Welcome to my blog :)

rss

Wednesday, August 3, 2011

နိုင်ငံရေး တည်ငြိမ်ရန် မျှော်လင့်ချက်များနှင့်အတူ ရွေးကောက်ပွဲအလွန် ထိုင်းလွှတ်တော်သစ် စတင် ဖွင့်လှစ်

AddThis Social Bookmark Button
b41817ထိုင်းရွေးကောက်ပွဲ အလွန် လွှတ်တော်သစ်ကို သြဂုတ် ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံရေး မတည်ငြိမ်မှု ငါးနှစ်မျှ ကြုံတွေ့ရပြီးနောက် နိုင်ငံတည်ငြိမ်မှုရှိအောင် လုပ်ဆောင်ရေးမှာ ကြီးမားသည့် စိန်ခေါ်မှု အဖြစ် ရှိနေသေးသည်။
ညနေပိုင်း မြို့တော် ဘန်ကောက်၌ ပြုလုပ်သည့် ဖွင့်ပွဲ အခမ်းအနားကို အိမ်ရှေ့မင်းသား မဟာဝဇီယလောင်ကွန်းက ကမကထ ပြုလုပ်ပေးခဲ့သည်။ယခု သီတင်းပတ် နောက်ပိုင်းတွင် စတင် တာဝန် ထမ်းဆောင်ရမည့် အောက်လွှတ်တော် အမတ် ၅၀၀ လည်း တက်ရောက်ခွင့်ရမည် ဖြစ်သည်။ ရက်အနည်းငယ် အတွင်း ပါလီမန် အမတ်များသည် နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် အဖြစ် ဖြူ ထိုင်းပါတီမှ ယင်လက်ခ်ရှင်နာဝပ်ထရာကို မဲပေးမည်ဟု မျှော်လင့်ရသည်။ ဖြူထိုင်းပါတီသည် ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရှိ ရှေးရိုးစွဲဝါဒီ ဒီမိုကရက် တို့ကို အပြတ်အသတ် အနိုင်ရရှိခဲ့သည်။အစ်ကိုဖြစ်သူ သက်ဆင်ရှင်နာဝပ်ထရာ အာဏာသိမ်းမှုကြောင့် ရာထူးမှ ဖြုတ်ချခံရပြီးနောက် ငါးနှစ်နီးပါး အကြာတွင်  ညီမဖြစ်သူ ယင်လက်ခ်က ၀န်ကြီးချုပ် ရာထူးကို ထမ်းဆောင်ရမည် ဖြစ်သည်။
ယခုအခါ သက်ဆင်သည် ခြစားမှုဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ရှောင်ရှားရန် ပြည်ပတွင် နေထိုင်လျက် ရှိသည်။ အစ်ကို ဖြစ်သူ၏ ကိုယ်ပွားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခံရသည့် ယင်လက်ခ်သည် ရွေးကောက်ပွဲ အောင်မြင်မှု ရရှိပြီးနောက်ပိုင်း အံ့သြဖွယ် အရှိန်အ၀ါကို ပြသခဲ့ပြီး အလွန် စွမ်းဆောင်ရည်ရှိသည့် ၀န်ကြီးချုပ် ဖြစ်လာနိုင်ကြောင်း ထိုင်းပညာရှင် ပါဗင်ချာချာဝယ်လ်ပေါင်ပွန်က ပြောကြားခဲ့သည်။
နိုင်ငံရေး အတွေ့အကြုံ ကြွယ်ဝမှု မရှိသည့် ယင်လက်ခ် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများမှာ ကြောက်မက်ဖွယ်ရာ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။''ကျွန်တော့်အထင်တော့ ယင်လက်ခ်ရဲ့ ပျားရည်ဆမ်းကာလဟာ သိပ်ပြီး တိုတောင်းပါလိမ့်မယ်။ သူရဲ့ရှေ့မှာ အတားအဆီး အခက်အခဲတွေ အများကြီး ရှိပါတယ်''ဟု စင်ကာပူရှိ အရှေ့တောင်အာရှရေးရာ လေ့လာမှု အင်စတီကျု့မှ ပါဗင်က ပြောကြားခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ