Welcome to my blog :)

rss

Wednesday, August 3, 2011

ဗီယက်နမ် ၀န်ကြီးချုပ် ဒုတိယ သက်တမ်း အတွက် ပြိုင်ဘက်မရှိ ရွေးကောက်ခံရ

AddThis Social Bookmark Button
w64407
ဗီယက်နမ်၏ တစ်ပါတီသာရှိသော လွှတ်တော်က ၀န်ကြီးချုပ် ငုယင်တန်ဇွန်းအား ဒုတိယသက်တမ်း အတွက် ပြိုင်ဘက်မရှိ ထပ်မံ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
တရားဝင်စေရန်သာ ဖြစ်သည့် မဲပေးမှုတွင် တစ်ဦးတည်းသော ရွေးချယ်စရာဖြစ်သည့် အသက် ၆၁ နှစ် အရွယ်ရှိ ငုယင်တန်ဇွန်းကို ဒုတိယ ငါးနှစ်သက်တမ်း အတွက် ဇူလိုင်လ ၂၇ ရက်နေ့တွင် ရွေးချယ်ခဲ့ကြသည်။ အမတ် ၅၀၀ ရှိသော လွှတ်တော်တွင် ၉၄ ရာခိုင်နှုန်းက ဇွန်းကို ထောက်ခံမဲ ပေးခဲ့ကြသည်။ ဗီယက်နမ်နိုင်ငံ၏ သတ္တမမြောက် ၀န်ကြီးချုပ် ဖြစ်သော ဇွန်း၏ အာဏာ ဆက်လက် တည်မြဲမှုသည် အတိုက်အခံတို့ကို ဖိနှိပ်ထောင်ချမှုများ ပြုလုပ်နေသော ဗီယက်နမ်၏ လွတ်လပ်မှု အခြေအနေလို စိုးရိမ်ဖွယ်ရာ ဖြစ်ခဲ့ရသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ထုတ်ပြန်သည်။
ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ၁၄ ဦး အနက်မှ တစ်ဦး အဖြစ်လည်း ဇွန်းကို ပြန်လည် ရွေးကောက်ခဲ့ကြပြီး လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်များ၏ ထောက်ခံမှု ရရှိထားခြင်းက ဇွန်း၏ ခေါင်းဆောင်နေရာ သေချာစေရေး အတွက် အထောက်အကူ ပြုခဲ့သည်။
ဗီယက်နမ်သည် ငွေကြေး တစ်ဟုန်ထိုး ဖောင်းပွမှု၊ ကုန်သွယ်ရေး မညီမျှမှု၊ ဘက်ဂျက်လိုငွေပြမှုများ ရင်ဆိုင်နေရပြီး အစိုးရ အသုံးစရိတ် မလုံလောက်မှုနှင့် ပြည်ပ ကြွေးမြီ တိုးလာမှုကိုလည်း ဇွန်းက ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်သည်။
ငုယင်တန်ဇွန်း၏ အဓိကပြိုင်ဘက် ထရောင်တန်ဆန်းမှာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။
ဗီယက်နမ်၏လီကွမ်ယု (သို့မဟုတ်) ငုယင်တန်ဇွန်း
ဗီယက်နမ် ကွန်မြူနစ်ပါတီကို ခေတ်မီအောင် လုပ်ပေးခဲ့သည့် လူတော်တစ်ဦးဟု ရှုမြင်ခံရသူ ငုယင်တန်ဇွန်းသည် နိုင်ငံ၏ သြဇာအကြီးဆုံး နိုင်ငံရေးသမား ဖြစ်ကြောင်း ၀န်ကြီးချုပ် အဖြစ် ဒုတိယသက်တမ်း ထပ်မံ
ထမ်းဆောင်နိုင်ခဲ့ခြင်းဖြင့် သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။
အသက် ၆၁ နှစ်ရှိပြီ ဖြစ်သော ဇွန်းသည် ဗဟိုဘဏ် ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး လူ့အခွင့်အရေးနှင့် လွတ်လပ်မှုအပေါ် ချုပ်ကိုင်ထားမှုကို ဖြေလျော့မပေးဘဲ စီးပွားရေးကိုသာ ဖွင့်ပေးသည့် လမ်းကြောင်းကို ပဲ့ကိုင်ခဲ့သူ ဖြစ်သည်။
''အာရှအမြင်နဲ့ ကြည့်မယ်ဆို ရင် ငုယင်တန်ဇွန်းဟာ ဗီယက်နမ်ရဲ့ ပထမဆုံး ခေတ်သစ် နိုင်ငံရေးသမားပဲ''ဟု ဘန်ကောက်ရှိ ခေတ်ပြိုင် အရှေ့တောင်အာရှရေးရာ သုတေသနဌာန (အီရာဆက်စ်)မှ ဗီယက်နမ်ရေးရာ ကျွမ်းကျင်သူ ဘင်နုတ်ဒီထရီဂလိုဒီ က သုံးသပ်သည်။
သူက ဇွန်းသည် စင်ကာပူကို ခေတ်မီအောင် လုပ်ပေးခဲ့သော လီကွမ်ယုလိုပုံစံမျိုးဟု သုံးသပ်သည်။
ဇူလိုင် ၂၆ တွင်မှ လွှတ်တော်တွင် ဇွန်းကို ဒုတိယသက်တမ်း အတွက် အတည်ပြု ရွေးချယ်ခဲ့ကြသော်လည်း ပြီးခဲ့သည့် ဇန်န၀ါရီကလ ကျင်းပခဲ့သည့် အာဏာရ ကွန်မြူနစ်ပါတီ လျှို့ဝှက်ကွန်ဂရက်တွင် ဘယ်သူ
ဆက်ခေါင်းဆောင်မလဲ ဆိုသည်ကို ဆုံးဖြတ်ထားခဲ့ကြပြီး ဖြစ်သည်။
ဇွန်းသည် နိုင်ငံ၏စီးပွားရေး ကောင်းမွန်မှုကြောင့် ပေါ်ထွက်လာသော အထက်လွှာတို့၏ ထောက်ခံမှုကို ဆုပ်ကိုင်ထားနိုင်သလို ယခင် ခေါင်းဆောင်များထက် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ဆက်ဆံရေး ပိုကောင်းသူ ဖြစ်သည်။
သူဝန်ကြီးချုပ်ဖြစ်သည့် ကာလအတွင်း ဗီယက်နမ်သည် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့သို့ ၀င်ရောက်နိုင်ခဲ့သလို ယခင် ရန်ဘက်ဟောင်း အမေရိကန် ပြည်ထောင်စုနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးအရ ချိတ်ဆက်နိုင်ခဲ့သည်။
တစ်ဖက်တွင်လည်း ပေကျင်းနှင့် ဟနွိုင်းတို့၏ ဆက်ဆံရေးက တင်းမာသွားခဲ့သည်။ သို့ပေမဲ့ ဇွန်းသည် လူ့အခွင့်အရေး မှတ်တမ်းဆိုးကို ပိုင်ဆိုင်ထားခဲ့ပြီး ထိန်းချုပ် တင်းကြပ်လွန်းသောကြောင့် အာရပ်နွေဦးလို ပွင့်အံ့
ထွက်သွားနိုင်သည့် လူ့အဖွဲ့အစည်းကို အုပ်ချုပ်နေရသည်။
၁၉၄၉ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတောင်ဘက်ဖျား ပြည်နယ် Ca Mau တွင် မွေးဖွားခဲ့ပြီး ၁၂ နှစ်သား အရွယ်ကတည်းက ဇွန်းသည် ဗီယက်ကောင်းအဖွဲ့ဝင် ဖြစ်ခဲ့သည်။ အနှစ် ၂၀ ကြာမျှ တပ်တွင်းတွင် နေခဲ့သည်။
၁၉၈၁ တွင် ဥပဒေ နှင့် နိုင်ငံရေးသိပ္ပံကို ဟနွိုင်းရှိ ငုယင်အိုက်ကုတ် (ဟိုချီမင်း၏ အမည်တစ်မျိုး - မျိုးချစ်ငုယင်ဟု အဓိပ္ပာယ်ရသည်) ၀ါဒရေးရာကျောင်းတွင် ပညာသင်ခဲ့သည်။ တောင်ပိုင်းတွင် ပါတီ ရာထူးမျိုးစုံဖြင့်
တာဝန်ထမ်းခဲ့သည်။
ဗီယက်နမ် ၀န်ကြီးချုပ်နှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးဝါဒီ ဗိုဗန်ကီယက်၏ လက်ထက်တွင် ဇွန်းတစ်ယောက် တိုးတက်လာခဲ့သည်။ ၁၉၈၀ ပြည့်နှစ်များက စတင်ခဲ့သော စီးပွားရေး လစ်ဘရယ်ဝါဒ၏ ဗိသုကာ ကီယက်သည် ဇွန်းကို ဟနွိုင်း ပြန်ခေါ်ခဲ့ပြီး ၁၉၉၅ တွင် ပြည်သူ့လုံခြုံရေး ဒုဝန်ကြီးနေရာ ပေးခဲ့သည်။ နောက်တစ်နှစ်အကြာတွင် ပါတီ ပေါ်လစ်ဗျူရိုတွင် အငယ်ဆုံးအဖွဲ့ဝင် ဖြစ်လာခဲ့သည်။
ပြီးခဲ့သည့်နှစ်က တရုတ် ကျောထောက်နောက်ခံပြု ဗျူဆိုက်သတ္တုတွင်း စီမံကိန်းတွင် ပတ်သက်မှု၊ အကြွေး နွံနစ်နေသော နိုင်ငံပိုင် သင်္ဘောလုပ်ငန်း ဗီနာရှင်းတို့နှင့် ပတ်သက်မှုများကြောင့် ပါတီတွင်း ဝေဖန်မှုကို ရင်ဆိုင်ခဲ့ရသလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည့် အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ရာတွင် အလုပ်မဖြစ်ခြင်းအတွက်လည်း ဝေဖန်ခဲ့ရသည်။
ဇွန်းသည် ပါတီကွန်ဂရက် မတိုင်မီက ကာလရှည်ပြိုင်ဘက် ထရောင်တန်ဆန်း၏ စိန်ခေါ်မှုကို ရင်ဆိုင်နေရပြီဟု လေ့လာသူတို့က သုံးသပ်ခဲ့သော်လည်း ဆန်းကို သမ္မတနေရာ ပေးလိုက်ခြင်းဖြင့် ပြိုင်ဘက် အဖြစ်မှ ဖယ်ရှားလိုက်ကာ အကွက် ရွှေ့နိုင်သည့် အစွမ်းကို ပြသနိုင်ခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ