Welcome to my blog :)

rss

Tuesday, February 14, 2012

အရမ်းလန်းတဲ့ Android Smart Watch

8mm လောက်အထူ၊ display 128 pixels x 128 pixels အကျယ် ဘဲရှိပြီး ဖုန်းနဲ့ Bluetooth ချိတ်ဆက်မှုကို သုံးကာ Android smart phone အသေးစားလေး မိုက်ခရို အသွင်နဲ့ ၀င်ရောက်လာမှာကတော့ i’m Watch ဆိုတဲ့အမည်နဲ့ စမတ်နာရီလေးပါ။ i’m Watch ကိုသုံးပြီး ဖုန်းခေါ်ဆိုမှုတွေလုပ်လို့ရမယ်။ SMS တွေ email တွေဖတ်နိုင်မယ်။ မိုးလေ၀သ သတင်းတွေ၊အချိန် နာရီတွေ သိနိုင်မယ်။ ဒါ့အပြင်   ဖုန်းအ၀င် call တွေဝင်လာရင် caller id ကို pop_up လေးနဲ့ပြပေးမယ်။ facebook တွေ twitter တွေနဲ့လဲ အဆက်မပြတ်ရအောင် social media လဲထည့်သွင်းထားပါတယ်။ SmartWatch နဲ့အတူ Smart Wireless Headset pro လေးပါ ဈေးကွက်ထဲမကြာခင်ရောက်လာမှာပါ။ developer တွေအနေနဲ့တော့ ဒီလိုမျိုး accessories အသစ်တွေနဲ့ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ Smart Extension SDK ကိုအသုံးပြုရမှာဖြစ်ပါတယ်။
i’m Watch က အရောင်သွေးစုံလင်တဲ့ လူငယ်ကြိုက်ဒီဇိုင်း $350 ကနေ စိန်တွေနဲ့အလှဆင်ထားတဲ့ $ 15,000 အထိဈေးမြင့်မယ်လို့  ကုမ္မဏီရဲ့ ဒီဇိုင်းနာ Gianluca Negrello က ဆိုပါတယ်။
“လူတိုင်းက ဖက်ရှင်ကျတဲ့ နည်းပညာပစ္စည်းလေးတွေ ကိုလိုချင်ကြမှာအမှန်ပါ၊ ဒီလိုမျိုး လူတွေမြတ်နိုးကြတဲ့ ပစ္စည်းလေးတွေထုတ်ပြီး ဈေးကွက်ထွင်တာ Apple ရဲ့ လျှို့ဝှက်ခြေလှမ်း တွေပါဘဲ။ ” လို့ i’m Watch ရဲ့ chief executive လဲဖြစ်သလို co-founder လဲဖြစ်တဲ့ Massimiliano Bertolini က ကုမ္မဏီ ရဲ့ show room မှာ AFP သို့ အခုလိုပြောကြားခဲ့ပါတယ်။

ပို့စ်ရေးသားသူအမည်: အဲမွန်

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ