Welcome to my blog :)

rss

Tuesday, February 14, 2012

iOS 5.0 အား jailbreak လုပ်နည်း (Tethered Jailbreak)


























iOS 5.0 ကို jailbreak လုပ်တဲ့နည်းကိုတင်ပေးလိုက်ပါတယ်။ အရင်ဆုံး ကိုယ့်ရဲ့ iDevice ကို iOS 5.0 မတင်ရသေးဘူးဆိုရင် အောက်ကလင့်ကနေရယူပြီးအရင်တင်လိုက်ပါ။ iOS 5.0အားရယူရန်
iOS5.0 firmware ကိုရယူပြီးပြီဆိုရင်တော့ စက်ထဲကို firmware အသစ်တင်ပါမယ်။ iOS firmware တင်နည်းကို အောက်က လင့်မှာဖတ်ရှုပါ။
iOS firmware တင်နည်း
ပြီးရင် jailbreak လုပ်ဖို့လိုအပ်တဲ့ redsn0w လို့ခေါ်တဲ့ ဆော့ဝဲကိုအရင် download လုပ်လိုက်ပါ။
Redsn0w b0.9.9b6 အားရယူရန်
ပြီးရင် အခု download လုပ်ထားတဲ့ redsn0w ကို run လိုက်ပါ။ အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်။ ပြီးရင် Jailbreak ကိုနှိပ်ပါ။
ပြီးရင် Next ကိုနှိပ်ပါ။ (Next ကိုမနှိပ်ခင် မိမိရဲ့ iPhone/iPad/iPod touch ကို Power ပိတ်ပြီးမှ ကွန်ပျူတာကိုချိတ်ဆက်ထားရပါမည်) အောက်ပုံအတိုင်းပါ။

ပြီးရင် DFU mode ထဲကိုဝင်ပါမယ်။ DFU mode ထဲကိုဝင်ဖို့အတွက်လုပ်နည်းကို ဆက်လက်ပြောပြပါမယ်။
ပထမဆုံးအနေနဲ့ powerခလုတ်ကို ၂ စက္ကန့်လောက်ဖိထားပါ။ ၂စက္ကန့်ပြီးသွားရင် home ခလုတ်ကိုပါဆက်ပြီးတပြိုင်နက် နှိပ်လိုက်ပါ(၁၀စက္ကန့်လောက်နှိပ်ထားရပါမယ်) ။
ဒါဆိုရင် DFU mode ထဲကိုရောက်သွားပါပြီ။ DFU mode ထဲကိုဝင်တာ အောင်မြင်တယ် ဆိုရင် Jailbreak process စတင်ပြီဖြစ်ပါတယ်။


အဲဒီမှာ Redsn0w က jailbreak လုပ်ဖို့ စတင်လုပ်ဆောင်ပါလိမ့်မယ်။

ပြီးရင် Install Cydia ကိုအမှန်ခြစ်ပေးပြီး Next ကိုနှိပ်ပါ။အောက်ပုံအတိုင်းပါ။
အဲဒီမှာ မိမိရဲ့ iPhone/iPad/iPod ဟာနောက်တစ်ခါထပ်ပြီး reboot လုပ်ပြီး RAM Disk နဲ့ Kernel အသစ်တွေကို Device ထဲသို့စတင်ထည့်သွင်းပါလိမ့်မယ်။
အဲဒါပြီးရင်တော့ စက်က နောက်တစ်ခါ reboot ထပ်လုပ်ပါလိမ့်မယ်။ ပြန်တက်လာပြီဆိုရင်တော့ မိမိရဲ့ iPhone/iPad/iPod touch ထဲမှာ Cydia application လေးကိုတွေ့ရပါလိမ့်မယ်။
ဒါဆိုရင် Jailbreak လုပ်လို့ပြီးစီးပြီဖြစ်ပါတယ်။
ယခုလုပ်ဆောင်ခဲ့တဲ့ နည်းလမ်းဟာ စက်ကို power ပိတ်လိုက်ရင် ဒီအတိုင်းပြန်ဖွင့်လို့မရပါဘူး။ redsn0w software နဲ့ပဲ Power ပြန်ဖွင့်ပေးရပါတယ်။တကယ်လို့ power ပိတ်မိခဲ့ရင် Jailbreak ကို Boot tethered ပြန်လုပ်ပေးရပါတယ်။
Boot tethered လုပ်ဖို့အတွက် မိမိရဲ့ iPhone/iPad/iPod touch ကိုကွန်ပျူတာနဲ့အရင်ချိတ်ဆက်ပါ။ ပြီးရင် အပေါ်မှာတုန်းက download
လုပ်ထားခဲ့တဲ့ redsn0w ကို run လိုက်ပါ။ ပြီးရင် Extras ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
ပြီးရင် Just Boot ကိုနှိပ်ပါ။

ပြီးရင် DFU mode ထဲကိုဝင်ရပါမယ်။ ပထမဆုံးအနေနဲ့ powerခလုတ်ကို ၂ စက္ကန့်လောက်ဖိထားပါ။ ၂စက္ကန့်ပြီးသွားရင် home ခလုတ်ကိုပါဆက်ပြီးတပြိုင်နက် နှိပ်လိုက်ပါ(၁၀စက္ကန့်လောက်နှိပ်ထားရပါမယ်) ။
ဒါဆိုရင် DFU mode ထဲကိုရောက်သွားပါပြီ။ DFU mode ထဲကိုဝင်တာ အောင်မြင်တယ် ဆိုရင် Boot Tethered စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။
ပြန်တက်လာပြီဆိုရင်တော့ jailbroken device အနေနဲ့သုံးစွဲနိုင်ပြီဖြစ်ပါတယ်။

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ