Welcome to my blog :)

rss

Tuesday, February 14, 2012

Android ဖုန်းတွေမှာ ကိုယ့်စိတ်ကြိုက် ဖုန်း Ring Tone , Message Nofication အသံများထားနည်း


Android ဖုန်းတွေမှာ သီချင်းတွေထည့်ထားရင်တောင်မှ အဲဒီ သီချင်းတစ်ပုဒ်ပုဒ်ကို ကြိုက်တယ်ဆိုပြီး ဖုန်း Ring Tone အဖြစ်ထားလို့မရပါဘူး ။ ဘာလို့လဲဆိုတော့ သူ့မှာ တခြား ဖုန်းတွေလိုမျိုး Set as RingTone စတဲ့ function မျိုးမပါဘူးလေ။ အဲဒီအတွက် ကိုယ့် စိတ်ကြိုက် Ring Tone, Message Nofication Tone များထည့်သွင်းနည်းကို ပြောပြပါမယ်။ ပထမဦးဆုံး ကိုယ့် စိတ်ကြိုက် Ring Tone, Message Nofication Tone တွေထည့်သွင်းဖို့ ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။ ဖုန်းရဲ့ sd card ထဲမှာ
folder သုံးခုဆောက်လိုက်ပါ။ ပထမ folder ကို ringtones , ဒုတိယ folder ကို alarms, တတိယ folder ကို notifications လို့နာမည်ပေးလိုက်ပါ။ ringtones folder က ဖုန်းလာရင် မြည်တဲ့ ဖုန်း Ring tone အတွက်ပါ ။ alarms folder က နှိုးစက်နာရီအသံအတွက်ပါ။ noifications folder က Message ၀င်လာရင် မြည်တဲ့ Message RingTone အတွက်ပါ။ ဖုန်းလာရင် မြည်ဖို့ RingTone ကိုပြောင်းချင်တာဆိုရင် ကိုယ်ထားချင်တဲ့ RingTone အသံဖိုင် ဒါမှမဟုတ် သီချင်းဖိုင်လေး ကို rigntones folder ထဲကို copy ကူးထည့်လိုက်ပါ။ Message ၀င်ရင် မြည်ဖို့ Notifications tone ပြောင်းချင်တာဆိုရင် notifications folder ထဲကို အသံဖိုင် ဒါမှမဟုတ် သီချင်းဖိုင်လေး ကိုnotifications folder ထဲကို copy ကူးထည့်လိုက်ပါ ။ ထည့်ပြီးသွားလို့ ကိုယ်ထည့်ထားတဲ့ သီချင်းသံကို ring tone ထားမယ်ဆိုရင် ဖုန်းရဲ့ setting > Sound > Phone ringtone ထဲကိုဝင်ပါ။
အဲဒီမှာ ခုနက ကိုယ်ထည့်ထားတဲ့ သီချင်းဖိုင်လေးကိုတွေ့ရပါလိမ့်မယ်။ အဲဒီ သီချင်းဖိုင်လေးကို ရွေးပြီး ok နှိပ်လိုက်ရုံပါပဲ။ ဒီလောက်ဆို သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်။ စမ်းကြည့်လိုက်ကြပါဦး။
Thet Naing Soe
(Myanmar Mobile Application Store)

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ