Welcome to my blog :)

rss

Sunday, July 17, 2011

အပေါင်ပစ္စည်း တင်သွင်းရန်မလိုဘဲ ချေးငွေရယူ နိုင်မည့် အသေးစား ငွေရေးကြေးရေး လုပ်ငန်းဥပဒေ အတည်ပြုပြဋ္ဌာန်း နိုင်ရန် ပြင်ဆင်

အရင်းအနှီး လိုအပ်သော အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ အပါအ၀င် အခြေခံလူတန်းစားများ၊ ကျေးလက်နေပြည်သူများနှင့် ဆင်းရဲနွမ်းပါးသူများ၏တစ်နိုင် တစ်ပိုင်လုပ်ငန်းများလုပ်ကိုင်နိုင်ရန် လိုအပ်သော အရင်းအနှီးများကို အပေါင်ပစ္စည်း တင်သွင်းရန်မလိုဘဲ ချေးငွေရယူနိုင်မည့် အသေးစားငွေရေးကြေးရေး ဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်နေကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းထံမှ သတင်း ရရှိပါသည်။
အဆိုပါ အသေးစားငွေရေး ကြေးရေးလုပ်ငန်း ဥပဒေမူကြမ်းရေး ဆွဲပြီးစီးပြီဖြစ်ပြီး လွှတ်တော်တွင် တင်ပြကာ အတည်ပြုပြဋ္ဌာန်းသွားရန် လုပ်ဆောင်နေကြောင်းနှင့် အစိုးရအဖွဲ့အနေဖြင့် အသေးစားငွေကြေး ၀န်ဆောင်မှုပိုင်းဆိုင်ရာ လုပ်ငန်းများကို ဥပဒေအရ အကာအကွယ်ပေးနိုင်ရန် ပြင်ဆင်နေကြောင်းသိရပြီး ယခု ဥပဒေကိုအတည်ပြု ပြဋ္ဌာန်းပြီးစီးပါက အပေါင်ပစ္စည်း တင်သွင်းရန် မလိုဘဲ အခြေခံလူတန်းစားများပါ ချေးငွေ ထုတ်ချေးခွင့်ရလာမည် ဖြစ်ကြောင်း သိရပါသည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဒီဥပဒေရှိလာရင် အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေ ထွက်ပေါ်လာဖို့ အခွင့်အရေးပိုဖြစ်လာမှာပါ။ လုပ်ချင်စိတ်ရှိသူ၊ အောင်မြင်နိုင်တဲ့ စိတ်ကူးကို အကောင်အထည် ဖော်ချင်စိတ်ရှိသူတွေ ဖြစ်ပေမယ့် အရင်းအနှီးမရှိလို့ မလုပ်နိုင်တာမျိုးတွေ ရှိတယ်။ အခြေခံလူတန်းစားတွေ၊ ကုန်ရောင်းကုန်ဝယ် လုပ်ချင်သူတွေလည်း အရင်းအနှီးရဖို့ အခွင့်အရေး ဖြစ်လာမှာပါ။  ဒီဥပဒေရှိမယ်ဆိုရင် ပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းတွေ ပိုဖွံ့ဖြိုးနိုင်တယ်။ လုပ်ငန်းရှင် တချို့လည်း ရင်းနှီးလုပ်ကိုင်ဖို့ စိတ်ဝင်စား နေတယ်”ဟု ပြောကြားပါသည်။
“အသေးစား ချေးငွေဆိုတာ အခြေခံလူတန်းစားတွေအတွက် အရေးကြီးပါတယ်။ ကျေးလက်နေပြည်သူ အများစုနဲ့မြို့နေဆင်းရဲသူတွေ အတွက် နေ့ပြန်တိုးတွေ၊ အပေါင်ဆိုင်တွေနဲ့ မကင်းဘူး၊ အဖွဲ့အစည်းတွေကလည်း ပုံစံအမျိုးမျိုးနဲ့ ပံ့ပိုးနေတာတွေလည်း ရှိတယ်။ ဥပဒေသတ်မှတ်ပြီး လုပ်ထုံး လုပ်နည်းတွေ စနစ်တကျ ဖြစ်လာရင် ပိုအဆင်ပြေမှာပါ။ နိုင်ငံမှာ ဆင်းရဲသူတွေ၊ အခြေခံလူတန်းစား တွေ၊ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့လူတွေ အများကြီးရှိနေတဲ့အတွက် ပံ့ပိုးပေးဖို့ လိုပါတယ်။ ဥပဒေရှိရင် ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေအတွက်လည်း ပိုအဆင်ပြေနိုင်တယ်။ ချေးငွေ ထုတ်ချေးပေးမယ့်သူတွေ ပိုများလာမယ်။ ဈေးရောင်းသူတွေ၊ တောင်သူတွေ၊ သားငါးရှာဖွေသူတွေ စတဲ့ အခြေခံအဆင့် အသက်မွေးတဲ့သူတွေ လိုအပ်တဲ့ အရင်းအနှီးတွေ ပိုထောက်ပံ့လာနိုင်မယ်။ အပေါင်ပစ္စည်း ပေးအပ်ဖို့ အခက်အခဲရှိတဲ့ အသေးစားနဲ့အလတ်စား လုပ်ငန်းရှင်တွေအနေနဲ့လည်း ဘဏ်တွေဆီက ချေးငွေရလာနိုင်တယ်”ဟု ပါမောက္ခဒေါ်ရီရီမြင့်က ထင်မြင်ချက်ပေးသည်။
ပါမောက္ခ ဒေါ်လှမြင့်ကလည်း “ဒီဥပဒေရှိလာရင် နိုင်ငံတွင်းမှာရှိတဲ့ အခြေခံလူတန်းစားနဲ့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေအတွက် ပိုအဆင်ပြေလာမှာပါ။ နေ့ပြန်တိုးလို အတိုးနှုန်းကြီးကြီးမားမားနဲ့ ရင်ဆိုင်နေရတဲ့ ဆင်းရဲနွမ်းပါးသူတွေ၊ အပေါင်ပစ္စည်းမရှိလို့ ဘဏ်ကငွေမချေးနိုင်တဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေကို အထောက်အကူ ပိုပေးလာနိုင်တယ်။ ကျေးလက်နဲ့မြို့ပြက ဆင်းရဲနွမ်းပါးမှုနဲ့ ရင်ဆိုင်နေရသူတွေကို လျှော့ချနိုင်ဖို့ ဒီဥပဒေက အရေးကြီးပါတယ်။ လက်ရှိ ပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်း တွေအတွက်လည်း လုပ်ရကိုင်ရ ပိုကောင်းလာမယ်၊ ပိုစနစ်ကျလာနိုင်ပါတယ်။ အခြေခံနဲ့ လူလတ်တန်းစားမှာ ဖြစ်နေတဲ့ အရင်းအနှီး အခက်အခဲတွေ ဖြေလျော့ပေးနိုင်ပါ”ဟု ရှင်းပြပါသည်။
အဆိုပါ အသေးစားငွေရေး ကြေးရေးလုပ်ငန်းဥပဒေ ပြဋ္ဌာန်းနိုင်ရန် ပညာရှင်များ၊ ဥပဒေပညာရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ပဉ္စမမူကြမ်းအထိ ရေးဆွဲခဲ့ပြီးဖြစ် ကြောင်း သိရပါသည်။
လက်ရှိ အသေးစားငွေရေး ကြေးရေးလုပ်ငန်းကို ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်လျက် ရှိပြီး သမ၀ါယမအသင်းများ၊ ဆန်စပါးနှင့်ပဲ အထူးပြုကုမ္ပဏီများ၊ စီပွားရေးဦးပိုင် လီမိတက်၊ အမျိုးသမီးရေးရာအဖွဲ့၊ အသေးစား  ငွေရေးကြေးရေး လုပ်ငန်းစိစစ်ရေး အဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများပါဝင်ကြောင်း သိရပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ