Welcome to my blog :)

rss

Wednesday, August 3, 2011

ကုန်းတွင်းပိုင်း သဘာဝဓာတ်ငွေ့ ထွက်ရှိမှု နည်းပါးလာသဖြင့် ပြည်တွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့် အနည်ကျ ဘူမိချိုင့်ဝှမ်း ၁၄ ခုအနက်မှ အချို့တွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ထုတ်လုပ်နိုင်ရန် စီစဉ်

4184
ရတနာသဘာဝ ဓာတ်ငွေ့စီမံကိန်း၏ ပိုက်လိုင်းစင်တာကို တွေ့ရစဉ်
ပြည်တွင်းရှိ ကုန်းတွင်းပိုင်း သဘာဝဓာတ်ငွေ့နယ်မြေများမှ သဘာဝဓာတ်ငွေ့ထွက်ရှိမှုနည်းပါး လာခြင်း၊ အကန့်အသတ်ဖြင့်သာ ထုတ်ယူလာနိုင်မှုတို့ကြောင့် ပြည် တွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့် အနယ်ကျဘူမိ ချိုင့်ဝှမ်း ၁၄ ခုအနက်မှအချို့တွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့များထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ သိရှိရ သည်။
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့  ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “အရင်တုန်း က တစ်နေ့ကိုစီအင်န်ဂျီဓာတ်ငွေ့ သန်း ၁၀၀ ကနေ ၁၂၀ ကြား ထွက်ရှိတဲ့ အဖျောက်သဘာဝ ဓာတ်ငွေ့နယ်မြေက အခုအချိန်မှာ တစ်နေ့ကို ခြောက်သန်းကနေ ရှစ်သန်းကြားပဲ အသုံးပြုနေရတယ်။ ဒါ့ပြင် ညောင်တုန်းနယ်မြေကလည်း အရင်တုန်းက စီအင်န်ဂျီ ဓာတ်ငွေ့ထုတ်နိုင်တဲ့ ပမာဏက တစ်နေ့ကို သန်း ၁၀၀ ၀န်းကျင်လောက် သုံးနိုင်တာကနေ အခု ဆိုရင်တစ်နေ့ကို ၃၅ သန်းလောက် ပဲ အသုံးပြုနိုင်တော့ပါတယ်”ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ခိုအောင်းနိုင်သည့်အနည် ကျဘူမိချိုင့်ဝှမ်း ၁၄ ခုရှိကြောင်း၊ အဆိုပါချိုင့်ဝှမ်း ၁၄ခုအနက်မှ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ ပြည်ဒေသ နှင့် မြစ်ဝကျွန်းပေါ် ဒေသတို့တွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ထုတ်ယူနိုင်ရန် စမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။
မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များကို ၁၉၆၃ ခုနှစ်မှ စတင်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ မန်း၊ ပြည်၊ မြန်အောင်၊ ထောက်ရှာပင်၊ ကမ်းနီ၊ လက်ပံတို စသည့် ကုန်းတွင်းပိုင်း ရေနံမြေများကိုရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။
ထို့အပြင် နိုင်ငံတကာ ကုမ္ပဏီကြီးများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် မုတ္တမကမ်းလွန်ဒေသ၌ ရတနာ သဘာဝဓာတ်ငွေ့မြေ၊ စိန်၊ ပတ္တမြားနှင့် ဇောတိက သဘာဝဓာတ် ငွေ့မြေ၊ ကျောက်ခွက်၊ အဖျောက်၊ ညောင်တုန်း၊ သားကြီးတောင်/ စပယ်၊ အင်းတော်၊ ထန်းကိုင်းနှင့် မအူကုန်း စသည့်ကုန်းပိုင်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေအသစ်များ၊ တနင်္သာရီ ကမ်းလွန်ဒေသ၌ ရဲတံခွန် သဘာဝဓာတ်ငွေ့မြေနှင့် ရခိုင် ကမ်းလွန်ဒေသ၌ ရွှေသဘာဝဓာတ် ငွေ့မြေအသစ်များကို ရှာဖွေဖော်ထုတ်ပြီးဖြစ်ကြောင်း သိရှိရသည်။
ယခုအခါ မြန်မာနိုင်ငံရှိ အနည်ကျဘူမိချိုင့်ဝှမ်း ၁၄ ခုကို စမ်းသပ် ရှာဖွေမှုများပြုလုပ်ခဲ့ရာ မကြာမီက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ ရေနံရှာဖွေရေး လုပ်ကွက်တစ်ခုဖြစ်သော ပုထိုးလုံ အစမ်းတွင်းများမှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ စတင်ထွက်ရှိနေကြောင်း သိရသည်။ 

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ