Welcome to my blog :)

rss

Sunday, July 17, 2011

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ ကျောင်းသား ၃၀၀ ဝန်းကျင် ခေါ်မည်

ရန်ကုန်၊ ဇူလိုင် ၈ - မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်း ဒီပလိုမာ သင်တန်းများကို ယခင်နှစ်များအတိုင်း ကျောင်းသား ၃၀၀ ဝန်းကျင် ခေါ်ယူသွားမည် ဖြစ်ကြောင်း အဆိုပါကောလိပ်မှ သိရသည်။
“အရင် ပညာသင်နှစ်တွေတုန်းကတော့ ၃၀၀ လောက် ခေါ်ခဲ့တယ်။ ဒီနှစ်လဲ အဲဒီလောက်ပဲ ခေါ်မှာပါ။ အင်ဂျင်ပိုင်းအတွက် ၁၅၀ နဲ့ ကုန်းပတ်အတွက် ၁၅၀ ပဲ။ အမှတ်ကတော့ ၄၂၀ အနည်းဆုံး ဆိုပေမယ့် ကုန်းပတ် အရာရှိလောင်းအတွက် အမှတ်ပိုများမှာပါ” ဟု မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ တက္ကသိုလ်ဝင်တန်းအမှတ် အနည်းဆုံး ၄၂၀ ဖြင့် လူဦးရေ ၃၀၀ ဝန်းကျင် ခေါ်ယူသွားမည် ဖြစ်ပြီး ယင်းကုန်သွယ်ရေကြောင်း အရာရှိလောင်း ၁၅၀ခန့်နှင့် ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်း ၁၅၀ ခန့် တို့ဖြစ်သည်။
“ကျွန်တော်တို့နှစ်တုန်းက Nautical ကုန်းပတ်အတွက် အမှတ် ၃၈၀ နဲ့ ခေါ်ခဲ့တယ်။ အင်ဂျင်ကို ၃၆၀ နဲ့ ခေါ်တယ်။ တစ်နှစ်သင်တန်းတက်ခဲ့ရတယ်။ အဲဒီတုန်းက ကျောင်းက ကောလိပ် မဟုတ်သေးဘူး။ ရိုးရိုးသင်တန်းပါပဲ။ ကျောင်းပြီးလို့ အရာရှိလောင်းတွေ အနေနဲ့တော့ မတက်ရဘူး။ Cadet အဆင့်နဲ့ပဲ တက်ရပါတယ်။ ကျွန်တော်တို့တုန်းကလဲ အင်ဂျင်ရော၊ ကုန်းပတ်ရော ကျောင်းသားဦးရေ ၃၀၀လောက် ခေါ်ခဲ့ပါတယ်” ဟု မြန်မာနိုင်ငံ ရေကြောင်းကောလိပ်မှ ကျောင်းသားဟောင်း တစ်ဦးကပြောသည်။
၂၀၁၀ - ၂၀၁၁ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ် ပါဝင်သည့် အောင်မြင်ပြီး စုစုပေါင်း အမှတ်အနည်းဆုံး ၄၂၀ ရရှိမှသာ လျှောက်ထား နိုင်ကြောင်း၊ ၂၀၁၁ ဒီဇင်ဘာ ၃၁ ရက်တွင် အသက် (၁၉)နှစ်ထက် မကျော်လွန်သူများ အရပ် ၅ ပေ ၄ လက်မ အနည်းဆုံး ရှိရမည်။ ကိုယ်အလေးချိန်ပေါင် ၁၀၀ အနည်းဆုံး ရှိရမည်။ မျက်မှန်၊ မျက်ကပ်မှန် တပ်ထားသူ မဖြစ်စေရစသည့် ကန့်သတ်ချက်များ ပါဝင်ကြောင်း သိရသည်။
ပဏာမရွေးချယ်ခံရသူများသည် နားစစ်ဆေးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးခြင်း၊ မျက်စိစစ်ဆေးခြင်း၊ စိတ်ရောဂါနှင့် မူးယစ်ဆေးသုံးစွဲမှုရှိမရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ပညာသင်နှစ်များတွင် ကုန်သွယ်ရေကြောင်းအရာရှိလောင်း Nautical Cadet Diploma in Nautical Studies/ Dip N.S အတွက် ကျောင်းသားဦးရေ ၁၅၀ ဝန်းကျင်နှင့် ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်း Marine Engineering Cadet Diploma in Maritime Technology/ Dip.Mar.Tech အတွက် ကျောင်းသားဦးရေ ၁၅၀ ဝန်းကျင်ဖြင့် စုစုပေါင်း မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်အတွက် ၃၀၀ ဝန်းကျင်ကို နှစ်စဉ်ခေါ်ယူခဲ့ကြောင်း သိရသည်။
Ref : The Flower News

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ