Welcome to my blog :)

rss

Friday, October 29, 2010

> ကြီးလေးသော ပြစ်မှု တစ်ခု (ပွဲလမ်းသဘင်များနှင့် ပတ်သက်၍)

ဟေရှမ်း(S-4) 53 days ago
ActivityRank: 6
မွတ်စ်လင်မ်တစ်ဦး အနေဖြင့် မိမိဘ၀ ဆောက်တည်ရာတွင် ကဏ္ဍတိုင်းအတွက်
လိုအပ်ချက်များကို ရှရီအသ် တရားတော်က ပြီးပြည့်စုံစွာ ရှင်းရှင်းလင်းလင်း
တင်ပြထားပြီး ဖြစ်သည်။ ဥပမာ - လူမှုရေး၊ သာရေး၊ နာရေး၊ စာရိတ္တ၊
ဝတ်စားဆင်ယင်မှု၊ ပြောဆိုနေထိုင်မှု၊ အခမ်းအနားများတွင် ပါဝင်မှုခြင်း စသည့်
ကဏ္ဍများနှင့် သက်ဆိုင်သော အမိန့်ပညတ်ချက်များကို အစ္စလာမ့် တရားတော်မြတ်က
ရှင်းရှင်းလင်းလင်း တင်ပြထားပြီးဖြစ်လျှက် ယနေ့ ကျွန်ုပ်တို့သည် အလေးမထား
လစ်လျူရှုနေကြသည်ကို ၀မ်းနည်းစွာ တွေ့မြင်နေရပါသည်။
မွတ်စ်လင်မ်တစ်ဦး အနေဖြင့် ဤသို့ အခြားဘာသာဝင်များ၏ ဓလေ့ ထုံးတမ်းစဉ်လာ
ရိုးရာဓလေ့နှင့် ယဉ်ကျေးမှု စသည်များကို အတုခိုးခြင်း ၊ ပုံတူကူးချ ခြင်း
များ ပြုလုပ်ရန် မလိုအပ်ပေ။

ယခုအခါ မွတ်စ်လင်မ်အချို့သည် ခရစ္စမတ်နှင့်
နှစ်သစ်ကူးကာလများတွင် ယင်းအခမ်းအနားများတွင် ပါဝင်နေကြောင်း
ဝမ်းနည်းစွာတွေ့ရှိရပါသည်။ အဘယ့်ကြောင့် ဆိုသော် အစ္စလာမ်တို့အား
အခြားသူတို့၏ ရိုးရာဓလေ့အရဖြစ်စေ၊ ဘာသာရေး အရဖြစ်စေ ကျင်းပသော အခမ်းအနား
များတွင်ပါဝင်ခြင်းမှ အထူးတလည် တားမြစ်ထားသောကြောင့် ဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်တွင် - - - - -
"ထိုမှ တစ်ပါး အသင်တို့သည် (မိမိတို့ကိုယ်ကိုမိမိတို့ပင်) ညှင်းပန်းနှိပ်စက်ကြကုန်သော သူတို့အပေါ်ဝယ် ယုံကြည်စိတ်ချ
အားထားခြင်းမပြုကြကုန်လင့်၊

သို့(ယုံကြည်စိတ်ချအားထားကြ)ပါလျှင် အသင်တို့တွင် ငရဲမီး (ဘေး)သည်
ထိရောက်ပေမည်။ထို့ပြင် အလ္လာဟ့်အရှင်မြတ်မှ အပ သင်တို့ အဖို့ မိတ်ဆွေမွန်
တစ်ဦးတစ်ယောက်မျှပင်ရှိကြလိမ့်မည် မဟုတ်ပေ။ ထို့နောက် အသင်တို့သည် ကူညီ
မှိုင်းမ ခြင်းကို လည်း ခံကြရမည် မဟုတ်ပေတကား" (စူရာဟ်ဟူးဒ် - 113)

` ကျူးကျော်စော်ကားသူတို့အား မှီခိုအားထားခြင်းမပြုရ`

အထက်တွင် စည်းကမ်းမကျူးလွန်ရန် တားမြစ်ထားတော်မူ၏။ ယခုအာယသ်တော်တွင်
စည်းကမ်းကျူးလွန်လျက်ရှိသူများဘက်သို့ အနည်းငယ် စိုးစဉ်းမျှ
မယိမ်းယိုင်မိကြရန် တားမြစ်ထားတော်မူသည်။ ယင်းစည်းကမ်း
ကျူးလွန်လျက်ရှိသော သူများနှင့် ချစ်ခင်ရင်းနှီးမှု၊ ပေါင်းဖက်ဆက်ဆံမှု
၎င်းတို့အား အရိုအသေပေးမှု၊ ချီးမွန်းမှု၊
၎င်းတို့နှင့်နေထိုင်ဝတ်စားဆင်ရာတွင် ဆင်တူမှု၊ ပူးပေါင်းဆောင်ရွက်မှု
စသည့်ကိစ္စအားလုံးတို့တွင် တတ်စွမ်းနိုင်သမျှ ရှောင်ကြဉ်ကြရမည်။
သို့မဟုတ်ပါလျှင်ငရဲမီးသည် အသင်တို့ထံ သို့ ကူးစက်လာပေမည်။ ထိုအချိန်တွင်
အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်မှ တစ်ပါး ကူညီ ရိုင်းပင်းမည့်
အဆွေခင်ပွန်းဟူ၍ တစ်ဦးတစ်ယောက်မှ ရှိမည်မဟုတ်ပေ။ တစ်စုံတစ်ရာ အကူအညီ
လည်း အလျင်း ရရှိကြမည် မဟုတ်ပေ။ ထို့အတွက် ကြောင့် ယင်းကျူးကျော်
လျက်ရှိကြသူများဘက်သို့ အလျင်း မယိမ်းယိုင်ကြရ။
၎င်းတို့အားမှီခိုအားထားခြင်း အလျင်းမပြုကြရ။ (ကျမ်းမြတ် ကုရ်အာန်
ဘာသာပြန်ကျမ်း ၊ စာ -1286၊ စူရာဟ်ဟူးဒ် ကဏ္ဍ၊ အာယသ် 113)

အို ညီနောင်မွတ်စလင်မ်အသင်သည်မိမိကိုယ်ကိုကာဖရ်များနှင့်အတူပြန်လည် ထစေရက်သလား

ထို့အတူ ဟဒီးစ်တော်မြတ်များတွင်လည်း အခြားလူမျိုးများ၏ ရိုးရာ ဓလေ့
ထုံးတမ်း ၊ ယဉ်ကျေးမှု စသည်တို့အား အတုခိုးခြင်း၊ ပုံတူခိုးခြင်း ကို
ဟရာမ် (ပြုပိုင်ခွင့် မရှိသော လုပ်ရပ်) ဖြစ်ကြောင်းလာရှိပါသည်။
ဟဒီးစ်တော်တစ်ရပ်တွင် ----- အစ်ဗ်နို့အုမရ်(ရသွေ့) သခင်က
တမန်တော်မြတ်(ဆွ) ၏ အမိန့်တော်ကို ဤသို့ ဆင့်ပြန်တော်မူပါသည်။ မည်သူမဆို
လူမျိုးတစ်မျိုး၏ အတုကိုခိုးပြီး (ယင်းတို့လုပ်ရပ်ကဲ့သို့လုပ်ဆောင်လျှင်) ထိုသူသည် ကေယာမသ် ကမ္ဘာ့ တရားခွင်နေ့တွင်
မိမိ အတုခိုးခဲ့သောလူမျိုးတို့နှင့် အတူ ပြန်လည်ရှင်ထရမည်
(အဗူဒါဝူးဒ်ကျမ်း စာ 559)

ဤဟဒီးစ်တော် အရ အစ္စလာမ် သာသနာ လမ်းညွှန်မှုမှ အပ အခြားဘာသာ ၀င်များနှင့်
လူမျိုးတို့၏ လုပ်ရပ်နှင့် ဆင်တူအောင် ပြုလုပ်ခြင်းသည်ဟရာမ်ဖြစ်ကြောင်
ထင်ရှား၏။ ဤဟဒီးစ်တော် ကို ဆင့်ပြန်သော ဆွဟာဗာကြီး အစ်ဗ်နို့အုမရ်(ရသွေ့ဝ
ကမူ အထက်ပါအတိုင်း ပြုလုပ်သူကို ကာဖရ် ဖြစ်ကြောင်း မိန့ထားပါသည်။
(မွတ်စ်ဆလင်မ် အများစု နေထိုင်ရာရပ်ကွက်/ကျေးရွာ
တွင်နေထိုင်နိုင်ပါလျက်)မွတ်ရှရစ်က် များ၏ ပျော်ပွဲရွှင်ပွဲ များတွင်
သွားရောက်ပါဝင်သူ/၄င်းတို့၏ နည်းစနစ်ထုံးတမ်းအစဉ်အလာများကို အတုခိုးပြီး
ပြုလုပ်ဆောင်ရွက်သူသည် ကေယာမသ်နေ့ တွင် ထိုသူများနှင့် အတူပြန်လည်
ရှင်ပြန်ထရမည်။

ပျော်ပွဲရွှင်ပွဲ ဟုဆိုရာတွင် ၄င်းတို့၏ ဘာသာရေးအရဖြစ်စေ၊
ထုံးတမ်းအစဉ်အလာအရ ဖြစ်စေ ပြုလုပ်သော အခမ်းအနားများ၊ ဘုရားပွဲများ၊
စတိတ်ရှိုး၊ သင်္ကြန်၊ သီတင်းကျွတ်ပွဲ၊ တန်ဆောင်တိုင်ပွဲ၊ တပေါင်းပွဲ
စသည်တို့အပြင် အချို့မွတ်စ်စလင်မ် များ တည်ခင်းသောမင်္ဂလာ ဧည့် ခံပွဲများ၊
မွေးနေ့ပွဲ၊ ကလေးကင်မွန်းတပ် ထမင်း ဖိတ်ကျွေးမွေးခြင်းစသော တရားတော်နှင့်
ဆန့်ကျင်သည့် စုဝေးမှုအခမ်းအနားများ အားလုံးပါဝင်သည်။

==========================================================
မွဖ်သီ အဗ်ဒွလ်ရဟီးမ်း နှင့် အခြားသော အာလင်မ်ပညာရှင်များ(မြစ်ငယ်ကျောင်း) မှ ထုတ်ဝေ သော စာစောင်တစ်ခုမှ

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ