Welcome to my blog :)

rss

Tuesday, February 14, 2012

Android ဖုန်းနဲ့ Tablet ပေါ်ကနေ သူများတွေရဲ့ ကွန်ပျူတာထဲကို ၀င်ကြည့်ကြမလား (with Tutorials)








ဒီ application လေးက တကယ့်အလန်းစား application လေးပါ။ ဘယ်လိုသုံးရတာလဲဆိုတော့ ဥပမာ-ကိုယ့်သူငယ်ချင်းတစ်ယောက် သူ့ကွန်ပျူတာထဲမှာ setting တစ်ခုခုပြင်ချင်လို့သူကိုယ်တိုင်လဲ မလုပ်တတ်လို့ ကိုယ့်ကို အကူအညီတောင်းတဲ့အခါ အောက်မှာပေးထားတဲ့ software နှစ်ခုထဲက Teamviewer for computer ကို သူငယ်ချင်းရဲ့ကွန်ပျူတာထဲမှာသွင်းထားခိုင်းပါ။ TeamViewer Pro for computer အားရယူရန်
အောက်မှာ ကိုယ့်ရဲ့ Android ဖုန်းထဲမှာထည့်ဖို့ Teamviewer Pro for Android ပါ။ download လုပ်လိုက်ပါ။
TeamViewer Pro for Android အားရယူရန်
သူ့ရဲ့ကွန်ပျူတာထဲမှာ အပေါ်ကပေးထားတဲ့ TeamViewer software run ခိုင်းလိုက်ပါ။ ဒီဆော့ဝဲက install မလုပ်ဘဲနဲ့သုံးလို့၇ပါတယ်။ သူ့ကွန်ပျူတာထဲမှာ TeamViewer လေးတက်လာပြီဆိုရင် Waiting for session ဆိုတဲ့ အောက်မှာ password နေရာမှာ blank လေးဖြစ်နေမှာပါ။
အောက်ကပုံအတိုင်းပါ။
ခဏလောက်စောင့်လိုက်ရင် id ရော password ရော auto ပေါ်လာပါလိမ့်မယ်။ အောက်ကပုံအတိုင်းပါ။

အဲဒီ id နဲ့ password ကို ကိုယ့် Android ဖုန်း (သို့) Tablet ထဲက Teamviewer ထဲမှာထည့်ပါ။ အောက်ကပုံအတိုင်းပါ။

စက္ကန့်အနည်းငယ်လောက် စောင့်ပြီးပြီဆိုရင် ကိုယ့်ဖုန်းထဲမှာ သူ့ကွန်ပျူတာထဲက window တက်လာပါလိမ့်မယ်။ အောက်ကပုံအတိုင်းပါ။

ဒါဆိုရင် သူ့ကွန်ပျူတာထဲကို ကိုယ့် Android ဖုန်း ကနေတစ်ဆင့် စိတ်ကြိုက်မွှေလို့ရသွားပါပြီ။ အားလုံးပဲစမ်းကြည့်လိုက်ကြပါဦး။ အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Thet Naing Soe
(Myanmar Mobile Application Store)

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ