Welcome to my blog :)

rss

Tuesday, February 14, 2012

Android ဖုန်း/Tablet ပေါ်တွင် Panorama နည်းပညာဖြင့် မြင်ကွင်းကျယ်ဓာတ်ပုံဖန်တီးခြင်း သက်နိုင်စိုး | November 25, 2011 | 3 Comments










qrcode

















မြန်မာ Mobile App မှ Mobile User များအား Panorama လို့ခေါ်တဲ့ မြင်ကွင်းကျယ်ဓာတ်ပုံဖန်တီးခြင်းနဲ့ပတ်သက်ပြီး
တင်ပြပေးသွားမှာဖြစ်ပါတယ်။ Panorama ဓာတ်ပုံဆိုတာ ဘာလဲဆိုတာကို မသိသေးတဲ့သူတွေလည်းရှိမှာပါ။
အပေါ်မှာပြောခဲ့သလိုပဲ သာမန်ထက်ပိုတဲ့ မြင်ကွင်းအကျယ်ကိုရိုက်ချင်တဲ့အခါမှာ ဒီနည်းကိုသုံးရပါတယ်။
အောက်မှာ Panorama နည်းပညာနဲ့ရိုက်ထားတဲ့ပုံအချို့ကို ပြထားပါတယ်။


ပုံတွေကိုကြည့်လိုက်မယ်ဆိုရင် သာမန်အကျယ်ထက်ပိုတဲ့မြင်ကွင်းမျိုးတွေကိုရိုက်ကူးထားတာကိုတွေ့ရမှာပါ။
ဒီလိုမျိုးတွေကိုရိုက်မယ်ဆိုရင် သာမန်အတိုင်းရိုက်ကူးလို့မရပါဘူး။ Panorama နည်းပညာနဲ့သာရိုက်ကူးရမှာပါ။
ဒါဆိုရင် ကျွန်တော်တို့ Android ဖုန်း/Tablet တွေပေါ်မှာ Panorama နည်းပညာနဲ့မြင်ကွင်းကျယ်ဓာတ်ပုံတွေ
ရိုက်ကူးကြရအောင်။

ပထမဆုံးအနေနဲ့ Panorama ဓာတ်ပုံရိုက်ကူးဖို့လိုအပ်တဲ့ tool ဖြစ်တဲ့ Photaf 3D Panorama ကိုအရင် download ရယူလိုက်ပါ။
Photaf 3D Panorama အားရယူရန်
QR code scanner ဖြင့်ဖုန်းကိုအသုံးပြု၍ Direct ရယူရန်-
download လုပ်ပြီးပြီဆိုရင်တော့ ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ပြီးရင် Photaf 3D Panorama ထဲကိုဝင်လိုက်ပါ။
ဓာတ်ပုံစတင်ရိုက်ကူးဖို့အတွက် Create Panorama ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

“User Automatic picture taking?” လို့မေးလာရင် No ကိုရွေးပါ။ အောက်ပုံအတိုင်းပါ။

အခုဆိုရင် Panorama ဓာတ်ပုံစတင်ရိုက်ကူးဖို့အသင့်ဖြစ်နေပါပြီ။ အဓိကအနေနဲ့အသုံးပြုရမှာကတော့ နှစ်ခုပဲပါဝင်ပါတယ်။
အဲဒါကတော့ Panorama ပုံအတွက် ချိန်ညှိပေးမယ့် screen လေးနဲ့ Panorama ဓာတ်ပုံရိုက်ဖို့ခလုတ်လေးပါပဲ။အောက်ပုံအတိုင်းပါ။

ကဲ..ဒါဆို Panorama ဓာတ်ပုံစတင်ရိုက်ပါမယ်။ မြင်ကွင်းတစ်ခုကိုစတင်ချိန်ပြီး Panorama ဓာတ်ပုံရိုက်တဲ့ခလုတ်လေးကိုနှိပ်လိုက်ပါ။
အောက်ပုံအတိုင်းပါ။

ရိုက်ပြီးသွားပြီဆိုရင်တော့ screen ကိုဘေးတိုက်ရွှေ့ပါ။ ခုနက ပြောခဲ့တဲ့ Panorama ပုံကိုချိန်ညှိပေးမယ့် screen အကွက်လေးအနီရောင်
ဖြစ်နေချိန်မှာ မရိုက်ပါနဲ့။ အောက်ပုံအတိုင်းပါ။

အခုဆို Panorama ပုံချိန်တဲ့ screen လေးအစိမ်းရောင်ဖြစ်သွားပါပြီ။ ဒါဆိုရင် Panorama ဓာတ်ပုံရိုက်တဲ့ခလုတ်လေးကိုနှိပ်ပါ။အောက်ပုံအတိုင်းပါ။

ဒါဆိုသဘောတရားကိုတော့ သိသွားလောက်ပါပြီ။ နောက်ထပ်တွေလည်း အဲလိုပဲရိုက်ရမှာပါ။ ကဲအခုတော့ ဒီလောက်ကိုပဲစမ်းကြည့်ကြရအောင်။
Panorama ဓာတ်ပုံထုတ်ဖို့ရာအတွက် Screen ရဲ့ညာဘက်က “Stitch Images” ဆိုတဲ့ခလုတ်လေးကိုနှိပ်ပါ။ ဒါဆိုရင် Panorama ဓာတ်ပုံ
စတင်ထုတ်နေပြီဖြစ်ပါတယ်။အောက်ပုံအတိုင်းပါ။

အခုဆိုရင် Panaroma နည်းပညာနဲ့ရိုက်ထားတဲ့ ပုံလေးထွက်လာပါပြီ။ အောက်ပုံကိုကြည့်ပါ။

ဒီလောက်ဆိုရင် Panorama နည်းပညာနဲ့ဓာတ်ပုံရိုက်ကူးခြင်းကိုသိရှိကြပြီလို့ထင်ပါတယ်။
အောက်မှာတော့ နမူနာတစ်ပုံထပ်ရိုက်ပြီး တင်ပေးလိုက်ပါတယ်။

တကယ်လို့ ရိုက်ထားတဲ့ပုံတွေကို ပြန်ယူမယ်ဆိုရင် ဖုန်းကို ကွန်ပျူတာနဲ့USB ကြိုးဖြင့်ချိတ်ဆက်လိုက်ပါ ။ SD card ထဲက Photaf ဆိုတဲ့ ဖိုင်ထဲမှာ
အခုရိုက်ထားတဲ့ Panorama မြင်ကွင်းကျယ်ပုံတွေကို ပြန်ယူလို့ရပါတယ်။
ကဲ.. မြန်မာ Mobile App မှ Mobile User များလည်း Panorama မြင်ကွင်းကျယ်ပုံတွေရိုက်ကူးလိုက်ကြပါဦး။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။


Thet Naing Soe
(Myanmar Mobile Application Store)


ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ