Welcome to my blog :)

rss

Wednesday, August 3, 2011

 ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ အမြဲတမ်း ကော်မတီ အစည်းအဝေးများ သြဂုတ်လ ၈ ရက်နေ့ ပြန်လည်စတင်မည်

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ အမြဲတမ်းကော်မတီ အစည်းအဝေးများ သြဂုတ်လ ၈ ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ အမြဲတမ်းကော်မတီများမှာ ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော်အခွင့်အရေး ကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ ဖြစ်ကြသည်။
ဥပဒေကြမ်း ကော်မတီ၏ လုပ်ပိုင်ခွင့်ထဲတွင် ဥပဒေကြမ်း တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပြင်ဆင်ရန် အကြံပြုချက်များ ပေးနိုင်ခွင့်ရှိကြောင်း၊ သို့ရာတွင် အဆိုပါအကြံပြုချက်များသည် ဥပဒေကြမ်းတွင် ပါရှိသည့် ကိစ္စနှင့် စပ်လျဉ်းသော အကြံပြုချက်များ ဖြစ်ရမည့်အပြင် ထိုဥပဒေကြမ်း၏ သဘောတွင် အကျုံးဝင်သော အကြံပြုချက်များလည်း ဖြစ် ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် များအရ သိရသည်။
အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် လွှတ်တော် တွင် ပြည်ထောင်စုအစိုးရက အခါ အားလျော်စွာပေးခဲ့သည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ ကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စိစစ်ပြီး (က) ပြည်ထောင်စုအစိုးရ က ၎င်း၏အာမခံချက်များ၊ ကတိ များနှင့် တာဝန်ခံချက်များကို မည်သည့်အခြေအနေ အထိ ဆောင်ရွက်ပြီးကြောင်း၊ (ခ) အဆိုပါ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို ပြည်ထောင်စု အစိုးရက ဆောင်ရွက်ပြီးဖြစ်လျှင် ထိုသို့ ဆောင်ရွက်ခြင်းမှာ သတ်မှတ်သည့် ကာလအတွင်း ဆောင်ရွက်ပြီးခြင်း ရှိ၊ မရှိ နှင့် မူလသတ်မှတ်ချက် အတိုင်း ပြီးစီးခြင်း ရှိ၊ မရှိ စသည့်အချက်များ နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် များအရ သိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ