Welcome to my blog :)

rss

Tuesday, February 14, 2012

iOS 5 Tethered Jailbreak ကို SemiTethered ဖြင့် Power ဖွင့်/ပိတ်လုပ်လို့ရအောင်လုပ်နည်း































iOS 5 ကိုTethered Jailbreak လုပ်ထားသူများ အတွက် Power ပိတ်သွားရင် ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး ပြန်ဖွင့်ရတာမျိုးတွေ အလုပ်ရှုပ်စရာတွေကြုံရမှာပါ။ အဲဒီ ပြသာနာတွေကင်းဝေးစေမယ့် Semi Tethered Jailbreak ဖြင့် Untethered Jailbreak ပုံစံလုပ်နည်းကိုတင်ပေးလိုက်ပါတယ်။ ဒါပေမယ့် ဒါက Untethered Jailbreak တော့မဟုတ်သေးပါဘူး။ ကွန်ပျူတာ နဲ့ချိတ်ဆက်စရာမလိုတော့ဘဲ
ဒီအတိုင်း ပါဝါ အဖွင့်အပိတ်တော့လုပ်နိုင်မှာဖြစ်ပါတယ်။ SemiTethered မပြုလုပ်မီ သတိပြုရန်အချက်များ
SemiTethered လုပ်လိုက်ရင် ပါဝါအဖွင့်အပိတ်ရသွားမှာဖြစ်ပေမယ့် သုံးလို့မရတော့မယ့် system တွေ , application တွေရှိပါတယ်။
အဲဒါတွေကတော့
- Safari Web Browser နဲ့ Mail application ကိုအသုံးပြုလို့ရတော့မှာမဟုတ်ပါဘူး။ တကယ်လို့ Web Browser နဲ့ mailအသုံးပြုချင်တယ်ဆိုရင် Apple Store ကနေ တခြား Web Browser
တစ်ခု နဲ့ gmail app လိုမျိုး mail application တစ်ခုခု download လုပ်သွင်းထားမှ သာသုံးလို့ရပါလိမ့်မယ်။
-sbsetting လည်းထည့်သွင်းထားလို့မရပါဘူး။
-အခုပြောမယ့်အချက်ကတော့ အဓိကအချက်လေးပါ။ Semitethered လုပ်ပြီးတာနဲ့ Cracked လုပ်ထားတဲ့ application တွေ ၊ Cydia application တွေ တစ်ခုမှအသုံးပြုလို့ရတော့မှာမဟုတ်ပါဘူး။
Apple Store ကနေ ကိုယ်ပိုင် iTunes အကောင့်နဲ့ download လုပ်ထားတဲ့ application တွေကိုတော့ သုံးစွဲလို့ရမှာဖြစ်ပါတယ်။
အဲဒီအချက်တွေကို လက်ခံနိုင်တယ်ဆိုရင်တော့ အောက်မှာ SemiTethered Jailbreak လုပ်နည်းကို ဆက်လက်ရှင်းပြထားပါတယ်။
Semitethered လုပ်ဖို့အတွက် မိမိရဲ့ iPhone/iPad/iPod touch ဟာ iOS 5.0 ကိုTethered jailbreak လုပ်ပြီးသားဖြစ်ရပါမယ်။

ပထမဆုံးအနေနဲ့ Cydia ထဲကိုဝင်ပါ။ ပြီးရင် Cydia ထဲက Manage ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
ပြီးရင် Sources ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

ပြီးရင် ညာဘက်ထိပ်ဆုံးနားလေးက Edit ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

ပြီးရင် ဘယ်ဘက်ထိပ်ဆုံးက Add ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

စာရိုက်တဲ့ Textbox လေးပေါ်လာရင် http://thebigboss.org/semitether လို့ရိုက်ထည့်ပြီး Add Source ကိုနှိပ်ပါ။

Package ကိုစတင်ပြီး download လုပ်ပါလိမ့်မယ်။ ပြီးပြီဆိုရင် Return to Cydia ကိုနှိပ်ပါ။

Source List ထဲမှာ ခုနက http://thebigboss.org/semitether ကနေ download လုပ်လိုက်တဲ့ thebigboss.org ဆိုတဲ့ package လေးကိုတွေ့ရပါလိမ့်မယ်။ အဲဒါကိုနှိပ်လိုက်ပါ။
အောက်ပုံအတိုင်းပါ။

ပြီးရင် SemiTether ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

ပြီးရင် ညာဘက်ထိပ်ဆုံးက Install ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

SemiTethered ကိုစတင် install လုပ်ဖို့အတွက် ညာဘက်ထိပ်ဆုံးက Confirm ကိုနှိပ်ပါ။

install လုပ်လို့ပြီးသွားပြီဆိုရင်တော့ Reboot Device ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

Reboot လုပ်ပြီး ပြန်တက်လာပြီဆိုရင်တော့ SemiTethered လုပ်လို့ပြီးသွားပြီဖြစ်ပါတယ်။ အရင်ကလို Power ဖွင့်လိုက်လို့ Apple Logo မှာတင်ရပ်နေတဲ့ အခြေအနေတွေကင်းသွားပြီး
စိတ်ချမ်းသာစွာနဲ့ Power အဖွင့်အပိတ်လုပ်နိုင်ပါပြီ ။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

Thet Naing Soe
(Myanmar Mobile Application Store)


Video Tutorial အနေနဲ့ကြည့်ချင်တယ်ဆိုရင်

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ