Welcome to my blog :)

rss

Tuesday, February 14, 2012

Huawei c5900 ကို EVDO Modem အဖြစ် ကွန်ပျူတာဖြင့်ချိတ်ဆက်၍ အင်တာနက်အသုံးပြုနည်း(how to use)








Setup a new connection or network ကိုရွေးပါ။ အောက်ပုံအတိုင်းပါ။
















CDMA 800 EVDO အင်တာနက်ကိုအသုံးပြုနေကြသည့် Mobile User များအတွက် Huawei C5900 ကို Modem အဖြစ်အသုံးပြုပြီး ကွန်ပျူတာဖြင့်ချိတ်ဆက်၍ အင်တာနက်အသုံးပြုနိုင်မည့် နည်းလမ်းကိုတင်ပြလိုက်ရပါတယ်။ အရင်ဆုံးလိုအပ်တဲ့ tools တွေကိုအရင်ရယူလိုက်ပါ။
HUAWEI C5900Modem Driver အားရယူရန်
HUAWEI C5900 PC suite အားရယူရန်
Download လုပ်ပြီးရင် HUAWEI C5900Modem Driver နဲ့ PC Suite ကို ကွန်ပျူတာမှာ install လုပ်ပါ။ ပြီးလျှင် ဖုန်းကို (USB ကြိုးဖြင့်) ကွန်ပျူတာနှင့်ချိတ်ဆက်ပါ။ ပြီးရင် ဖုန်း ကို modem mode တွင်ရွေးချယ်ထားပါ။
တခြားနေရာကနေ mode ပြောင်းချင်ရင်လည်းရပါတယ်။ Menu > Setting > Connectivity Setting > Phone Mode ထဲကနေလည်း modem mode ကိုပြောင်းလဲနိုင်ပါတယ်။
ပြီးရင်ကွန်ပျူတာနဲ့ချိတ်ဆက်ပြီးအင်တာနက်သုံးလို့ရဖို့ ကွန်ပျူတာထဲမှာ dial up connection တစ်ခုဆောက်ရပါမယ်။ ကွန်ပျူတာထဲက Control Panel ထဲကိုဝင်ပါ။ ပြီးရင် Network and Internet ထဲကိုဝင်ပါ။

Network and Sharing Center ထဲကိုဝင်ပါ။

Set up a Dial-up connection ကိုရွေးပေးပါ။ ပြီးလျှင် Next လုပ်ပါ။ အောက်ပုံအတိုင်းပါ။

– Dial-up phone number တွင် #777 ကို ရိုက်ထည့်ပေးပါ။
-User name တွင် xxxxxx@c800.mm ကို ရိုက်ထည့်ပါ။ ( xxxxx သည် သင်ကြိုက်နှစ်သက်ရာဖြစ်သည်။ )
-password တွင် သင်ကြိုက်နှစ်သက်ရာကိုပေးပါ။
– Connection name တွင် သင်ကြိုက်နှစ်သက်ရာကိုပေးပါ။
– တခြားသူများကိုပါ connection ကို အသုံးပြုခွင့် ပေး/ မပေးကို ဆုံးဖြတ်၍ check box တွင် check / uncheck ကြိုက်သလိုလုပ်ပါ။ ပြီးလျှင် Connect လုပ်ပါ။
အောက်ပုံအတိုင်းပါ။

Connection လုပ်တဲ့ ကဏ္ဍကိုရောက်သွားရင် Skip ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

် close ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

ပြီးလျှင် ခုနက Network and Sharing Center ထဲက Change adapter settings ထဲကိုဝင်ပါ။ အောက်ပုံအတိုင်းပါ။

အဲဒီထဲမှာ ခုနက အသစ်ဆောက်လိုက်တဲ့ dial up connection လေးကိုတွေ့ရပါလိမ့်မယ်။ အဲဒီ dial up connection ပေါ်မှာ right click နှိပ်ပြီး Create Shortcut ကိုနှိပ်ပါ။
Window can’t create shout here ဆိုတဲ့ warning ပေါ်လာရင်လည်း yes သာလုပ်ပေးလိုက်ပါ။

ကွန်ပျူတာ desktop ပေါ်မှာ အသစ်ဆောက်ထားတဲ့ dial up connection shoutcut လေးကိုတွေ့ရပါလိမ့်မယ်။ Desktop ပေါ်က dial up connection ထဲကိုဝင်ပါ။ အောက်ပုံအတိုင်းပါ။

အင်တာနက်ချိတ်ဆက်မယ်ဆိုရင် Dial ဆိုတဲ့ ခလုတ်လေးကိုနှိပ်ပါ။ Connect လုပ်ပြီးပါက Taskbar ရှိ network icon နေရာတွင် ကြက်ခြေခတ်ပုံစံမဟုတ်တော့ဘဲ
Connection ချိတ်ဆက်ထားသည့် icon ကိုတွေ့ရပါမယ်။

ဒါဆိုရင် အင်တာနက်ချိတ်ဆက်သွားပြီဖြစ်ပါတယ်။ ပြီးရင် ကွန်ပျူတာရဲ့ internet web browser တွင် proxy server setting အားပြင်ဆင်ရပါမည်။
Internet အသုံးပြုရန်အတွက် Mozilla FireFox Internet Setting
Tools > Options > Advanced > Network > Setting > NoProxy ကိုရွေးပေးပါ။
ဒါဆိုရင် HUAWEI C5900 ဖုန်းကို EVDO Modem အဖြစ် အသုံးပြု ၍ ကွန်ပျူတာဖြင့် ချိတ်ဆက်ပြီး အင်တာနက်အသုံးပြုနိုင်ပြီဖြစ်ပါသည်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။
Thet Naing Soe
(Myanmar Mobile Application Store)
thet.naing.it@gmail.com

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ