Welcome to my blog :)

rss

Sunday, July 17, 2011

မြန်မာ့ပထမဆုံး စတော့ရှယ်ယာဈေးကွက် ရန်ကုန်၊မန္တလေး နှစ်မြို့၌ မကြာမီ စတင် လည်ပတ်ရန် စီစဉ်နေ

ရန်ကုန် ၊ ဇူလိုင် ၁၂

မြန်မာ့ပထမဆုံး စတော့အိတ်ချိန်း (Stock Exchange) ဈေးကွက်ကို ရန်ကုန်နှင့် မန္တလေး မြို့များတွင် မကြာမီ စတင် အကောင်အထည်ဖော် သွားမည်ဟု သတင်းရရှိသည်။ အဆိုပါ စတော့အိတ်ချိန်း ဈေးကွက်ကို ဖော်ဆောင်ရာတွင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ Export Import Bank of Thailand နှင့် ပူးပေါင်းဆောင်ရွက် သွားရန် စီစဉ်ထားသည်ဟု ကြားသိရကြောင်း စီးပွား/ကူးသန်း ၀န်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးက mmDailyNews သို့ ပြောကြား ခဲ့သည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် စတင်ကျင့်သုံးမည့် အာဆီယံနိုင်ငံများ၏ စီးပွားရေး မူဝါဒအရ မရှိမဖြစ် လိုအပ်ခြင်း၊ ထိုင်းကဲ့သို့ အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးကို အတိုင်းအတာတစ်ခုအထိ ဆွဲတင်သွားခြင်းကို အတုယူခြင်း စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာ့စတော့အိတ်ချိန်း ဈေးကွက်ကို တည်ထောင်ရခြင်း ဖြစ်ကြောင်း ကြားသိရသည်။

EXIM ဘဏ်သည် စတော့အိတ်ချိန်းတွင် အောင်မြင်မှု ရရှိလျက်ရှိသော ထိုင်းနိုင်ငံ၏ နာမည်ကျော် ပုဂ္ဂလိက ဘဏ်ကြီး တစ်ခု ဖြစ်ကြောင်း၊ လတ်တလော၌ သဘောတူညီမှု စာချွန်လွှာ လက်မှတ် မထိုးရသေးသော်လည်း အဆိုပါဘဏ်နှင့်ပင် လက်တွဲလုပ်ဆောင်သွားရန် သေချာသလောက် ရှိကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်လက် ပြောပြခဲ့သည်။

အဆိုပါ စတော့အိတ်ချိန်းဈေးကွက်သာ လည်ပတ်ပြီ ဆိုပါက အာဆီယံ၏ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ (ASEAN Free Trade Area, AFTA) ၏ စည်းမျဉ်းများ အရ တစ်နိုင်ငံ၏ စတော့အိတ်ချိန်းဈေးကွက်ရှိ ရှယ်ယာများကို မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်မည် ဖြစ်ကာ ဒေသတွင်း ငွေကြေး လည်ပတ်စီးဆင်းမှုနှင့် စီးပွားရေး ဖွံ့ဖြိုးမှုကို အထူးကြီးမား အရှိန်ရလာစေမည် ဖြစ်ကြောင်း၊ သို့သော် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော စတော့ဈေးကွက်ကြီး တစ်ခုလုံးကို အမျိုးသား အကျိုးစီးပွားအတွက် လည်ပတ်စေရာတွင် နိုင်နင်းသော မူဝါဒများ၊ နည်းပညာဆိုင်ရာ လူသားအရင်းအမြစ်၊ စက်ပစ္စည်း အရင်းအမြစ်များ အစိုးရ၌ လုံလောက်စွာ ရှိနေရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက နိုင်ငံအတွက် မကောင်းသော အကျိုးသွားများ (Impacts) ရှိလာမည်ကို စိုးရိမ်ကြောင်း၊ ထို့အတူ မြန်မာ့စတော့ဈေးကွက်သည် နှစ်လုံးထီကဲ့သို့သော လောင်းကစားမှု အသေးစားများမှသည် ငွေမည်းခ၀ါချခြင်း တို့၏ လောင်းရိပ်မမိအောင် စနစ်တကျ ဖော်ဆောင်အောင်မြင်ရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်/ ကလောင်ရှင် တစ်ဦးက သူ၏ အမြင်ကို mmDailyNews သို့ ပြောပြခဲ့သည်။



စတော့ဈေးကွက်တွင် ကုမ္ပဏီကြီးများသာ လက်ဝါးကြီး အုပ်ထားကာ လည်ပတ်၍ မရနိုင်ဘဲ နိုင်ငံအ၀န်းရှိ ကုမ္ပဏီ ကြီးငယ်များ ပါဝင်မှသာ ဈေးကွက်အသက်ဝင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ထိပ်တန်းကုမ္ပဏီများ၏ အကြီးအကဲ အချို့သည် ပြည်ပစတော့ဈေးကွက် အတွေ့အကြုံ အတော်အသင့်ရှိသော်လည်း စီးပွားရေး လုပ်ငန်းရှင် အများစုမှာ စတော့ဈေးကွက်နှင့် စိမ်းနေသေးသည်ဟု ဆိုနိုင်သဖြင့် စတော့ဈေးကွက်နှင့် သက်ဆိုင်သော ပညာများ ဖြည့်ဆည်းထားကြမှသာ စတော့ဈေးကွက် အသက်ဝင်လာသောအခါ လိုက်ပါ လှုပ်ရှားနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ခံ စီးပွားရေး အကဲခတ်တစ်ဦးက ဝေဖန်ပြောကြားခဲ့သည်။

ဒုတိယနှစ် စီးပွား/စီမံ ကျောင်းသူ တစ်ဦးကမူ အိမ်နီးချင်း နိုင်ငံများမှာ ကဲ့သို့ လူလတ်တန်းစားများပါ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်အော
င် စီစဉ်ပေးနိုင်လျှင် နိုင်ငံ့စီးပွားရေး တိုးတက်မှု၌ ပိုမို အထောက်အကူ ဖြစ်နိုင်မည်ဟု ထင်မြင်မိကြောင်း ပြောကြားခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ