Welcome to my blog :)

rss

Monday, July 18, 2011

ပုဂ္ဂလိကဘဏ်များ အကြွေးဝယ် ကတ်စနစ်အားလုံး အသုံးပြုမည်

ပုဂ္ဂလိက ဘဏ်များအနေဖြင့် ဗဟိုဘဏ်မှ ခွင့်ပြုချိန်တွင် အကြွေးဝယ်ကတ်များကို စတင်ထုတ်ပေး သွားမည်ဖြစ်ပြီး ပထမဦးဆုံး ATM (Automatic Teller Machine) ကတ်ကို  အသုံးပြုသွားမည်ဖြစ်ကာ ဆက်လက်၍ Debit  ကတ်၊ Credit ကတ်၊ Smart  ကတ်များကို အသုံးပြုနိုင်ရန် ပြင်ဆင်ထားကြောင်း ဘဏ်အသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။
“ဘဏ်တွေဘက်ကတော့ အားလုံးပြင်ဆင်ပြီး ဗဟိုဘဏ်က ခွင့်ပြု နိုင်တာနဲ့ စတင်မှာပါ။ ဘဏ်အားလုံး အကြွေးကတ်ဝန်ဆောင်မှုကို ပေးခွင့်ရမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ATM ကတ်စနစ်ကို အသုံးပြုခွင့်ပေးမှာပါ။ နောက်အစဉ်လိုက် Debit ကတ်၊ Credit ကတ်၊  Smart  ကတ် တို့ကို ၀န်ဆောင်မှုပေးမှာပါ။ ဘဏ်တွေအနေနဲ့ ၀န်ဆောင်မှု တိုးမြှင့်ပေးနိုင်ဖို့ လိုနေပါတယ်။ အရင်ကထက် နည်းပညာတွေ တိုးတက်နေတဲ့အတွက် ပြင်ဆင်ချိန် ပိုယူနေရတဲ့သဘောတော့ ရှိပါတယ်”ဟု မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားသော ဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။
၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း “ဗဟို ဘဏ်က အရင်ဆုံး ATM  ကတ်နဲ့ Debit  ကတ်ကို ခွင့်ပြုမယ့်သဘော ရှိပါတယ်။ ဘဏ်တွေဘက်ကလည်း ပြင်ဆင်ထားပါတယ်။ ပြည်တွင်းဘဏ်တွေအားလုံး နိုင်ငံတကာ ဘဏ်တွေလိုပဲ ငွေကြေးနဲ့ပတ်သက် တဲ့ ၀န်ဆောင်မှုတွေ ပေးချင်ပါတယ်။ နိုင်ငံခြားငွေကြေးလည်း ကိုင်တွယ်ချင်တယ်။ အားလုံးကဗဟိုဘဏ်ရဲ့ ခွင့်ပြုမှုလိုပါတယ်”ဟု ဆိုပါသည်။

ဘဏ်တွေဘက်ကတော့ အားလုံးပြင်ဆင်ပြီး ဗဟိုဘဏ်က ခွင့်ပြုနိုင်တာနဲ့ စတင်မှာပါ။ ဘဏ်အားလုံး အကြွေးကတ် ၀န်ဆောင်မှုကို ပေးခွင့်ရမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ATM ကတ်စနစ်ကို အသုံးပြု ခွင့်ပေးမှာပါ။ နောက်အစဉ်လိုက်Debit ကတ်၊ Credit ကတ်၊ Smart ကတ် တို့ကို ၀န်ဆောင်မှုပေးမှာပါ . . .
အကြွေးဝယ် ကတ်ပြားများသည် ဘဏ်များ၏ အဓိကလုပ်ငန်း ဖြစ်သည့် အပ်ငွေလက်ခံခြင်းနှင့် ငွေထုတ်ချေးခြင်း တို့ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်သော စနစ်တစ်ရပ်ဖြစ်သည်။ ထို့ပြင်အခိုက်အတန့် ငွေကြေး လိုအပ်သူများကို ၀န်ဆောင်မှုပေးနိုင်သော စနစ်တစ်ရပ်ဖြစ်ပြီး အပ်ငွေ လက်ခံသူနှင့် ငွေချေးသူတစ်ပြိုင်တည်း ရနိုင်သော လက်လီဘဏ်လုပ်ငန်း စနစ်ဖြစ်ကြောင်း သိရပါသည်။
ကမ္ဘာ့နိုင်ငံအချို့တွင် အကြွေးဝယ်ကတ်ကို ၁၉၅၉ ခုနှစ်မှစတင်ပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၁၉၆၀ ပြည့်နှစ် ၀န်းကျင်က ကမ္ဘာ့အကြွေးဝယ်ကတ် ကုမ္ပဏီများဖြစ်သော  Master Card နှင့် Visa Card  တို့မှ လာရောက်ဆောင်ရွက်ခဲ့ဖူးကြောင်း၊ ထို့နောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ဈေးကွက်စီးပွားရေး စတင်ပြီးနောက် ၁၉၉၄ ခုနှစ်တွင် ပြန်လည် အသုံးပြုခဲ့သည်။ ၂၀၀၃ ခုနှစ် နှစ်ဆန်းပိုင်းထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့သော်လည်း ၂၀၀၃ ခုနှစ်အတွင်း ပုဂ္ဂလိကဘဏ်အချို့တွင် ဖြစ်ခဲ့သည့် ငွေဖြစ်လွယ်မှု အကျပ်အတည်းနှင့် ကြုံတွေ့ချိန်တွင် အဆိုပါ အကြွေးဝယ် ကတ်စနစ်ကို ပိတ်သိမ်းခဲ့ကြောင်း  ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများထံမှ သိရှိရပါသည်။
ပုဂ္ဂလိကဘဏ်လုပ်ငန်း တာဝန်ရှိသူများအနေဖြင့် အကြွေးဝယ် ကတ်ဝန်ဆောင်မှုကို ယခုနှစ်အတွင်း ပေးအပ်နိုင်မည်ဟု ခန့်မှန်းလျက်ရှိကြောင်း သိရသည်။ အကြွေးဝယ်ကတ်၏ အားသာချက်များတွင်  ငွေကိုင်သုံးရန်မလိုခြင်း၊ လုံခြုံမှုရှိခြင်း၊ ထိန်းသိမ်းရလွယ်ကူခြင်း၊ ငွေရေတွက် ရသက်သာခြင်းတို့အပြင် ဘဏ်များအနေဖြင့် အပ်နှံငွေနှင့် ၀န်ဆောင်ခ များရရှိစေပါသည်။ တစ်ဖက်တွင်လည်း စည်းမျဉ်းစည်းကမ်းနှင့် စောင့်ကြည့်ထိန်းသိမ်းမှု အားနည်းပါက ငွေကြေးဖောင်းပွမှုများနိုင်ခြင်း၊ ငွေသုံးစွဲမှုများပြားလာခြင်း၊ လွယ်လွယ် များများ သုံးခြင်းကြောင့် အကြွေးများပြားနိုင်ခြင်း၊ ပေါ့ပေါ့တန်တန် သုံးစွဲခြင်းကြောင့် အသုံးစရိတ်များ နိုင်ခြင်းတို့ ဖြစ်ပေါ်တတ်ကြောင်း ဘဏ်လုပ်ငန်းနှင့် ငွေကြေးပညာရှင် များက သတိပေးပါသည်။

အကြွေးဝယ်ကတ် အမျိုးမျိုး၏ ယေဘုယျ ကွာခြားချက်များ
ATM ကတ်        ပထမဆုံးအသုံးပြု ခွင့်ပေးမည့် ATMကတ်သည် Debit  ကတ်စနစ်ထဲတွင် ပါဝင်ပြီး ကွဲလွဲမှုအချို့ ရှိသည်။ အဓိကအချက်အားဖြင့် ATM ကတ်သည် စာရင်းဖွင့်ထားသူ ထည့်သွင်းထားသော ငွေသားပမာဏကို နီးစပ်ရာစက်များတွင် ကတ်ထည့်သွင်းပြီး ငွေသားထုတ်ယူသည့် စနစ်ဖြစ်ကာ စာရင်းဖွင့်ထားသော ငွေကြေးပမာဏထက် ပိုမိုမထုတ်ယူနိုင်ပါ။ Debit ကတ်      Debit ကတ်သည် ငွေသားထုတ်ယူရန်မလိုဘဲ ကတ်ပြားဖြင့် ငွေပေးချေနိုင်သည်။ မိမိဝယ်ယူသော ဆိုင်ကို ကတ်ပေးပြီး ထိုဆိုင်မှတစ်ဆင့် ဘဏ်ကိုအကြောင်းကြားကာ ဘဏ်နှင့် ငွေစာရင်းရှင်းခြင်းဖြစ်သည်။ Debit  ကတ်စနစ်သည် အသုံးပြုသူ ပေးသွင်းထားသော ငွေပမာဏ အတိုင်းသာ အသုံးပြုနိုင်သော စနစ်ဖြစ်ပြီး အကယ်၍ ငွေစာရင်းကျော်လွန် အသုံးပြုမိပါက ဘဏ်မှတစ်ကြိမ် တစ်ခါ စိုက်ထုတ်ပေးထားသော်လည်း ချက်ချင်းအကြောင်းကြားကာ စိုက်ထုတ်ငွေပြန်လည် တောင်းခံပါသည်။
Credit ကတ်      Credit ကတ်သည် မိမိအသုံးပြုသောငွေကို လက်ငင်းပေးရန်မလိုဘဲ ကတ်ပြားဖြင့်သာ ပေးချေနိုင်သည်။ အများအားဖြင့် စာရင်းရှင်အပ် ငွေအပ်နှံပြီးလျှင် ဘဏ်မှ ကတ်ပြားထုတ်ယူနိုင်သည်။ မိမိစာရင်းဖွင့်ထားသော ငွေထက် ကျော်လွန်အသုံးပြုနိုင်သည်။ စာရင်းအရှိ ပမာဏအတိုင်းသာ အသုံးပြုပါက ဘဏ်မှဝန်ဆောင်ခသာ တောင်းယူသော်လည်း စာရင်းထက် ကျော်လွန်အသုံးပြုပါက အဆိုပါ ဘဏ်ပိုထုတ်ငွေ (Bank Overdraft) အတွက် ပြန်လည်မဆပ်မချင်း အတိုးယူသွားမည်ဖြစ်သည်။ ဘဏ်တွင် မည်သည့် အပေါင်မှထားရန်မလိုဘဲ ငွေချေးနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။
Smart  ကတ်     Smart ကတ်သည် နောက်ဆုံးပေါ်ပေါက်သော နည်းပညာမြင့် ကတ်တစ်မျိုးဖြစ်သည်။ Debit ကတ်နှင့် Credit ကတ်များ၏ အရည်အသွေးမျိုး ပါဝင်သည်။ ငွေသား ထုတ်ယူလိုပါကလည်း ATM စက်တွင် ကတ်ထည့်သွင်းကာ ငွေသားရယူနိုင်သည်။ ကုန်ပစ္စည်းဝယ်ယူမှုတွင် ငွေပေးချေနိုင်ရုံသာမက အခြား ဖုန်းပြောခ၊ ဘတ်စ်ကားခ၊ တက္ကစီခ၊ ရထားခ၊ အိမ်ငှားခ၊ ကျန်းမာရေးဝန်ဆောင်ခ စသည့် ငွေပေးချေမှုများကိုပါ အသုံးပြုနိုင်သည်။ လုံခြုံမှုရှိရန် နည်းပညာများ ထည့်သွင်းထားပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ