်မလိုပါ။ · မိမိအိမ်ဝန်းအတွင်း စိုက်ပျိုးထားသော စားသောက်ပင်များအတွက် ပေးရန် မလိုပါ။ ကျွဲနွားအတွက် ဇကာသ်ပေးနည်း · ပျမ်းမျှခြင်းအားဖြင့် ကျွဲနွားကောင်းရေ ၅၀ ရှိလျှင် ဇကာသ်ပေးဆောင်ရမည်။ · ကောင်ရေ ၄၀ တွင် ၂ နှစ်သား ၁ ကောင်။ · ကောင်ရေ ၆၀ တွင် ၁ နှစ်သား ၂ ကောင်။ · ကောင်ရေ ၈၀ တွင် ၂ နှစ်သား ၂ ကောင်။ · ကောင်ရေ ၉၀ တွင် ၁ နှစ်သား ၃ ကောင်။ · ကောင်ရေ ၁၀၀တွင် ၁ နှစ်သား ၂ ကောင်နှင့် ၁ နှစ်သား ၁ ကောင်။ သိုးဆိတ်အတွက် ဇကာသ်ပေးနည်း ဆိတ်ကောင်ရေ ၄၀ တွင် ၁ ကောင်။ ဆိတ်ကောင်ရေ ၁၂၀ တွင် ၂ ကောင်။ ဆိတ်ကောင်ရေ ၂၀၀ တွင် ၃ ကောင်။ ဆိတ်ကောင်ရေ ၄၀၀ တွင် ၄ ကာင်။ ၄၀ အထက်ကောင်ရေ ၁၀၀ မပြည့်မချင်း ၁ ကောင်သာပေးရမည်။
Sulaiman 75 days ago
ActivityRank: 16
ကျမ်းတော်မြတ်ကုရ်အာန်တွင်လာရှိသော(အလ္လာဟ်ဂျလ္လာဂျလာလူဟူး)၏အဆိုအမိန့်များ

မပြတ်မစဲသနားကြင်နာ ညှာတာတော်မူထသော အနန္တကရုဏာတော်ရှင် ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏နာမံတော်ဖြင့်(အစပြုပါ၏)


အို-လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အားမွေးမြူတော်မူထသော (အလ္လာဟ်အရှင်မြတ်)ကို ခ၀ပ်ကိုးကွယ်ကြကုန်။ ထိုအရှင်သည် အသင်တို့ကိုလည်းကောင်း၊အသင် တို့အလျင် အထက်ထက်အဆက်ဆက် ကရှိခဲ့ ဘူးသောရှေးပဝေဏီ လူဟောင်းများကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထိုသို့ ခ၀ပ်ကိုးကွယ်ကြမှသာလျှင်အသင်တို့သည် (ဒုစရိုက်မှုများကို) ကြဉ်ရှောင်သော သူတော်သူစင်များ ဖြစ်တန်ကြရာသတည်း။


အလ္လာဟ်အရှင်မြတ်သည် အသင်တို့ (နေထိုင်သွားလာနိုင်ရန်အလို့ငှာ) ဤပထ၀ီမြေပြင်ကို အခင်းအဖြစ်လည်းကောင်း၊ မိုးကောင်းကင်ကို အမိုးအဖြစ်လည်းကောင်း၊ပြုလုပ်ပေးသနားတော်မူ၍ ယင်းမိုးကောင်းကင်မှပင်မိုးရွာသွန်းစေပြီး ထိုမိုးရေဖြင့် ကောက်ပဲသီးနှံအမျိုးမျိုးတို့ကိုအသင်တို့အဘို့ ရိက္ခာအဖြစ် ပေါက်ရောက်စေတော်မူ၏၊သို့ဖြစ်ရာ အသင်တို့သည် (အနန္တကျေးဇူးတော်ရှင်ဖြစ်တော်မူထသော) အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာ ကိုမျှတွဲဖက်၍ ခ၀ပ်ကိုးကွယ်ခြင်းကို အလျှင်း မပြုကြလင့်၊ (သို့အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍ ခ၀ပ်ကိုးကွယ်ခြင်း မပြုအပ်သည့်အကြောင်းကို) အသင်တို့ကိုယ်တိုင်လည်း အသိ ပင်ဖြစ်ကြသည်။

ငါ၏အစေတော် နဗီတမန်တော် မုဟမ္မဒ် (ဆွ)အထံသို့ ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော ကုရ်အာန်ကျမ်းမြတ်နှင့် စပ်လျဉ်း၍ အကယ်၍ အသင်တို့(စိတ်၌) ယုံမှားသံသယ ဒွိဟရှိခဲ့ပါလျှင် ထိုကျမ်းမြတ်နှင့်အလားတူ ကဏ္ဍတစ်ခုမျှ (စီကုန်း ရေးသား၍) ယူဆောင်လာကြကုန်လော့။အကယ်၍ အသင်တို့သည် (သစ္စ၀ါဒီ) မှန်ကန်သော စကားပြောဆိုသူများ ဖြစ်ကြပါလျှင် သို့စီကုန်းရေးသားရာ၌ အလ္လာဟ်အရှင်မြတ်နှင့် ပြိုင်ဆိုင်၍ အသင်တို့အားကူညီ ယိုင်းပင်းမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။

အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်နှင့် ယှဉ်ပြိုင်ခြင်းများကို အတိတ်ကာလတွင် မလုပ်နိုင်ခဲ့ကြ၊ ယခုမျက်မှောက်ပစ္စုပ္ပန်ကာလတွင် လုပ်နိုင်ကြသည်လည်းမဟုတ်၊ နောင်အနာဂတ်ကာလတွင်လည်း အလျှင်းလုပ်နိုင်ကြမည် မဟုတ်ပေ၊ သို့ဖြစ်ရာ အသင်တို့သည် ငရဲမီးဘေးမှဝေးစွာရှောင်ရှားစွာရှောင်ရှားကြကုန်၊ ထိုမီး၏မီးစာမှာ (အယူမှောက်မှားသော)ကာဖိရ် မိစ္ဆာဒိဋ္ဌိကများနှင့် (ထိုမိစ္ဆာ ဒိဋ္ဌိကများ ဆည်းကပ်ကိုးကွယ်ကြသည့်) ကျောက်တုံး များ ဖြစ်ချေသည်။ ထိုမီးသည်ကာဖိရ် များအဘို့ အသင့်ပြုလုပ်ထားရှိပြီး ဖြစ်ပေသညှ်

အလုံးစုံသော ခြီးမွမ်း ထောမနာပြုခြင်း တို့သည်အလ္လာဟ်အရှင်မြတ် အဘို့သာတည်း။ ထိုအရှင်မြတ်သည် မိုးများနှင့် ပထ၀ီမြေကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အမှောင်များနှင့် အလင်းရောင်ကို ပြုလုပ်တော် မူခဲ့လေသည်။ သို့ပါလျက်နှင့်ပင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ကား (အခြားသူတို့ကို) မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တန်းတူ မှတ်ယူထားရှိကြကုန်သတည်း။
 
Sulaiman 75 days ago
ActivityRank: 16
ကျမ်းတော်မြတ်ကုရ်အာန်တွင်လာရှိသော(အလ္လာဟ်ဂျလ္လာဂျလာလူဟူး)၏အဆိုအမိန့်များ

မပြတ်မစဲသနားကြင်နာ ညှာတာတော်မူထသော အနန္တကရုဏာတော်ရှင် ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏နာမံတော်ဖြင့်(အစပြုပါ၏)


အို-လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အားမွေးမြူတော်မူထသော (အလ္လာဟ်အရှင်မြတ်)ကို ခ၀ပ်ကိုးကွယ်ကြကုန်။ ထိုအရှင်သည် အသင်တို့ကိုလည်းကောင်း၊အသင် တို့အလျင် အထက်ထက်အဆက်ဆက် ကရှိခဲ့ ဘူးသောရှေးပဝေဏီ လူဟောင်းများကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထိုသို့ ခ၀ပ်ကိုးကွယ်ကြမှသာလျှင်အသင်တို့သည် (ဒုစရိုက်မှုများကို) ကြဉ်ရှောင်သော သူတော်သူစင်များ ဖြစ်တန်ကြရာသတည်း။


အလ္လာဟ်အရှင်မြတ်သည် အသင်တို့ (နေထိုင်သွားလာနိုင်ရန်အလို့ငှာ) ဤပထ၀ီမြေပြင်ကို အခင်းအဖြစ်လည်းကောင်း၊ မိုးကောင်းကင်ကို အမိုးအဖြစ်လည်းကောင်း၊ပြုလုပ်ပေးသနားတော်မူ၍ ယင်းမိုးကောင်းကင်မှပင်မိုးရွာသွန်းစေပြီး ထိုမိုးရေဖြင့် ကောက်ပဲသီးနှံအမျိုးမျိုးတို့ကိုအသင်တို့အဘို့ ရိက္ခာအဖြစ် ပေါက်ရောက်စေတော်မူ၏၊သို့ဖြစ်ရာ အသင်တို့သည် (အနန္တကျေးဇူးတော်ရှင်ဖြစ်တော်မူထသော) အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာ ကိုမျှတွဲဖက်၍ ခ၀ပ်ကိုးကွယ်ခြင်းကို အလျှင်း မပြုကြလင့်၊ (သို့အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍ ခ၀ပ်ကိုးကွယ်ခြင်း မပြုအပ်သည့်အကြောင်းကို) အသင်တို့ကိုယ်တိုင်လည်း အသိ ပင်ဖြစ်ကြသည်။

ငါ၏အစေတော် နဗီတမန်တော် မုဟမ္မဒ် (ဆွ)အထံသို့ ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော ကုရ်အာန်ကျမ်းမြတ်နှင့် စပ်လျဉ်း၍ အကယ်၍ အသင်တို့(စိတ်၌) ယုံမှားသံသယ ဒွိဟရှိခဲ့ပါလျှင် ထိုကျမ်းမြတ်နှင့်အလားတူ ကဏ္ဍတစ်ခုမျှ (စီကုန်း ရေးသား၍) ယူဆောင်လာကြကုန်လော့။အကယ်၍ အသင်တို့သည် (သစ္စ၀ါဒီ) မှန်ကန်သော စကားပြောဆိုသူများ ဖြစ်ကြပါလျှင် သို့စီကုန်းရေးသားရာ၌ အလ္လာဟ်အရှင်မြတ်နှင့် ပြိုင်ဆိုင်၍ အသင်တို့အားကူညီ ယိုင်းပင်းမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။

အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်နှင့် ယှဉ်ပြိုင်ခြင်းများကို အတိတ်ကာလတွင် မလုပ်နိုင်ခဲ့ကြ၊ ယခုမျက်မှောက်ပစ္စုပ္ပန်ကာလတွင် လုပ်နိုင်ကြသည်လည်းမဟုတ်၊ နောင်အနာဂတ်ကာလတွင်လည်း အလျှင်းလုပ်နိုင်ကြမည် မဟုတ်ပေ၊ သို့ဖြစ်ရာ အသင်တို့သည် ငရဲမီးဘေးမှဝေးစွာရှောင်ရှားစွာရှောင်ရှားကြကုန်၊ ထိုမီး၏မီးစာမှာ (အယူမှောက်မှားသော)ကာဖိရ် မိစ္ဆာဒိဋ္ဌိကများနှင့် (ထိုမိစ္ဆာ ဒိဋ္ဌိကများ ဆည်းကပ်ကိုးကွယ်ကြသည့်) ကျောက်တုံး များ ဖြစ်ချေသည်။ ထိုမီးသည်ကာဖိရ် များအဘို့ အသင့်ပြုလုပ်ထားရှိပြီး ဖြစ်ပေသညှ်

အလုံးစုံသော ခြီးမွမ်း ထောမနာပြုခြင်း တို့သည်အလ္လာဟ်အရှင်မြတ် အဘို့သာတည်း။ ထိုအရှင်မြတ်သည် မိုးများနှင့် ပထ၀ီမြေကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အမှောင်များနှင့် အလင်းရောင်ကို ပြုလုပ်တော် မူခဲ့လေသည်။ သို့ပါလျက်နှင့်ပင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ကား (အခြားသူတို့ကို) မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တန်းတူ မှတ်ယူထားရှိကြကုန်သတည်း။
 
Sulaiman 75 days ago
ActivityRank: 16
ဗစ်မိလ္လားဟေ့၇်၇ဟ်မားနစ်ရ်၇ဟီးမ်

ဟဇ၇သ် အွစ်မာန်း ဗင်န် အဖ်ဖွာန်း (၇သွေ့ )သခင်ဆင့်ပြန်ခဲ့ သည်။
သခင်သည်တမန်တော်မြတ်(ဆွ)အားဂျန္နသ်သုခဘုံ၏ သော့ချက်နှင့်စပ်လျဉ်း၍
မေးမြန်းခဲ့သည်။ထိုအခါ တမန်တော်မြတ်(ဆွ)က ဟဇ၇သ် အွစ်မာန်း(၇သွေ့ )သခင်အား
“အို-အွစ်မာန်း အသင်သည်ကျွန်ုပ်အား မည်သူ တစ်ဦး တစ်ယောက်မျှ
မေးမြန်းခြင်းမရှိခဲ့ သောမေးခွန်းကို မေးမြန်းခဲ့သည်။
အို-အွစ်မာန်း အကြင်သူသည် (အောက်ပါဒိုအာကို တစ်နေ့ လျှင်အကြိမ် - ၁၀၀
ရွတ်ဖတ်ခဲ့လျှင် (အလ္လာဟ်အရှင်မြတ်သည်)အောက်ပါ
အခွင့်အေ၇း(၁၀)ခုကိုပေးသနားတော်မူမည်။


လားအိလားဟာ အစ်လ္လလ်လားဟု ၀လ်လားဟိုအက်ဗရ် ၀စွဗ်ဟားနလ်လားဟိ
ဝလ်ဟမ့်ဒိုလေ့လ်လားဟိ ၀ဆ်သဂ်ဖေရွလ်လားဟလ်လဇီး
လားအိလားဟာအစ်လ္လား ဟိုဝလ်အောင်ဝ်၀လို ၀လ်အားခိရို ၀ဇ်ဇွားဟိရို
ဝလ်ဘားသွေနို ယို့ ဟ်ယီး ၀ယိုမီးသို ၀ဟိုဝါ ဟိုင်းယ်ယွလ်လားယမူးသို
ဘေယဒေဟေ့လ်ခိုင်း၇် ၀ဟိုဝါ အလားကွလ်လေ ရှိုင်းအင်န်ကဒီး၇်

1. ယင်းဖတ်ရွတ်သူသည် ကျူးလွန်ခဲ့သော ဂိုနာအပြစ်ငရဲများအားလုံးကို
ခွင့်လွှတ်ခြင်းခံ၇မည်။
2. ဂျဟန္နမ်ငရဲဘုံ၏မီးဘေးဒဏ်မှ လွတ်ကင်းမှု၇ရှိမည်။
3. ဖရှီရ်တာကောင်းကင်တမန်(၂)ပါးက ဆိုးရွားသောေ၇ာဂါဖြစ်ခြင်းမှ ကာကွယ်ပေးတော်မူမည်။
4. ကုသိုလ် အကျိုးစ၀ါးဗ် မြောက်မြားစွာေ၇းမှတ်ခြင်းခံ၇မည်။
5. ဟဇရသ်အိစ်မာအီးလ်(အလိုင်း)၏မျိုးနွယ်မှကျွန်ပေါင်း(၁၀၀)ကိုသူကောင်းပြုသည့်
ကုသိုလ်ေ၇းမှတ်ခြင်းခံ၇မည်။
6. ကျမ်းကြီး(၄)ကျမ်းဖြစ်သောကျမ်းတော်မြတ်ကုရ်အာန်၊အင်ဂျင်လ်ကျမ်း
ဇဗူးရ်ကျမ်း၊ သောင်ရသ်ကျမ်းတို့ ကိုအာဂုံဆောင်ရွတ်ဖတ်သည့်ကုသိုလ်
ကဲ့သို့ ကောင်းမှုများေ၇းမှတ်ခြင်းခံ၇မည်။
7. ဂျန္နသ်သုခဘုံတွင် အဆောင်တစ်ဆောင်ချီးမြင့်ခြင်းခံ၇မည်။
8. (ဂျန္နသ်သုခဘုံရှိ)ဟူရ်ကညာပျိုတစ်ဦးနှင့် လက်ထပ်ပေး၇န်သတ်မှတ်တော်မူမည်။
9. ယင်း၏ဦးခေါင်းထက်၌ရိုသေသမှု၏သရဖူကိုဆင်မြန်းပေးခြင်းခံ၇မည်။
10. (ကိယာမသ်နေ့ ၌)ယင်း၏မိတ်ဆွေ(၇၀)ကို ကြားဝင်အသနားခံပေးနိုင်၍
(ထိုကြားဝင်အသနားခံပေးမှုသည်) လက်ခံခြင်းခံ၇မည်။



“အို-အွစ်မာန်း၊ အကယ်၍အသင်သည် ယင်း(ဒိုအာ)ကို နေ့ စဉ်အကြိမ် (၁၀၀)
ရွတ်ဖတ်ခဲ့မည်ဆိုလျှင် အောင်မြင်သူများအကြားတွင်ပင် ပိုသာ၍
ကြီးကျယ်သောအောင်မြင်မှုကိုရရှိပြီး ယင်းအောင်မြင်သူများသည်ပင်
အသင်၏နောက်လိုက်များဖြစ်သွားကြလိမ့်မည်။


အိဗ်နေ မာဒရ်ဝီ၊ အဗူယာလာ၊ အိဗ်နေအဗီ အာစင်မ်၊ (အဗူဒူ ဟာစန်မ်း ကာတန်၊
(အဘူ ကာဇီ)၊ စူနန်ကျမ်း၊ အိဗ်နေ မွန်ဇိ၇်၊ အိဗ်နေအဗီဟာသင်မ်၊ အိဗ်နေ
စာနီ၊ နှင့်ဗိုင်ဟကီကျမ်း၏အတ်စ်မာအ်နှင့် ဆွီဖသ် တို့ မှ ဆင့်ပြန်ခဲ့သည်။
 
 

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ