Welcome to my blog :)

rss

Sunday, February 19, 2012

အမေးအဖြေ (၂၉)(၁၈ နှစ်ပြည့်မှ ဖတ်ပါ)

၁။ I am married for 3 years and no child yet.
၂။ အဲဒါက ဝယ်လို့ရပါသလား သိချင်ပါတယ်။
၃။ အင်္ဂါထိပ်ပိုင်း တစ်ခုလုံးရဲနေပြီး မခံနိင်လောက်အောင်ကို ယားပါတယ်။
၎။ HIV diseases when it comes to do as the following stupid things
၅။ ရာသီထိန်နေလို့ ဘာဆေးသောက်ရမလဲ
၆။ လိင်အင်္ဂါအရင်းမှာ အနာလိုအဖုလေး ပေါက်နေတယ်ပါတယ်။

On Sat, Jan 21, 2012 at 5:37 AM,
My name is (့) and I am 26 years old. I am married for 3 years and no child yet. I would like to ask you about some pigmented spots on my female genital region. (ကန်တော့နော် Sayar) Last year, some pimples like acne on my vulva and I tried to squeeze when they ripe. At that time I noticed one black spot on top inside of left vulva which is as little as 3mm, oval shape more like a black slit, painless, no itchiness and no bleeding. At first I think I was vein but it is not. I showed this one to my family doctor while taking pap smear and she said that it is pigmentation and nothing need to do. After that, I noticed one another light brown spot on right middle of vulva which is also flat, 3-4 mm, no pain and no itchiness. And now I noticed one another brown mark on right to inner crease of thigh. Now, I am worried about these black and brown marks and please give advice to me. What are these possible? Any dangerous? And what should I do?

Then you don't needs to feel sorry, I assume (1) One doctor has seen it and (2) it is not like cancer or any of sexually transmitted diseases

It can be a benign pigmentation But it may spread It may become larger But it is just fine.

I also don't not think you need medication There are creams or lotions for pigmentation But the skin around is thin, soft and sensitive So all medicines must be careful You do need cosmetic reason either, I think

Maybe a skin specialist who is a female can be helpful.

2012/2/1
သမီးက အသက် ၂၅ နှစ်ပါ။ ငယ်ငယ်ကတည်းက အခုထိနေ့တိုင်း သွားကြိတ်ပါတယ်။ သတိထားပြီး အိပ်ရင်လဲ လွတ်သွားတဲ့အချိန်ကြိတ်တာပါပဲ။ သမီးသွားတွေမှာ အက်ကြောင်းတွေ ဖြစ်နေတာလဲတွေ့ရတယ်ရှင့်။ ပီကေတော့ တစ်ခါတစ်ရံ ဝါးတတ်ပါတယ်။ ဆရာ့ရဲ့အမေးအဖြေထဲမှာ (Taste-based biofeedback method ကုနည်းတမျိုးလဲရှိတယ်။ ပိတ်ထားတဲ့အိတ်လေးထဲမှာ မကြိုက်မဲ့အရသာ Hot sauce,Vinegar, Denatonium benzoate ထည့်ပေးထားလို့ သွားကြိတ်ရင် အိတ်ကပေါက်ထွက်ပြီး လူက သတိ ရှိလာစေဘို့ ရည်ရွယ်တာဖြစ်တယ်) လို့ဖတ်ရပါတယ်ရှင့်။ အဲဒါက ဝယ်လို့ရပါသလား သိချင်ပါတယ်။ သမီးက သွားဆေးခန်းလဲတစ်ခါမှ မပြဖူးပါဘူးရှင့်။

ဆရာ့စာထဲမှာပါတာတွေက တကယ်ရှိတာတွေပါ။ ဒါပေမဲ့ ရှားတာမျို၊ သစ်ဆန်းတာမျိုးတွေကတော့ တိုးတက်တဲ့နိုင်ငံမှာသာ ရနိုင်တာတွေ ဖြစ်တတ်တယ်။ ကိုယ်နေတဲ့နိုင်ငံမှာ မေးကြည့်ပါ။

Mon, Feb 6, 2012 at 12:30 AM
ကျွန်တော် အသက် ၂၄ ပါ။ အခု (့) မှာအလုပ်လုပ်နေပါတယ်။ ကျွန်တော်ရဲ့ အင်္ဂါဖုံးထားတဲ့ အရေပြားနဲ့ ကွမ်းသီးလုံးရဲ့ အောက်ဘက် နှစ်ခမ်းသားတွေမှာ အဖုလေးတွေ အများကြီးပေါက်နေတယ်။ စဖြစ်တုန်းကတော့ အင်္ဂါထိပ်ပိုင်း တစ်ခုလုံးရဲနေပြီး မခံနိင်လောက်အောင်ကို ယားပါတယ်။ နောက်ပိုင်းတော့ အဖုလေးတွေ ဖြစ်နေခဲ့တယ်။ ညစ်ပတ်လို့ ယားနာဆိုပြီး ဒီအတိုင်းပစ်ထားထားမိတယ်။ အလုပ် မအားတာလဲ ပါပါတယ်။ ဆေးခန်းပြတော့လည်း ပိုသတ်ဆေး ယားနာပျောက်ဆေးတွေပဲပေးတယ်။ ဒီလိုကြီးဖြစ်တာ 2010 အစပိုင်း လောက်ကထင်တယ်၊ အတိအကျတော့ မမှတ်မိတော့ဘူးပေါ့နော်။ အခုဆို တစ်နှစ်နီးပါးလောက်တော့ရှိပြီ။ အစတုံးက အဖုလေးတွေ တစ်တန်းထဲပေါ့နော် အခုတော့ အတန်းလေးတွေ ထပ်ပြီး ပွားနေပါတယ်။ မယားတော့ပါဘူး။ အညှော်တွေဘာတွေ မိရင်တော့ အင်္ဂါထိပ်ပိုင်းမှာ နာသလိုခံစားရတယ်။ အဲဒါ ဘာရောဂါဖြစ်တာပါလဲ။ သူ့အလိုလို ပျောက်သွားမယ် ထင်ပြီး ဒီအတိုင်းထားမိတာပါ။ သူများနိင်ငံမှာဆိုတော့လည်း ပွင့်ပွင့်လင်းလင်းလည်း မပြောတက်တော့ သူတိုပေးတဲ့ ဆေးပဲစား ဆေးပဲလိမ်းတယ်လေ၊ နောက်တော့ ဒီအတိုင်းလေးပဲ ပြစ်ထားတာ၊ အိမ်ထောင်ပြုလို့ ရပါ့မလား။ ကျွန်တော့်မှာ ချစ်သူကောင်မလေးရှိပါတယ်။ ကျွန်တော်တို့ ကွန်ဒုံးသုံးပြီး အတူတူနေပါတယ်။ ကိုယ်ဝန်ရမှာကြောက်တာရယ် ကျွန်တော် အင်္ဂါမှာလဲ အလိုဖြစ်နေတာရယ်ကြောင့်ပါ။ အကာအကွယ်မပါပဲနဲ့ အတူတူနေရင် ကူးနိင်သလား။ အခုထိမပျောက်သေးတော့ ရောဂါတစ်ခုခုများဖြစ်နေပြီထင်တယ်။ ဒီလိုတွေးမိတိုင်း အားငယ်သလိုခံစားရပါတယ်။ ဖြစ်တာလည်း ကြာနေပြီဆိုတော့ ပျောက်နိင်ပါသေးရဲ့လားလို့ စိုးရိမ်စိတ်ဖြစ်နေတယ်။

ဆေးခန်းက ပေးတဲ့ဆေးတွေ -
Aciclovir cream Biovir BP 5g
Diclomax 50 diclofenac sodium bp 50 mg
ViVir tab Acyclovir 200mg အဲဒီဆေးတွေ သုံးဖူးပါတယ်။ ဘာမှ မထူးခြားတာနဲ့ ဘာမှ မသုံးတော့ပဲနဲ့ ဒီအတိုင်းပဲနေတာ ကြာပါပြီ။ ကျွန်တော့် ဘာသာ သုံးဖူးတာက စကင်နယ် ပါ။ (SKINEAL) တမာ ယားနာပျောက်ဆေး၊ ဆရာခို၊ ပင်နီစလင် အမုန့်ကြိတ်ပြီး အုန်းဆီနဲ့ လိမ်းပေးတယ်။ ဆေးတွေလည်းစုံပြီထင်တယ်ဆရာ။ ပျောက်လည်းမပျောက်ဘူး။ အခု ကျွန်တော်ပျောက်အောင် ကုချင်ပါပြီ။ ရောဂါများရနေပြီလား လို့လဲ တွေးမိတယ်။ ရောဂါရအောင်လည်း ငါက ဘာလုပ်လို့လဲ၊ ငါဘာမှ မလုပ်တာပဲလို့ ကိုယ့်ကိုယ်ကိုပြောပြီး အားတင်းနေရပါတယ်။ ကျွန်တော် လူညွှတ်မတုံးနိင်ပါဘူးနော်။

မစိုးရိမ်ပါနဲ့။ အများအားဖြင့် လိင်အင်္ဂါမှာ ယားနာ (ဝဲ) Scabies မပေါက်ပါ။ ဖြစ်နိုင်တာတွေက ရေယုံနဲ့ ကြွက်နို့အပါအဝင် လိင်ကတဆင့်ကူးစက်ရောဂါတွေဖြစ်တယ်။ ဒါတွေက လိင်ဆက်ဆံဘက်အဖေါ်မှာ ရှိနေမှသာ ကိုယ့်ဆီကို ကူးလာပါတယ်။ မေးတဲ့သူမှာ ဒီရာဇဝင်ရှင်းနေတာမို့ မစိုးရိမ်ပါနဲ့။ အဲဒီက ဆရာဝန်ညွှန်တာတွေကလဲ အဲလိုရောဂါတွေအတွက်ဖြစ်တယ်။ ရောဂါမှန်ရင် ဆေးလဲမှန်လို့ ပျောက်ပါမယ်။ သန့်ရှင်းရေးလိုလို့ဖြစ်တာမျိုးက အဲလောက်မကြာပါ။ နောက်ဖြစ်နိုင်စရာက ဆေးကုဘို့မလိုတာမျိုး ဖြစ်နိုင်တယ်။ ဖြစ်ကာစတုံးကတော့ ပိုးတမျိုးမျိုးဝင်ခဲ့လိမ့်မယ်။ ဒါကြောင့် ရဲနေတာ-ယားတာတွေ ခံစားရတာရှိတယ်။ အဲဒါမျိုးက ကြာကြာမခံစားရပါ။ လူ့(တစ်ရှူး)တွေမှာ တခုခု ဖြစ်လာ-ပြောင်းလာတဲ့နောက် အနာကျက်သွားပေမဲ့ ရင်းစားပြန်မရသလို ကျန်ရစ်ခဲ့တတ်တာတွေ ရှိတယ်။ အမာရွတ်လို၊ အရောင်ပြောင်းသွားတာလို၊ အဖု-အသီးလို ကျန်နေရစ်တတ်တယ်။ဒါတွေကို ရောဂါလို့ မခေါ်ပါ။ တချို့ကျန်ရင်တာ၊ ပြောင်းသွားတာတွေက နဂိုအနေ မရောက်ပါ။ ရောက်အောင်လုပ်ဘို့ မလိုတတ်ပါ။ အလှအပသုံးနေရာတွေဆို တမျိုးပေါ့။ လုပ်ရင်လဲ ပိုဆိုးသွားမလား ချိန်ရတယ်။ နောက် ဖြစ်နိုင်တာ တခုက ရေးထားတာ တခုဖြစ်တဲ့ (Pearly Penile Papules (PPP) ကျား-အင်္ဂါမှာ ပုလဲကုံးလေးလိုဖြစ်နေတာ) ဖြစ်နိုင်တယ်။ အဲဒါမျိုးက လူညွန်တုံးတာ ဟုတ်ပါ။ ဇနီးမယားကိုလဲ မကူးစက်နိုင်ပါ။ စိတ်ဓါတ် လုံးဝ မကျပါနဲ့။ သူများနိုင်ငံမှာနေရသူတိုင်း အားတင်းရတယ်။ (ကျွန်တော်လဲ ပါတယ်။) ပြောင်းလဲမှုရှိလာရင် ထပ်ပြောပါ။ လိုမယ်ထင်ရင် ဓါတ်ပုံပို့ပေးပါ။

On Sun, Feb 5, 2012 at 9:36 PM,
I here would like to ask you some of the doubts that continuously disturbing and annoying me. I am really getting repent for dealing with sex worker recklessly and feeling guilty complex for doing so. Please kindly explain me about the percentage of getting infected by HIV diseases when it comes to do as the following stupid things,
1) Let me know the percentage or risk of getting infected by HIV when kisses mouth-to-mouth. Because after the sex worker suddenly sucked my lips (Apologies for rudeness), I noticed resentfully that my lips got some blisters and open wounds. Also, my lips were getting wet by some of her saliva. I hope there was not blood from her mouth.
2) Also, kindly tell me know what is the risk of getting infected by HIV if sucking to the sex worker's nipples? Apologies for rudeness and really repent for my stupidity. There was no fluid coming from her nipples.
3) Thirdly, I removed the stained condom with hand holding small piece of tissue. Apologies for rudeness! And my fingers got some small open wounds getting from trimming nails. And my fingers may expose with sex worker's fluid. But I washed my hands with water after a few minutes. Are there any risks of getting infected by HIV?

1) A: The research is still going on. The Q and A will tell us different numbers from very rarely to nil. But not only blood but saliva may have virus. Again the chance is very slim. The percentage can vary.
2) A: Breast milk has virus. Licking the nipple of non-breast feeding women cannot infect because it cannot produce milk.
3) A: Theoretically yes. But the chance is extremely thin. So far I don't see any report of such.

2012/2/3
(့) အသက်က ၃၄နှစ်ပါ။ ရာသီထိန်နေလို့ ဘာဆေးသောက်ရမလဲ သိချင်လို့ပါရှင့်။ ပုံမှန် ရက်မှန်ပါတယ်။ လစဉ် ၂၆ ဆိုလာပါတယ်။ နောက်ကျရင်လဲ ၁ ရက်ပါပဲ။ ယခု ၁ ကြိမ်ပဲ အဲ့လိုဖြစ်ဖူးပါတယ်ရှင့်။ ဒီနေ့နဲ့ဆို ၈ ရက်နောက်ကျနေပါပြီရှင့်။ အိမ်ထောင်လဲမရှိပါဘူး။

အိမ်ထောင်လဲမရှိ၊ သမီးရည်းစားဆက်စပ်မှုကိုလဲ ဖယ်ထားနိုင်ရင် ကိုယ်ဝန်ဆိုတာ ထည့်စဉ်းစားစရာမလိုဘူးပေါ့။ အဲလိုအမျိုးသမီးတွေမှာ စိုးရိမ်နေစရာ မလိုပါ။ ၃၄ နှစ်ဆိုတော့ ၄၅ နှစ်ဖြစ်မှာတွေက အဝေးကြီးလိုသေးတယ်။ ဆေး မသောက်ဘဲ စောင့်နိုင်ပါတယ်။ မြန်မာဆေး၊ အရပ်ဆေး ဥပမာ ချင်းပြုတ်ရည်လောက်တော့ သောက်နိုင်ပါတယ်။ Menstrogen ထိုးဆေး မလိုလောက်ပါ။ တခြားခံစားရတာ ရှိသေးသလား။ ဥပမာ အဖြူဆင်းတာ၊ ဗိုက်နာတာ စသဖြင့်။ နောက်ရက်တွေမှာ မထူးခြားရင်ပြောပါ။
Menstrogen (မင်စထိုဂျင်) ဆေး

Thu, Feb 2, 2012 at 1:54 PM
ကျွန်တော်ကတော့ (့) ကပါ။ ကျွန်တော်မှာ လိင်အင်္ဂါအရင်းမှာ အနာလိုအဖုလေး ပေါက်နေတယ်ပါတယ်။ အရည်ကြည်ဖုလေးလိုပါပဲ။ ပျောက်လည်းမပျောက်ဘူး။ ယားတာလည်းမယားဘူး။ ကုတ်ရင်လည်း သွေးထွက်တယ် ဒါပေမဲ့မနာဘူး။ အရမ်းစိုးရိမ်တယ်ဆရာ။ ကျွန်တော်က အိမ်ထောင်မရှိ လူပျိုပါ။ အဲ့အဖုလေး ပေါက်ပြီးနောက်ပိုင်း ကျွန်တော် လိင်အင်္ဂါဟာ အရင်လောက်မသန်မာဘူး။ ချစ်သူနဲ့ အတူတူနေရင်တောင် ဘာမှလုပ်မရဘူး။ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေပါတယ်။ ဘာလုပ်သင့်တယ်ဆိုတာ အကြံပေးပါဦး။ တော်တော်ကို စိတ်ဓာတ်ကြနေလို့ပါ။ ပန်းသေတာတော့ မဟုတ်လောက်ပါဘူးနော်ဆရာ။ အရမ်းစိုးရိမ်နေတယ်။

အသက်။ အဲလို ပန်းမလန်းတာ ဘယ်လောက်ကြာ။ တကိုယ်ရေ အာသာဖြေရင် ဘယ်လိုနေ။ မသန်မာတာလား။ ခဏသာဖြစ်တာလား။ ပြီးတဲ့အထိ ရောက်နိုင်သလား။ အရင်ကကော ပုံမှန်ဘဲလား။ စိတ်ဖိစီးမှု များသလား။ အဲဒါအတွက် ဆေးစတာ စမ်းဘူသလား။

အသက်က 23 နှစ်ပါဆရာ ပန်းကလာလည်းခဏပဲဆရာ တစ်ကိုယ်ရေ အာသာဖြေလည်းတစ်ခါတစ်လေ ပြီးမှန်းမသိပြီးသွားတယ်။ အရင်လောက်မသန်မာသလိုပဲ ခုလပိုင်းမှ ဖြစ်တာပါ တစ်ခြား ကောင်မလေးတွေနဲ့ ဆက်ဆံရင် ပြီးတယ်။ ချစ်သူနဲ့ ဆက်ဆံရင် ဘယ်လိုမှ မသန်မာတော့ဘူး။ စိတ်ဖိစီးမှုကတော့ မရှိပါဘူး။ ဆေးတွေပါတွေလည်း မစမ်းဖူးပါဘူး။ တစ်ခြားကောင်မလေးတွေနဲ့ဆို စိတ်ကလာသေးတယ်၊ ချစ်သူနဲ့ဆို ဘယ်လိုမှ စိတ်ထည့်လို့မရဘူး။ ချစ်သူနဲ့ကျွန်တော် ခုထိတစ်ခါမှလည်း မဖြစ်ဖူးသေးဘူး။ ဘယ်လို့ဖြစ်တာလဲ မသိဘူးဆရာ။ အကြံပေးပါဦး။ ခုနောက်ပိုင်းတော့ ဘယ်ကောင်မလေးနဲ့နေနေ အရင်လောက်မသန်မာတော့ဘူးဆရာ။ ပြီးတော့ ကျွန်တော် လိင်အင်္ဂါ အချောင်းမှာ ပေါက်နေတဲ့ အဖုလေးနဲ့တော့ မဆိုင်လောက်ပါဘူးနော်ဆရာ။ စိုးရိမ်မိလို့ပါ။

Lesions on penis ကျားအင်္ဂါ အနာများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၁)
Genital herpes လိင်လမ်း ရေယုံ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၉)
Genital Warts လိင်အင်္ဂါကြွက်နို့ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၄)

ယမုန်နာဆေးခန်း - အမေးအဖြေ (၂၉)(၁၈ နှစ်ပြည့်မှ ဖတ်ပါ)

2 comments:

Unknown said...

အကာအကွယ်​ ကွန်​ဒုံးသုံးပီးလိင်​ဆက်​ဆံပီးမှ ရာသီမလာရင်​ ကိုယ်​၀န်​ရနိုင်​ပါသလားဆရာ ရာသီလာရမယ့်​ရက်​ထက်​ ၂၀ ရက်​​လောက်​​ကျော်​​နေလို့ပါခင်​ဗျာ ရာသီလာ​အောင်​ ​သောက်​ရမယ့်​​ဆေး​လေးများရှိရင်​လဲ သိချင်​ပါတယ်​ခင်​ဗျာ

Unknown said...

အကာအကွယ်​ ကွန်​ဒုံးသုံးပီးလိင်​ဆက်​ဆံပီးမှ ရာသီမလာရင်​ ကိုယ်​၀န်​ရနိုင်​ပါသလားဆရာ ရာသီလာရမယ့်​ရက်​ထက်​ ၂၀ ရက်​​လောက်​​ကျော်​​နေလို့ပါခင်​ဗျာ ရာသီလာ​အောင်​ ​သောက်​ရမယ့်​​ဆေး​လေးများရှိရင်​လဲ သိချင်​ပါတယ်​ခင်​ဗျာ

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ