Welcome to my blog :)

rss

Tuesday, February 14, 2012

Android ဖုန်းများကို root လုပ်နည်း (၁)



Android OS ဖုန်းတွေဟာလည်း iOS iphone တွေ jailbreak လုပ်ရသလိုပဲ Android OS ဖုန်းတွေကိုလည်း root လုပ်ထားရပါမယ် ။ Android ဖုန်းကို root လုပ်ထားမှ ကြိုက်ရာ Android Application တွေ၊ မြန်မာဖောင့်တွေ၊ မြန်မာလက်ကွက်တွေနှင့် တခြားကလိစရာတွေ အများကြီးထည့်သွင်း အသုံးပြုနိုင်မှာပါ။
root လုပ်ဖို့အတွက် z4root ဆိုတဲ့ application လေးလိုပါတယ်။ အောက်မှာယူလိုက်ပါ။
z4root အားရယူရန်
ပြီးလျှင် Z4root.apk ကို Install လုပ်ပါ။ Install လုပ်ပြီးနောက် Z4root Application ထဲသို့ဝင်လိုက်ပါ။


အဲဒီမှာ ရွေးချယ်စရာနှစ်ခုပေးထားပါမယ်။
Temporary Root နဲ့ Permanent Root ပါ။Temporary Root ကိုရွေးချယ်ပါက Root ကို ယာယီ လုပ်ပေးတာပါ။ ဖုန်းကို ပိတ်မိပြီး ပြန်ဖွင့်ပါက UnRoot ဖြစ်သွားပါတယ်။
ဒါကြောင့် အမြဲတန်း Root အဖြစ်ထားလိုပါက Permanent Root ကို ရွေးချယ်ရပါမည်။ Permanent Root ကို ​ရွေးချယ်ပြီးပါက Rooting လုပ်နေပါမည်။ ပြီးပါက ဖုန်းကို Restart ချသွားပါမည်။ restart ပြန်လည်တက်ပြီးပါက ဖုန်းရဲ့ Menu ထဲတွင် SuperUser ဆိုသည့် Application Icon တစ်ခုပေါ်နေပြီ ဆိုပါက Android OS ကို Root လုပ်တာပြီးစီးပြီဖြစ်ပါတယ်။

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ