Welcome to my blog :)

rss

Tuesday, February 14, 2012

iPad,iPhone,iPod touch များတွင် iOS Firmware upgrade လုပ်နည်း








iPad,iPhone များတွင် Firmware upgrade လုပ်ဖို့အတွက် မိမိလုပ်လိုသော Firmware ကို =>ဒီနေရာမှာ<= အရင်ဆုံးရယူလိုက်ပါ။ ရယူပြီးပြီဆိုလျှင်
ကွန်ပျူတာ desktop ပေါ်မှာ folder အသစ်ခုဆောက်လိုက်ပါ။ အဲဒီ folder ထဲကို ခုနက download လုပ်ထားတဲ့ firmware file ကိုထည့်ထားလိုက်ပါ။ အောက်ကပုံအတိုင်းပါ။ (iPad ကိုနမူနာထားပြီး လုပ်နည်းကိုပြောပြပါ့မယ်။ လုပ်နည်းက iPhone ရော ၊ iPad ရော ၊ iPod touch ရော အတူတူပါပဲ) ပြီးရင် ကွန်ပျူတာနဲ့ iPad ကိုချိတ်လိုက်ပါ ။ ပြီးရင် ကွန်ပျူတာထဲက iTunes ကို run လိုက်ပါ။ iTune software ပွင့်လာပြီဆိုရင် မိမိရဲ့ iPad device location ကိုသွားလိုက်ပါ ။ အောက်ကပုံထဲကအတိုင်း ပေါ်ပါလိမ့်မယ်။
အပေါ်ပုံထဲက restore ဆိုတဲ့ button ကို နှိပ်ရပါမယ်( restore button ကိုနှိပ်ရာမှာ ကွန်ပျူတာကီးဘုတ်ပေါ်က Shift key ကိုအရင်ဖိနှိပ်ထားပြီးမှ restore ကိုနှိပ်ပါ) ။
အဲဒီမှာ ဖိုင်လမ်းကြောင်းရွေးဖို့ directory box ပေါ်လာတဲ့အခါမှာ ခုနက ဆောက်ထားတဲ့ folder ဆီကိုသွားပါ။ ပြီးရင် ခုနက download လုပ်ထားတဲ့ iOS firmware ဖိုင်ကိုရွေးပါ။ ပြီးရင် open နှိပ်ပါ။ အောက်ကပုံအတိုင်းပါ။ ဒါဆိုရင် iTunes က မိမိရဲ့ iDevice ကိုစတင်ပြီး Firmware Upgrade လုပ်ပါလိမ့်မယ် ။၁၀ မိနစ်လောက်ကြာပြီးတာနဲ့ Restore လုပ်ငန်းစဉ် ပြီးပါလိမ့်မယ်။
restore ပြီးပြီဆိုရင် မိမိရဲ့ iPad, iPhone မှာ Cable နဲ့ iTunes ပုံလေးပြန်ပေါ်လာပါလိမ့်မယ်။ ဒါ့အပြင် Slide Bar လေးပါ “Slide
for emergency” ဆိုပြီးပေါ်လာရင် iOS Firmware Upgrade လုပ်လို့ပြီးသွားပါပြီ။

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ