Welcome to my blog :)

rss

Friday, October 29, 2010

> ကုဖုရ်နှင့် ရှိရိက်တို့၏လက္ခဏာများ

ကုဖုရ်နှင့် ရှိရိက်တို့၏လက္ခဏာများ


အလ္လဟ်အသျှင်မြတ်၏ နေအ်မသ်များကို နားလည်သဘောပေါက်ပြီးနောက် ငြင်းဆန်သူတို့ အားလုံးတို့သည်
ကာဖီရ်များဖြစ်ကြ၏ (ဆူရဟ်နဟလ် ၈၃)


အချို့သော ငါ၏နောက်လိုက်တို့သည် မနက်မိုးလင်းသည်နှင့် မွစ္စလင်အဖြစ်နှင့်ထကြသည်။အချို့သည်ကာဖီရ်အဖြစ်နှင့်ထကြသည်။။(အလ်ဟဒီးစ်)


မွစ်လင်ဟူသည် အလ္လဟ်အသျှင်မြတ်အား အစဉ်ရိုကျိုးကာဦးချရမည်။ မိမိကိုယ်၌သည်ဘာမှမဟုတ်ပဲ အသျှင်မြတ်တာလျှင်အရာရာကိုစိုးပိုင်တော်မူကြောင်း လုံးဝသိရှိနေရမည်။ မိမိထံပါးရှိမည်သည့်ပစ္စည်းကိုမဆို မိမိအပိုင်မဟုတ်သလို မိမိအသက်နှင့်ခန္ဓာကိုယ်သည်ပင် အသျှင်ပိုင် ပစ္စည်းဖြစ်ကြောင်း လုံးဝယုံကြည်ရမည်။
မိဘအမွေခံပစ္စည်းပင်ဖြစ်စေ ၄င်းသည်လည်းအသျှင်ပေးအပ်သည်ဟု လက်ခံရမည်။ ငြင်းဆန်မိလျှင် ကာဖီရ်
ဖြစ်သွားနိုင်ပေသည်။ ထိုသူသည်ချက်ချင်း အီစ်သီဂ်ဖွါရ်ဖတ်ကာ ခွင့်လွတ်မှုကိုတောင်းခံရပေမည်။ ထိုသို့မဖတ်မိလျှင်
ထိုသူသည် ကာဖီရ်ဖြစ်သွားတတ်သည်။ ထို့ကြောင့်မွစ်လင်မ်သည်နံနက်မိုးလင်း အိပ်ရာကထလျှင် မွစ်လင်အဖြစ်နှင့်ထသော်လည်း နိယသ်(သို့)စိတ်ကူးတွင် တစ်စုံတစ်ခု ချွတ်ချော်သွားသည့်အတွက် ကာဖီရ်ဖြစ်သွား
တတ်၏။ ထိုသို့စိတ်ကူးတွင် ချွတ်ချော်မှုမဖြစ်ရအောင် ကုဖ်နှင့်ရှရိက်မဖြစ်သွားရအောင် ကုဖ်နှင့်ရှရီးက်ဖြစ်တတ်သော
အချက်များကို သိထားသင့်ပေသည်။ ၄င်းအချက်များစိတ်ကူးတွငပေါ်လာတိုင်း မွစ်လင်တို့သည်ချက်ချင်း အီစ်သီဂ်ဖွါရ်ဖတ်ကာ
အသျှင်မြတ်ထံသော်၌ ခွင့်လွတ်မှုကိုတောင်းခံသင့်ပေသည်။ ၄င်းအချက်များမှာ......


(၁) ကုဖုရ်လုပ်ခြင်းကိုနှစ်သက်ခြင်း
(၂) ကုဖုရ်နှင့်ပတ်သက်သော်စကားများကိုနှစ်သက်ခြင်း
(၃) တစ်စုံတစ်ဦးအားကုဖုရ်စကားများပြောစေခြင်း
(၄) မွစ်လင်ဖြစ်ခြင်းကိုနောင်တရခြင်း(ဥပမာ) ငါသည်မွစ်လင်မဖြစ်ခဲ့လျှင် ရာထူးကောင်းကောင်းရနိုင်သည်ဟုနောင်တရခြင်း
(၅) သားသမီးတစ်ယောက်ယောက်၏သေဆုံခြင်းအပေါ် အလ္လဟ်အသျှင်မြတ်အား စိတ်ဆိုးကာ အပြစ်တင်ခြင်း။
(၆) အလ္လဟ်နှင့် တမန်တော်၏ အမိန့်တော်များကို အပြစ်မြင်ခြင်း
(၇) နဗီ(သို့) မလာအေကဟ် တစ်ဦးဦးအားအပြစ်တင်ခြင်း
(၈) ဝလီသူတော်စဉ် (သို့) ဆရာတစ်ဦးဦးသည် မိမိ၏ရှေးဖြစ်နှင့် နှေင်းဖြစ် အားလုံးကို တပ်အပ် ကုန်စဉ် သိမြင်သည်ဟု ထင်မြင်ခြင်း
(၉) နတ်ခက္ခတ္တပညာရှင်တစ်ဦး(သို့) လက္ခဏာပညာရှင်တစ်ဦး (သို့) ဗေဒင်ပညာရှင်တစ်ဦးထံမှ ရှေးဖြစ်နှေင်းဖြစ်များကို မေးမြန်းခြင်း အတိတ်နမိတ်လက္ခဏာများ တောင်းခံခြင်း

(၁၀) ဆရာတစ်ဦးဦးနှုတ်မှထွက်သော စကားကိုအတိတ်နမိတ်ကောက်ကာ မိမိတို့လုပ်ငန်းတွင်အသုံးပြုခြင်း
(၁၁) တစ်စုံတစ်ဦးဦးအား မိမိ၏အောင်မြင်စေသူ (သို့)ဆုံးရှုံး စေသူဟု လက်ခံခြင်း
(၁၂) တစ်စုံတစ်ဦးထံမှထင်မြင်ချက်တောင်းခံခြင်း
(၁၃) တစ်စုံတစ်ဦးထံမှ ရိုဇီရိက္ခာ တောင်းခြင်း သားသမီးမွေးဖွါးစေရန်တောင်းခံခြင်း
(၁၄) တစ်စုံတစ်ဦးအတွက်ရည်စူးကာ ရိုဇာစောင့်ထီမ်းခြင်း
(၁၅) တစ်စုံတစ်ဦးအား စဂ်ျဒါဦးချခြင်း
(၁၆) တစ်စုံတစ်ဦး အတွက်ရည်စူးကာ တိရိစ္ဆန်တစ်ကောင်ကောင် အားသတ်ဖြတ်ခြင်း
(၁၇) တစ်စုံတစ်ဦးနာမည်တမ်းတကာကိုးခြင်း
(၁၈) တစ်စုံတစ်ဦး၏ အီမ်(သို့) သင်္ချိုင်းအား သဝါဖ်လှည့်လည်ခြင်း
(၁၉) အလ္လဟ်အသျှင်မြတ်၏အမိန့်တော်နှင့် အမျိုးသားယဉ်ကျေးမှုတို့ ယှဉ်လာလျှင် အမျိုးသားယဉ်ကျေးမှကိုဦးစားပေးခြင်း
(၂၀) တစ်စုံတစ်ဦးအရှေ့တွင်ဦးခေါင်းငုံခြင်း (သို့)ကျောက်ရုပ်ကဲ့သို့ရပ်နေခြင်း
(၂၁) တစ်စုံတစ်ဦး၏နာမည်အားတမ်းတကာ တိရိစ္ဆန် တစ်ကောင်ကောင်အားသတ်ဖြတ်ခြင်း
(၂၂) ရှိုင်တွန်မိစ္ဆာထုတ်ရန်ဟုဆိုကာ သိုးဆိတ်တို့အားသတ်ဖြတ်ခြင်း
(၂၃) အဆောက်အအုံ တစ်ခုခုအား အသျှင့်အီမ်တော်ထက်တန်ဖိုးထားခြင်း
(၂၄) တစ်စုံတစ်ဦး၏အမည်ကိုတမ်းတကာ နားနှင့်နားခေါင်းပေါက် ဖေါက်ပေးခြင်း နားကွင်း(သို့) နားကပ်တပ်ပေးခြင်း
(၂၅) တစ်စုံတစ်ဦးနာမည်ရေးထားသော် လက်ဖွဲ့ကို လ်ာပင်းလက်မောင်းတို့တွင် ဝတ်ဆင်ခြင်း
(၂၆) တိရိစ္ဆန်တစ်ကောင်၏ လည်ပင်းတွင်သူတော်စဉ်တစ်ဦး၏ နာမည်တပ်ကာ ၄င်းတိရိစ္ဆန်ကို အလေးအမြတ်ထားခြင်း
(၂၇) နတ်ခတ်တို့၏ လှုပ်ရှား မှုသဘောကို လေ့လာကာ ကံကြမ္မာကို သတ်မှတ်ဆွေးနွေးခြင်း။
(၂၈) ရက်ကောင်းရက်မြတ်အားသတ်မှတ်ခြင်း ပြသာာဒါးရက်တို့အားသတ်မှတ်ခြင်း
(၂၉) ရက်(သို့) လ တစ်ခုခုကို မကောင်းသော ရက် လ ဟုသတ်မှတ်ခြင်း
(၃၀) တစ်စုံတစ်ဦး၏ဦးခေါင်းနှင့် အမည်အား တပ်ကာ ကြီမ်တွယ်ခြင်း
(၃၁) သက်ရှိတို့၏ကြီးမားသော ရုပ်ပုံများအား အီမ်တွင်ထားခြင်း
(၃၁) သူတော်စဉ် တစ်ဦးဦး၏ရုပ်ပုံကို မင်္ဂလာရှိစေရန် ရည်ရွယ်ချက်ဖြင့်ထားခြင်းနှင့် ၄င်းကိုအစဉ်လေးစားမှုပြုခြင်း

ဤအချက်များအပြင်နောက်လည်း ရှရီက်နှင့်ကုဖ်ဖြစ်စေသောအချက်များမြောက်များစွာရှိပါသည်...သိထားလျှင်...သတိ
ထားမည့်မည်ဖြစ်သောကြောင့် အားလုံးအတွက်ရည်စူးပြီးတင်ပြလိုက်ရပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ