Welcome to my blog :)

rss

Sunday, July 31, 2011

လစ်ဗျား တော်လှန်ရေး တပ်ဖွဲ့များကို ဦးဆောင်နေသူ ကဒါဖီထံမှ ဘက်ပြောင်းလာသည့် ဗိုလ်ချုပ်ကြီး လုပ်ကြံခံရ တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့က လုပ်ကြံခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ပြီးနောက် အခြေအနေများ ရှုပ်ထွေးနေ

w64411
လစ်ဗျား တော်လှန်ရေး တပ်ဖွဲ့များကို ဦးဆောင်နေသူ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး အဘ်ဒယ်ဖာတာယွန်နစ်သည် ဇူလိုင်လ ၂၈ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ် ခံခဲ့ရကြောင်း သိရသည်။ အဘ်ဒယ်ဖက်တာယွန်နစ်သည် ကဒါဖီ၏ အစိုးရအဖွဲ့မှ ကူး ပြောင်းလာခဲ့သူတစ်ဦး ဖြစ်ပြီး ၎င်း၏ မိသားစု အနေဖြင့် ကဒါဖီ အစိုးရနှင့် အဆက်အသွယ် ရှိနေဆဲ ဖြစ်ကြောင်း သံသယ ရှိသောကြောင့် စစ်ဆေးရန်ဟု ဆိုကာ အသွင်ကူးပြောင်းရေးကောင်စီ ရုံးစိုက်ရာ ဘင်ဂါဇီမြို့သို့ ပြန်ခေါ်စဉ် လုပ်ကြခံရခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အတိုက်အခံတို့၏ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ အကြီးအကဲ အဗ္ဗဒူဂျလေးက ယွန်နစ်သည် လစ်ဗျားနိုင်ငံ၏ ဖေဖော်ဝါရီ ၁၇ တော်လှန်ရေး အတွက် သူရဲကောင်းတစ်ဦး ဖြစ်ကြောင်း ကဒါဖီ ဆန့်ကျင်ရေး ဆန္ဒပြပွဲ စတင် ဖြစ်ပွားခဲ့သည့် နေ့ရက်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
သတ်ဖြတ်ခံခဲ့ရသူများတွင် ယွန်နစ်နှင့်အတူ ၎င်း၏ကိုယ်ရံတော် ဗိုလ်မှူးကြီးနှစ်ဦးတို့လည်း သေဆုံးသွားခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှု အတွက် သံသယရှိသူများကိုလည်း ဖမ်းဆီးထားကြောင်း ထုတ်ပြန်ခဲ့သည်။
ယွန်းနစ်ကို လုပ်ကြံခံရမှုကြောင့် အခြေအနေများ ရှုပ်ထွေးနေစဉ် လုပ်ကြံမှုသည် လစ်ဗျား တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့၏ လက်ချက် ဖြစ်ကြောင်း အသွင်ကူးပြောင်းရေး ကောင်စီမှ ရေနံနှင့် ဘဏ္ဍာရေးဝန်ကြီး အလီတာဟိုနီက ထုတ်ပြန်ခဲ့သည်။ယွန်နစ်ကို ရှေ့တန်း စစ်မျက်နှာ ဘရီဂါမြို့မှ ဘင်ဂါဇီသို့ စစ်မေးရန် ပြန်ခေါ်ခိုင်းသည့် တပ်မမှ တပ်မမှူးက သူ့လက်ထောက်များသည် ယွန်းနစ်နှင့် အတူပါလာသော ဗိုလ်မှူးကြီး နှစ်ဦးကို လုပ်ကြံခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ၀န်ခံခဲ့သည်။
လုပ်ကြံသူများသည် အသွင်ကူးပြောင်းရေးကောင်စီ ဦးဆောင်မှု အောက်တွင် မိမိသဘောဖြင့် ပါဝင် တိုက်ပွဲဝင်ပေးကြသော တော်လှန်ရေး အဖွဲ့ငယ်များထဲမှ အဘူအိုဘေဒါအယ်လ်ဂျာရာ တပ်မမှ အဖွဲ့ဝင်အချို့၏ လက်ချက် ဖြစ်ကြောင်း တာဟိုနီက ထုတ်ပြန်ခဲ့သော်လည်း ရည်ရွယ်ချက် မည်သို့ ရှိသည်ကို မပြောကြားခဲ့ပေ။
ယွန်နစ်သည် အတိုက်အခံဘက်သို့ မကူးပြောင်းမီ ကဒါဖီ အစိုးရတွင် ပြည်ထဲရေးဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၎င်း၏ ဘက်ကူးပြောင်းလာမှုသည် နိုင်ငံကို နှစ် ၄၀ ကျော်ကြာ အုပ်ချုပ်လာခဲ့သည့် ကဒါဖီ၏ အစိုးရကို ဖြုတ်ချရန် အတိုက်အခံတို့ အတွက် အခြေအနေ ကောင်းမွန်ကြောင်း အနောက်နိုင်ငံများကလည်း ယုံကြည်ထားခဲ့ကြသည်။ ကဒါဖီ၏ဘင်ဂါဇီရှိ ပြည်သူများကို ဗုံးကြဲမည့် အစီအစဉ်ကို လက်မခံနိုင်သောကြောင့် တော်လှန်ရေး သမားများနှင့် လက်တွဲခဲ့ခြင်း ဖြစ်သည်ဟု ယွန်းနစ်က စီအင်န်အင်န်သို့ ပြောကြားခဲ့ဖူးသည်။
တော်လှန်ရေးသမားများကို ဦးဆောင် ကွပ်ကဲနိုင်ခဲ့မှု အတွက် ချီးကျူးခံရသူ ဖြစ်သော်လည်း ကဒါဖီ အားကောင်းရာ နိုင်ငံအရှေ့ဖျားသို့ ထိုးစစ်ဆင်မှု အရှိန်တန့်နေခြင်းကြောင့် ဝေဖန်ခံခဲ့ရသည်။ ကဒါဖီ၏ လူဟောင်း
ဖြစ်သည့်အတွက် သစ္စာရှိမှုကို သံသယ ဖြစ်ခံခဲ့ရသည်။
ပြီးခဲ့သည့်အပတ်ကမှ လစ်ဗျားနိုင်ငံ၏ တရားဝင် အာဏာပိုင် အဖွဲ့အစည်း အဖြစ် နိုင်ငံတကာက အသိအမှတ်ပြု ခံခဲ့ရသော လစ်ဗျား တော်လှန်ရေးသမားများဖြင့် ဖွဲ့စည်းထားသော တော်လှန်ရေးကောင်စီ အပေါ် ယုံကြည်ရမှုမှာ မေးခွန်းထုတ်ဖွယ် ဖြစ်လာခဲ့သည်။ နိုင်ငံရေးနှင့် လူမျိုးရေး ကွဲပြားမှုများ ရှိနေသော ကောင်စီအား ငွေကြေးများ လွှဲပြောင်းပေးရန်နှင့် ထောက်ပံ့ပေးရေးကိုပါ မေးခွန်း ထုတ်ဖွယ် ဖြစ်လာခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ