Welcome to my blog :)

rss

Tuesday, February 14, 2012

Android ဖုန်းတွေမှာ root လုပ်စရာမလိုပဲ မြန်မာဖောင့်ထည့်သွင်းနည်း














HTC နဲ့ တခြားဖုန်းတွေမှာ root လုပ်စရာမလိုပဲ မြန်မာဖောင့်ကိုဖတ်လို့ရအောင်လုပ်တဲ့နည်းပါ။ ဒီနည်းကတော့ Android ဖုန်းအမျိုးအစားဘယ်ဖုန်းမှာမဆို root လုပ်စရာမလိုပဲ မြန်မာလိုမပေါ်အောင်လုပ်လို့ရပါတယ်။ လိုအပ်တဲ့ application အနေနဲ့
Android SDK(Software development kit) နဲ့ ဇော်ဂျီဖောင့်ပါပဲ။ လိုအပ်တဲ့ application တွေကိုအောက်မှာရယူလိုက်ပါ။ Android SDK အားရယူရန်
ဇော်ဂျီဖောင့်အားရယူရန်
Android SDK နဲ့ ဇော်ဂျီဖောင့်ကိုရယူပြီးပြီဆိုရင်တော့ download လုပ်ထားတဲ့ Android SDK ဇစ်ဖိုင်လေးကို ဇစ်ဖြည်ပြီး ရလာတဲ့ android-sdk-windows ဆိုတဲ့ဖိုင်လေးကို ကိုယ့်ကွန်ပျူတာရဲ့ C: ဖိုဒါအောက်မှာထည့်လိုက်ပါ။ ( မိမိကွန်ပျူတာရဲ့ window တင်ထားတဲ့ partition အောက်မှာထည့်ရမှာပါ။ ကျွန်တော်ကတော့ F: အောက်မှာထည့်ထားတာနဲ့နမူနာပြပါမယ်) ထည့်ပြီးပြီဆိုရင် Android SDK ကို install လုပ်ရပါမယ်။ install လုပ်နည်းကို
=>ဒီနေရာမှာ<= ၀င်ရောက်ဖတ်ရှုပေးပါ။ ကွန်ပျူတာမှာ ထည့်သွင်းပြီးပြီဆို၇င်တော့ ခုနက download လုပ်ထားတဲ့ ဇော်ဂျီဖောင့် ကို C:android-sdk-windowstools folder အောက်ထဲမှာထည့်ထားပါ။ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။ ပြီးရင် ဖုန်းရဲ့ USB Debugging mode ကို Enable လုပ်ရပါမယ်။ Settings > Applications > Development ထဲကိုဝင်ပြီး
USB Debugging mode ကို enable လုပ်လိုက်ပါ။ ပြီးရင် ကွန်ပျူတာထဲမှာ Command prompt (cmd) ကိုဖွင့်ပါ။ cmd ကိုဖွင့်ပြီးပြီဆိုရင် ခုနက sdk ဖိုင် ကို cmd ထဲမှာ cd လို့ရိုက်လိုက်ပါ။ အဲဒီမှာ C:> လို့ပြနေပါလိမ့်မယ် (ကျွန်တော်ကတော့ F: အောက်မှာထည့်ထားတာမို့လို F:> လို့ပြနေမှာပါ) ။ ပြီးရင် ခုနက android sdk ထည့်ထားတဲ့ လမ်းကြောင်းကိုပေးရပါမယ်။ android-sdk-windows/platform-tools/adb devices လို့ရိုက်လိုက်ပါ။ မိမိဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားပြီးလို့ ကွန်ပျူတာ က သိနေပြီဆိုရင် ဖုန်းရဲ့ id number က လာပေါ်ပါလိမ့်မယ်။


အဲဒါပြီးရင် android-sdk-windows/platform-tools/adb remount လို့ရိုက်လိုက်ပါ။ အဲဒီမှာ remount succeeded လို့ reply ပြန်လာပါလိမ့်မယ်။
ပြီးရင် ကိုယ့်ဖုန်းထဲက font file ကို ကွန်ပျူတာထဲကို copy ကူးထားပါမယ်။ တကယ်လို့ font သွင်းရမှာ အဆင်မပြေခဲ့ရင် မူရင်း font ကိုပြန်လည်သွင်းနိုင်အောင်လို့ပါ။ copy ကူးဖို့အတွက် cmd ထဲမှာ android-sdk-windows/platform-tools/adb pull /system/fonts/DroidSans.ttf DroidSans.ttf လို့ရိုက်ပါ။

ပြီးရင် ကိုယ့်ဖုန်းထဲက font file ကို နာမည်ပြန်ပြောင်းပေးရပါမယ်။ နာမည်ပြောင်းဖို့အတွက် cmd ထဲမှာ android-sdk-windows/platform-tools/adb shell mv /system/fonts/DroidSans.ttf /system/fonts/DroidSans.ttf.orig လို့ရိုက်ပါ။


ပြီးရင် ဇော်ဂျီဖောင့်ကို ဖုန်းရဲ့ system ထဲကိုထည့်ပါတော့မယ်။ cmd ထဲမှာ android-sdk-windows/platform-tools/adb push Zawgyi.ttf /system/fonts/DroidSans.ttf လို့ရိုက်ပါ။ ဖောင့်ကို ဖုန်းထဲကိုထည့်သွင်းပြီးကြောင်းကို KB/sec နဲ့ပြပါလိမ့်မယ်။ ဇော်ဂျီဖောင့်ကိုထည့်သွင်းပြီးသွားပြီဆိုရင်တော့ ဖုန်းကို reboot လုပ်ရပါမယ်။ reboot လုပ်ဖို့အတွက် cmd ထဲမှာ android-sdk-windows/platform-tools/adb reboot လို့ရိုက်ပါ။


reboot လုပ်ပြီးပြန်တက်လာပြီဆိုရင် ဇော်ဂျီဖောင့်နဲ့ရေးထားတဲ့ မြန်မာစာလုံးတွေကို မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။ မြန်မာစာမြင်ရပြီဆိုရင် မြန်မာလိုရိုက်နိုင်ဖို့အတွက် ဖုန်းထဲမှာ ဇော်ဂျီကီးဘုတ် သွင်းရပါမယ်။ အောက်မှာ ဇော်ဂျီကီးဘုတ်ကိုရယူလိုက်ပါ။
ဇော်ဂျီ keyboard အားရယူရန်
Install လုပ်ပြီးရင်ဖုန်း Setting ထဲကိုသွားပါ။ Language & keyboard ကိုဝင်ပါ။ MyanDroid Soft Keyboard ကိုအမှန်ခြစ်ပေးလိုက်ပါ။
ဒါဆို မြန်မာလိုရိုက်လို့ရပါပြီ။ မြန်မာလိုရိုက်ချင်တယ်ဆိုရင် TextBox တစ်ခုခုမှာ သုံးစက္ကန့်ခန့်ဖိထားပြီး Select input method Box ထဲမှာ MyanDroid Soft Keyboard ကိုရွေးလိုက်ပါ။ ဒါဆိုရင် ဇော်ဂျီကီးဘုတ်ပေါ်လာပါလိမ့်မယ်။
အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
Thet Naing Soe
(Myanmar Mobile Application Store)

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

2 comments:

Unknown said...

adb remount fail ဖြစ်နေလို့ပါ............

Unknown said...

Operation not permitted ဖြစ်နေလို့ပါ..............

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ