Welcome to my blog :)

rss

Tuesday, February 14, 2012

ပထမဆုံး iPhone ကို ၁၉၈၃ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့


Apple ရဲ့နာမည်ကျော် iPhone ရဲ့ပထမဆုံးမျိုးဆက်ကို ၁၉၈၃ ခုနှစ်ကပင်စတင်ပုံဖော်ထုတ်လုပ်ခဲ့ပြီး အဆိုပါ iPhone သည်အထိုင်ဖုန်းပုံစံအဖြူရောင်ဖြစ်ကာ built-in screen ကို Stylus ဖြင့်ထိန်းချုပ်အသုံးပြုရကြောင်းသိရသည်။ယင်း 1983 ခုနှစ်ထုတ် iPhone ကို Apple အတွက် Hartmut Esslinger ဆိုသူဒီဇိုင်းပညာရှင်တစ်ဦးက
ပုံဖော်ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်သည်။အဆိုပါဖုန်းသည် iPhone နှင့် iPad တို့အတွက် Touch Screen နည်းပညာ၏ရှေ့ပြေးတစ်ခုလည်းဖြစ်သည်။ ၁၉၈၃ ခုနှစ်ထုတ် iPhone၏ ဒီဇိုင်းနှင့် တခြားသက်ဆိုင်သောအချက်အလက်များကို Standford တက္ကသိုလ်မှသိမ်းဆည်းထားခဲ့ပြီး ငုင်းတို့ကိုထိပ်တန်းလျို့ဝှက်ချက်အဖြစ်ထိန်းသိမ်းခဲ့ခြင်းဖြစ်ကာ ယခုမှ သက်ဆိုင်ရာ သတင်းထောက်နှင့်အဖွဲ့အစည်းများသို့စတင်အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ ငုင်းသည် Apple ၏အတိတ်တွင် မြုပ်နှံခဲ့သည့်နမူနာပုံစံငယ်များအနက်မှတစ်ခုဖြစ်ပြီး iPad နှင့်အနီးစပ်ဆုံးတူညီမှုရှိကြောင်းသိရသည်။ Reference: အင်တာနက်ဂျာနယ်

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ