Welcome to my blog :)

rss

Tuesday, February 14, 2012

iPhone,iPad တွေမှာ Cydia နဲ့သွင်းမှရတဲ့ .deb ဖိုင် application တွေကို အင်တာနက်မချိတ်ဘဲ ကွန်ပျူတာနဲ့တိုက်ရိုက်သွင်းနည်း (၂)

Wifi နဲ့ချိတ်ရမှတို့ အင်တာနက်နဲ့ချိတ်ပြီးမှဘာတို့ ဒုက္ခများနေမှာစိုးလို့ ကွန်ပျူတာနဲ့တိုက်။ရိုက်သွင်းလို့ရတဲ့ နည်းလေးကိုတင်ပေးလိုက်ပါတယ်။
ဥပမာအားဖြင့် Cracked လုပ်ထားတဲ့ application တွေကို run လို့ရအောင်လုပ်ပေးထားနိုင်တဲ့ installeous ဆိုတဲ့ application ဆိုရင် အင်တာနက်ကွန်နက်ရှင်ရှိမှ Cydia ကနေတစ်ဆင့် သွင်းလို့ရတာပါ။ အခုပြောမယ့် နည်းလမ်းနဲ့ဆို သွင်းချင်တဲ့ application file ( .deb ဖိုင်ကိုပြောတာပါ) ရှိဖို့ပဲလိုပါတယ်။အရင်ဆုံး ကွန်ပျူတာနဲ့ချိတ်သွင်းလို့ရဖို့အတွက် ကွန်ပျူတာထဲမှာ software တစ်ခုသွင်းရပါမယ်။ အောက်မှာရယူလိုက်ပါ
iFunBox ဆော့ဝဲအားရယူရန်
download လုပ်ပြီးပြီဆိုရင် အဲဒီ iFunBox ဆော့ဝဲလေးကို ကွန်ပျူတာထဲကို install လုပ်လိုက်ပါ။ Install လုပ်ပြီးရင် run လိုက်ပါ။ ပြီးရင် မိမိရဲ့ iPad/iPhone ကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ iFunBox ဆော့ဝဲမှာ မိမိရဲ့ device ချိတ်ထားတာကိုသိပြီး ပေါ်လာပါလိမ့်မယ်။ ပြီးရင် raw File System ထဲကိုသွားပါ။
ပြီးရင် var ဖိုဒါထဲကိုသွားပါ။ ပြီးရင်root ဖိုဒါထဲကိုဝင်ပြီး Media ဖိုဒါထဲထိသွားပါ။ Media ဖိုင်ထဲကိုရောက်ပြီဆိုရင် အဲဒီထဲမှာ folder တစ်ခုဆောက်ပါ(folder ဆောက်ချင်ရင် right click နှိပ် New ထဲကနေဆောက်ပါ)။ folder ရဲ့နာမည်ကို Cydia လို့ပေးပါ။ပြီးရင် အသစ်ဆောက်ထားတဲ့ Cydia folder ထဲကိုဝင်ပါ။ Cydia folder ထဲကိုရောက်ပြီဆိုရင် AutoInstall ဆိုတဲ့ folder တစ်ခုထပ်ဆောက်ပါ(အဲဒီ AutoInstall folder ထဲမှာသွင်းချင်တဲ့ .deb application ဖိုင်ကိုထည့်ရမှာပါ)။ AutoInstall folder ထဲကိုရောက်ပြီဆိုရင် ကိုယ်သွင်းချင်တဲ့ install ဖိုင် (.deb) လေးကို AutoInstall folder ထဲမှာ ထည့်လိုက်ပါ။ ပြီးရင် iFunBox ဆော့ဝဲ ကိုပိတ်လို့ရပါပြီ ။ ပြီးရင် ကိုယ့်ရဲ့ iPad,iPhone ကို reboot လုပ် (သို့) Power ပိတ်ပြီးပြန်ဖွင့်လိုက်ပါ။ ပြန်တက်လာရင် ကိုယ့်ရဲ့ iPad,iPhone ထဲမှာ
ခုနက ကွန်ပျူတာနဲ့ချိတ်ထည့်ထားတဲ့ .deb application လေး install လုပ်ပြီးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Thet Naing Soe
(Myanmar Mobile Application Store)

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ