Welcome to my blog :)

rss

Sunday, February 19, 2012

အမေးအဖြေ (၃၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

၁။ Masturbation နဲ့ နှလုံးဖောက်ပြန်မှုနဲ့ သက်ဆိုင်မှုရှိပါသလား။
၂။ ကျနော်နဲ့ ကျနော့် ချစ်သူ တူတူနေမိပါတယ်။
၃။ အဲဒီ မတိုင်ခင် ၃ ရက်ခန့်က ပျော်ပါးမိခဲ့ပါတယ်။
၎။ (ဂနို၊ ဆစ်ဖလစ်) ရောဂါတွေနဲ့ HIV ဆက်စပ်မှု ရှိပါသလား။
၅။ ဆီးလမ်းကြောင်းမှ ပြည်များထွက်နေတတ်လို့
၆။ ယောက်ျားလေးတွေက ကျမကိုပဲဝိုင်းကြည့်နေလို့ပါ။
၇။ I can't buy Misopristol 800 mcg
၈။ မလိုချင်တဲ့ ကိုယ်ဝန် Unwanted Pregnancy ကို ဖတ်ပြီးပေမယ့် မရှင်းလို့ပါ။
Tue, Feb 14, 2012 at 10:11 PM
Masturbation နဲ့ နှလုံးဖောက်ပြန်မှုနဲ့ သက်ဆိုင်မှုရှိပါသလား။ ဆရာ့စာထဲမှာ မတွေ့မိလို့ မေးတာပါ။ နောက်ပြီးတော့ ဟိုတလောက တစ်နေ့တည်း ၁၇ ကြိမ် masturbate လုပ်လို့ သေသွားတဲ့ဆိုတဲ့ ကောင်လေး တစ်ယောက်အကြောင်းလည်း ဖတ်ဖူးလို့။ အဲဒီသတင်းက fraud လား၊ တကယ်လားတော့မသိပါ။ ကျွန်တော် စိတ်ထင် လုပ်လို့မရလောက်ဘူးထင်တယ် ၁၇ ခါလောက်တော့။ ကျွန်တော်ဆိုရင် ၄ ကြိမ်လောက်အထိပဲ လုပ်နိုင်ပါတယ်ခင်ဗျ။
အဲဒီသတင်းမဖတ်မိပါ။ တကယ်အဲလောက်အကြိမ်ကို ဆက်တိုက်လုပ်ရင် အားကုန်မှာသေခြာတယ်။ သိတဲ့အတိုင်း Orgasm ရချိန်မှာ နှလုံးခုန်တာ များတယ်၊ မြန်တယ်။ အခံကမကောင်းသူဆိုရင် ပိုခံရမယ်။ လောကမှာ သူးများထက်ထူးသူတွေဆိုတာ နယ်ပယ်တိုင်းမှာရှိပါတယ်။

Sun, Feb 12, 2012 at 11:19 AM
ကျနော်နဲ့ ကျနော့် ချစ်သူ တူတူနေမိပါတယ်။ တိတိကျကျဆိုရင် 2 January ကပါ။ အခု သူကိုယ်ဝန် ရှိနေပါတယ်။ ကျနော်တို့(့) မှာ နေကျပါတယ်။ ကျနော့်ချစ်သူ ရောက်တာ ၃ လလောက်ပဲရှိသေးလို့  ကျနော်တို့ ကလေး မယူချင်သေးသလို အိမ်ထောင်ပြုဖို့လည်း အဆင်သင့် မဖြစ်သေးပါ။ ကိုယ်ဝန် ၁-၂ လလောက်ကို ဖျက်ချလို့  ရနိုင်ပါသလား။ ကျနော်တို့ ဒီက မြန်မာဆေးခန်းကို သွားတော့ သူတို့က 1600$ လောက် ကုန်မယ်ပြောပါတယ်။ ငွေကြေးလည်း မတတ်နိုင်သေးပါ။ ဘယ်လိုဆေးကို ဒီမှာ ဝယ်နိုင်ပါသလဲ။
• Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://health-adult-reading.blogspot.com/2011/04/medical-abortion.html
• Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://health-adult-reading.blogspot.com/2011/12/medical-abortion-2.html
• Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) http://health-adult-reading.blogspot.in/2012/01/medical-abortion-3.html

2012/1/9
ကျွန်တော် လိင်အင်္ဂါမှ ပြည်ကဲ့သို့ အရည်များ စိမ့်ထွက်နေပြီး ဆီးသွားတိုင်း နာကျင်ခက်ခဲနေပါတယ်။ ဆေးဆိုင်မှာ ပြောပြီးဝယ်သောက်သော်လည်း ဆေးလေးခွက်စာ ခန့်သောက်ပြီးသော်လည်း မထူးခြားပါ။ အဲဒီ မတိုင်ခင် ၃ ရက်ခန့်က ပျော်ပါးမိခဲ့ပါတယ်။ ဘာများဖြစ်နိုင်ပါသလဲ။ ဘာဆေးသောက်ရမလည်း ပြီးတော့ သောက်ရမယ့် ဆေးအမည်ကို ရေးပေးစေချင်ပါတယ်။ ဖြစ်နိုင်ရင် အခုဖြေ ကြားပေးပါခင်ဗျား။
• STDs/STIs General Recommendations လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံဥပဒေသ
• Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင်

Sun, Feb 12, 2012 at 4:59 PM
အထက်ပါ ရောဂါတွေ (ဂနို၊ ဆစ်ဖလစ်) ရောဂါတွေနဲ့ HIV ဆက်စပ်မှု ရှိပါသလား။ ဒါမှမဟုတ်အဲဒီရောဂါတွေ ဖြစ်ပေါ်ခဲ့ရင် HIV ရှိနေပြီလို့ ယူဆလို့ ရပါပြီလား။

STD/STI လိင်ကတဆင့် ကူးစက်ရောဂါတွေထဲမှာ HIV လဲပါတယ်။ HIV မဟုတ်တဲ့ တခြား STD/STI ရှိနေသူတွေမှာ HIV အမြဲတွဲရှိမနေပါ။ ဒါပေမဲ့ HIV ကူးစက်လာနိုင်တဲ့ အခြေအနေကို အားပေးတယ်။ ဖိတ်ခေါ်နေရာကျတယ်။ ရာခိုင်နှုန်းပိုများတာ တွေ့ရတယ်။ HIV ရှိနေ-မနေဆိုတာ သွေးစစ်မှသာ ပြောနိုင်ပါတယ်။ တခြား STD/STI ရှိတိုင်းတော့ HIV မရှိပါ။

Sun, Feb 12, 2012 at 5:21 PM
ကျွန်တော့် သူငယ်ချင်းတစ်ယောက် လူငယ်သဘာဝ ဖြစ်တတ်တဲ့ နည်းတူ လိင်တူဆက်ဆံခဲ့ပြီးနောက်မှာ ဆီးလမ်းကြောင်းမှ ပြည်များထွက်နေတတ်လို့ ဂနို ဖြစ်တယ်ထင်လို့ Doxycycline 100 mg တစ်ရက်ကို တစ်ခါသောက် တစ်ပြားနှုန်းနဲ့ နှစ်ကြိမ်သောက်ခိုင်းထားပါတယ်။ အထက်ပါရောဂါဟာ Anus ကို အသုံးပြုတဲ့ လိင်ဆက်ဆံမှုပြုတဲ့အခါလည်းဖြစ်ပေါ်တတ်ပါသလား။
• Gonorrhea ဂနိုရောဂါ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၁၇)

Mon, Feb 13, 2012 at 3:38 PM
ကျမဖင်က အတော်လေး ကော်ပြီး ကြီးနေလို့ပါ။ ဘယ်လိုလုပ်ရမှာလည်း။ ကျမ အပြင်ထွက်သွားလည် ရှက်မိပါတယ်။ ယောက်ျားလေးတွေက ကျမကိုပဲဝိုင်းကြည့်နေမိလို့ပါ။
စိတ်တော့ မညစ်ပါနဲ့။ မိမွေးတိုင်းကိုပြင်ရတာ ခက်ပါတယ်။ တင်နေရာကို သေးချင်တာက ကြီးချင်တာထက်တော့ လွယ်ပါမယ်။ ဒါပေမဲ့ ဆရာဝန်-ဆေးရုံ ရွေးရမယ်။ တခုရှိသေးတာက အရိုးတည်ဆောက်မှုမှာ တင်ကောက်နေသူတွေက တမျိုးဖြစ်တယ်။ ကိုယ်နေထိုင်ရာနိုင်ငံ၊ မြို့မှာ အဲလိုလုပ်ပေးနိုင်တာ ရှိ-မရှိစုံစမ်းရမယ်။ Plastic surgeon အလှအပတွက်ခွဲစိတ် အထူးကုဆရာဝန်ကနေသာ လုပ်မယ်။ ဆေးစစ်တာတွေလဲ လုပ်ရမယ်။ လူနာနဲ့ ဆရာဝန် ဆွေးနွေးရမယ်။ ဆုံးဖြတ်ချက်ကို ကာယကံရှင်က ချရတယ်။ အဆီကများနေတာဆိုရင် Liposuction နည်းနဲ့ လုပ်နိုင်တယ်။ လူနာလို့သာပြောရတာ ရောဂါမဟုတ်ပါ။ မိန်းကလေးဘဲ ယောက်ျားလေးတွေ ဝိုင်းကြည့်တာဘာဖြစ်လဲ သဘောထားနိုင်ရင် ဆက်လုပ်မှာအတွက် စိတ်အေးအေးနဲ့ စဉ်းစား-ဆုံးဖြတ်နိုင်မယ်။ နောက်မေးစရာရှိလာရင်၊ အသက် စတာတွေထည့်ရေးပါ။

Mon, Feb 13, 2012 at 4:02 PM
I have read your reply, but till now I can't buy Misopristol 800 mcg. And I can't hold Misopristol 200mcg (I mean other way). So I do hope you can guide another medicine instead of these.
I can write all I know. But I don't know medicine market. I don't know where you live. I was told it is difficult in Burma. I know about it only where I reside. All medicines have different trade names. Sorry!

Mon, Feb 13, 2012 at 8:25 PM
ကျွန်တော့် ကောင်မလေးက ကိုယ်ဝန် နှစ်လ ရှိတော့မယ်ဆရာ။ မလိုချင်တဲ့ ကိုယ်ဝန် Unwanted Pregnancy ကို ဖတ်ပြီးပေမယ့် မရှင်းလို့ပါ။ ဒုက္ခရောက်တော့မှာမို့ ဘယ်ဆေးကို ဘယ်လို သုံးရမလဲဆိုတာ အသေးစိတ် သိပါရစေ။ ဆေးသောက်ပြီးဖျက်ချချင်လို့ပါ။
ဆရာကနေ ကိုယ်ဝန်ဖျက်ဘို့ ဆေး-နည်းလမ်း မညွှန်ပါ။ လုပ်လဲမပေးပါ။ ဆေးပညာအရသာ စုံအောင် ရေးပါတယ်။
• Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://health-adult-reading.blogspot.com/2011/04/medical-abortion.html
• Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://health-adult-reading.blogspot.com/2011/12/medical-abortion-2.html
• Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) http://health-adult-reading.blogspot.in/2012/01/medical-abortion-3.html

ယမုန်နာဆေးခန်း - အမေးအဖြေ (၃၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ