Welcome to my blog :)

rss

Sunday, July 17, 2011

ဖျားခြင်း

ဖျားခြင်း

အသက် အရွယ် အလိုက်

မွေးကင်းစ အရွယ် ဖြစ်ပါက

(၁) ၆ နာရီထက် ကြာအောင် ဖျား လျှင် ပြင်းထန် ဆိုးဝါး သည်ဟု အမြဲ တမ်း စဉ်းစားပြီး ဆရာဝန် ခေါ်ပါ။ (သတိပြုရန် မွေးကင်းစ ကလေးများ သည် အကြောင်းအမျိုးမျိုးကြောင့် ဖျားတတ်သည်။ အားလုံးသော အကြောင်းရင်းများသည် ပြင်းထန် ဆိုးဝါးခြင်း မရှိပါ။ ထို့ကြောင့် သင်၏ ကလေးသည် အန်ခြင်း၊ ဝမ်းလျှော ခြင်းများ မရှိပါက ပါရာစီတမောလ် ဆေးရည် တစ်ခွက်စာလောက် စမ်း၍ တိုက်ကြည့်နိုင်သည်)

(၂) အန်ခြင်းနှင့် ဝမ်းလျှောခြင်း တွဲ ၍ ဖြစ်ပါက ဆရာဝန်ချက်ချင်းခေါ်ပါ။

ကလေးဖြစ်ပြီး အစားအသောက် ပျက်ပါက

(၁) အူအတက် ရောင်ခြင်း၏ ပထမဦး ဆုံးလက္ခဏာ ဖြစ်နိုင်သည်။ ဗိုက် အောင့်ခြင်း ရှိ၊ မရှိ သိရန် လိုသည်။ ဆရာဝန်ခေါ်ပါ။

(၂) ကူးစက်ရောဂါ တစ်ခုခု ဥပမာ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဆီး လမ်းကြောင်း၊ အစာအိမ်နှင့် အူလမ်း ကြောင်းတို့တွင် ကူးစက်ပိုးဝင်ရောက် ခြင်း တို့ဖြစ်နိုင်သည်။ ၂၄ နာရီ အတွင်း ပုံမှန် အခြေအနေ ပြန်မ ရောက်ပါက ဆရာဝန်ခေါ်ပါ။

(၃) နေပူမိပြီး အပူရှပ်ခြင်းဖြစ်နိုင် သည်၊ဆရာဝန် ထံမှအကြံဥာဏ် ရယူပါ။

လူကြီးဖြစ်ပါက

အဖြစ်များဆုံး အကြောင်းရင်းမှာ ဗိုင်းရပ်စ်ပိုး ဝင်ရောက်ခြင်း ဖြစ်သည်။

(၁) တုပ်ကွေး (flu) ဖြစ်နိုင်သည်။ မိမိဘာသာ အိမ်တွင် ကုသနိုင်သည်။

(၂) ဗက်တီးရီးယားပိုး ကူးစက်ဝင် ရောက်ခြင်း ဖြစ်နိုင်သည်။ ဥပမာ အစာအဆိပ် သင့်ခြင်း၊ လေပြွန်ရောင် ရမ်းခြင်း ဖြစ်နိုင်သည်။ ၄၈ နာရီ အတွင်း ပြန်ကောင်း မလာပါက ဆရာဝန် ခေါ်ပါ။

100°F (38°C) အထိ ဖျားပါက

ပုံမှန်ဖြစ်လေ့ရှိသော အကြောင်း ရင်းများထဲတွင် ပါဝင်နိုင်သည်။ ပါရာ စီတမောလ် ဆေးပြားတိုက်ပါ။ စောင့် ကြည့်ပါ။

102°F (39°C) အထိ ဖျားပါက

တစ်ခုခုမှား နေတာတော့ သေ ချာသည်။ သို့သော် သိပ်မပြင်းထန် နိုင်။ ဥပမာ-နှာစေး အအေးမိခြင်း၊ တုပ်ကွေးမိခြင်း၊ ပါရာစီတမောလ်ဆေး ပြား တိုက်ကြည့်ပါ။ ၂၄ နာရီအတွင်း ကောင်းမ လာပါက ဆရာဝန်ခေါ်ပါ။

104°F (40°C) အထိ ဖျားပါက

ပြင်းထန်သော ကူးစက် ရောဂါ ဖြစ်နိုင်သည်။ ဥပမာ ကျောက်ကပ် ပိုးဝင်ခြင်း၊ Salmonella ပိုးဝင်ခြင်း။ ဆရာဝန်ခေါ်ပါ။

104°F (40°C) နှင့် အထက်ဖျားပါက

အလွန်ပြင်းထန်သော ပြဿနာ ဖြစ်နိုင်သည်။ ဥပမာ-ငှက်ဖျား။ ဆရာဝန်ခေါ်ပါ သို့မဟုတ် အရေး ပေါ်ဌာနသို့ ပို့ပါ။

http://www.yoyarlay.com/health/health-news/therapies/9872-2011-07-1...

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ