Welcome to my blog :)

rss

Monday, July 18, 2011

မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်း ခေတ္တရပ်ဆိုင်းထားမှု တစ်နှစ်ပြည့်ပြီ

4151
မြ၀တီနယ်စပ်ကုန်သွယ်ရေး စခန်းအား ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ မှစတင်၍ ခေတ္တရပ်ဆိုင်းထားခဲ့ရာ  ယခု ၂၀၁၁ ဇူလိုင်လတွင် တစ်နှစ် ပြည့်သွားပြီဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ မြ၀တီကုန်သွယ်ရေး စခန်းခေတ္တ ရပ်ဆိုင်းထားမှုကြောင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ထက် တရုတ်နိုင်ငံနှင့်နယ်စပ် ကုန်သွယ်မှုပမာဏ ပို၍မြင့်တက်လာကြောင်း၊ ၂၀၁၁ခုနှစ် ပထမ ခြောက်လပတ်တွင် မြန်မာနိုင်ငံမှ တရုတ် နိုင်ငံသို့တင်ပို့မှုပမာဏ အမေရိကန် ဒေါ်လာ ၇၁၂ ဒသမ ၁၄ သန်းရှိခဲ့ပြီး သွင်းကုန်ပမာဏမှာ ၅၆၁ ဒသမ ၅၉၉ သန်း ရှိနေကြောင်းနှင့် ထိုင်း နိုင်ငံနှင့် ကုန်သွယ်ရေးမှာမူ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့မှုပမာဏ ၆၈ ဒသမ ၇၄၇ သန်းနှင့် ထိုင်းနိုင်ငံမှ ပြန်လည်တင်သွင်းမှု ပမာဏ ၈၂ ဒသမ ၆၉၅ သန်းသာ ရှိသေးကြောင်း သိရှိရသည်။
“တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှု ပမာဏဟာ တော်တော်များ နေတယ်။ အထူးသဖြင့် နေပြည်တော်  မှာ ကျောက်စိမ်းလေလံပွဲတွေ ရှိနေတဲ့အတွက် ပို့ကုန်ပိုင်းမှာ တော်တော် အားကောင်းလာတာ တွေ့ရတယ်။
ထိုင်း-မြန်မာနယ်စပ်မှာတော့ မြ၀တီကုန်သွယ်ရေးစခန်းဟာ တရုတ်နယ်စပ်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပြီးရင် ဒုတိယအကြီးဆုံး ကုန်သွယ်ရေးစခန်း ဖြစ်တယ်။ မြ၀တီ ပိတ်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ တခြား ကုန်သွယ်ရေးစခန်းတွေကနေ တစ်ဆင့် ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ပြုလုပ်တယ်ဆိုပေမယ့် မြ၀တီ နယ်စပ် ကုန်သွယ်ရေးလောက်တော့ ကုန်သွယ်မှုပမာဏ များများလုပ်နိုင်မှု မရှိပါဘူး”ဟု ထိုင်း-မြန်မာနယ်စပ် ရှိ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။
နယ်စပ်ကုန်သွယ်မှု ပမာဏကို ချိန်ဆကြည့်ပါက မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု ပြုနေသော လေးနိုင်ငံနှင့်စုစုပေါင်း ကုန်သွယ်မှုပမာဏ ပထမခြောက်လပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၄၄၂ ဒသမ ၅၀၅ သန်းရှိခဲ့ပြီး ယခင်နှစ်အလားတူ ကာလတွင် ကုန်သွယ်မှုပမာဏ ၈၁၆ ဒသမ ၈၁၃ သန်းသာ ရှိခဲ့သောကြောင့် ယခုနှစ်တွင် နယ်စပ်ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၀၀ကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ရရှိသောသတင်းများအရ သိရသည်။
“မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးက ၂၀၀၆ ခုနှစ်မှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ဖြစ်လာပြီး နောက်ပိုင်း နှစ်စဉ် တိုးတက်နေပါတယ်။ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အပြင် တခြား လွယ်ဂျယ်နယ်စပ် ချင်းရွှေဟော်နယ်စပ်နဲ့ ကန်ပိုက်တီးကလည်း ကုန်သွယ်မှုပမာဏ အထိုက်အလျောက် မြင့်မားပါတယ်။ မြန်မာ -ထိုင်းနယ်စပ်မှာ ဆိုရင်တော့ မြ၀တီ နယ်စပ်ကုန်သွယ်ရေးဇုန်ကို ၂၀၁၀ ပြည့်နှစ် ဇူလိုင်လကစပြီး ရပ်ဆိုင်း ထားခဲ့ပေမယ့် ကော့သောင်း၊ မြိတ် စတဲ့ နယ်စပ်တွေကို ပြောင်းရွှေ့ကုန်သွယ်မှု ပြုလုပ်လာကြတာလည်း တွေ့ရပါတယ်”ဟု နယ်စပ်ကုန်သည် တစ်ဦးက ပြောပြခဲ့သည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု အများဆုံးပြုလုပ်သော နိုင်ငံ ဇုန်ဖြစ်ပြီး မြန်မာနိုင်ငံမှလယ်ယာ ထွက်ကုန်ပစ္စည်း၊ သစ်သီးဝလံ၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက် ပစ္စည်း၊ သစ်နှင့်သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိကာ အထူးသဖြင့် ပြောင်း၊ ရော်ဘာ၊ ပဲမျိုးစုံ၊ နှမ်း၊ သရက်၊ ဖရဲ၊ သခွား မွှေး၊ နာနတ်သီးများနှင့်အတူ ရေထွက်ကုန်ပစ္စည်းများ တင်ပို့နေ ကြောင်း၊ ကျောက်စိမ်း၊ စကျင် ကျောက်ရုပ်တုများ၊ ခဲမဖြူ၊ အဖြိုက်နက်၊ သံသတ္တုရိုင်းများ တင်ပို့လျက်ရှိကြောင်း သိရသည်။
မူဆယ်နယ်စပ်အနေဖြင့် နေပြည်တော် ကျောက်မျက်ရတနာ အောင်မြင်သည့် ကျောက်စိမ်းများ မူဆယ် ရွှေလီလမ်းကြောင်းမှ တင်ပို့နေခြင်းကြောင့် ပို့ကုန်များတိုးတက်လျက်ရှိ ကြောင်း သိရှိရသည်။
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်နယ်စပ် ကုန်သွယ်ရေးအနေဖြင့် သစ်ခေါက်၊ လမ်းခင်းကျောက် အရွယ်စုံ၊ ဆေးပေါ့လိပ်၊ လိမ္မော်သီး၊ ပျားရည်၊ မဂ္ဂနီးသတ္တုရိုင်းတို့ အများဆုံးတင်ပို့နေရပြီး သွင်းကုန်အနေဖြင့် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ စက်ဆီ၊ ဒီဇယ်ဆီ၊ ယာဉ်ယန္တရားများ၊ လက်တွန်း လယ်ထွန်စက်များ တင်သွင်းနေကြောင်း သိရှိရသည်။
အလားတူ မြန်မာ-အိန္ဒိယနယ် စပ်ရှိ တမူးနှင့် ရိဒ်နယ်စပ်မှတင်ပို့မှုလည်း အထိုက်အလျောက်ရှိကြောင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်မူ စစ်တွေနယ်စပ်နှင့် မောတောနယ်စပ်မှ ကုန်သွယ်မှုပြုလုပ်နေကြောင်း သိရှိရသည်။
၂၀၁၀ ပြည့်နှစ် ပထမခြောက်လ ကုန်သွယ်မှုပမာဏ (အမေရိကန်ဒေါ်လာသန်း)

ပို့ကုန် သွင်းကုန် ကုန်သွယ်မှု
မြန်မာ-တရုတ် ၃၃၄.၁၁၉ ၃၂၀.၈၈၃ ၆၅၅.၀၀၂
မြန်မာ-ထိုင်း ၈၀.၄၁၃ ၆၄.၉၈၄ ၁၄၅ .၃၈၇
မြန်မာ-အိန္ဒိယ ၄ .၅၉၃ ၂ .၇၅၇ ၇.၃၅၀
မြန်မာ-ဘင်္ဂလားဒေ့ရှ် ၈.၂၃၉ ၀.၈၃၅ ၉.၀၇၄

၄၂၇.၃၆၄ ၃၈၉ .၄၄၉ ၈၁၆ .၈၁၃
Source:MIRT

၂၀၁၁ ခုနှစ် ပထမခြောက်လပတ် ကုန်သွယ်မှု (အမေရိကန် ဒေါ်လာသန်း)

ပို့ကုန် သွင်းကုန် ကုန်သွယ်မှု
မြန်မာ-တရုတ် ၇၁၂.၁၄ ၅၆၁.၅၉၉ ၁၂၇၃.၇၃၉
မြန်မာ-ထိုင်း ၆၈.၇၄၇ ၈၂.၆၉၅ ၁၅၁.၄၄၂
မြန်မာ-အိန္ဒိယ ၄.၀၁၉ ၃.၆၃၅ ၇.၆၅၄
မြန်မာ-ဘင်္ဂလားဒေ့ရှ် ၉.၁၇၁ ၀.၄၉၉ ၉.၆၇၀

၇၉၄.၀၇၇ ၆၄၈ .၄၂၈ ၁၄၄၂ .၅၀၅
Source:MIRT

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ